"Seungkwanကျောင်းမလာတာနှစ်ရက်ရှိပြီ
အတန်းပြီးရင်ငါတို့သူ့ကိုသွားကြည့်ကြမလား" Jeonghan က စိုးရိမ်စွာပြောလိုက်တော့
ကျန်တဲ့နှစ်ယောက်ကလည်းခေါင်းငြိမ့်ပြီးသဘောတူကြလေသည်။"နေဉီး မသွားခင်သူ့ကိုမေးကြည့်ကြမလား"
Jihoonကပြောလိုက်တော့"ငါတို့သွားရင်မုန့်တွေဝယ်သွားကြမယ်လေ
မုန့်မြင်ရင်သူငါတို့ကိုစိတ်မဆိုးနိုင်ပါဘူး"
Dokyeomက အားတက်သရောပြောလိုက်သည်။တကယ့်လက်တွေ့မှာတော့ Seungkwan တစ်ယောက် bathroom ထဲကကိုမထွက်နိုင်ပေ။
သူအန်တာကလည်းမကြာခဏဆိုသလိုဖြစ်နေတော့ အိပ်ခန်းထဲကို မသွားနိုင်တော့။သူတွေးမိလိုက်သည်။ဒီလိုပုံစံနဲ့bathroomထဲမှာပဲညအိပ်ရတော့မှာ။သူအန်လို့ပြီးသွားတော့ counterပေါ်မှာတင်ထားတဲ့ ဆီးစစ်တံလေးကိုစိုက်ကြည့်လိုက်သည်။
သူအစာစားဖို့ကြိုးစားပေမယ့်စားပြီးတိုင်းပြန်အန်နေတော့မစားတော့ပေ။
ဒီနေ့အတွက်ကတော့မနေ့တုန်းကလောက်မဆိုးသေးဟုပြောလို့ရသည်။
မနေ့ကဒီ့ထက်ဆိုးတယ်။
အဲတာကြောင့်သူအိမ်မှာပဲအောင်းနေခြင်းဖြစ်သည်။"ငါdoctorဆီကိုဖုန်းဆက်ရင်ကောင်းမလား"
Seungkwanတွေးမိသည်။"တော်ပါပြီ ငါအဆင်ပြေတယ်" Seungkwan
ခေါင်းရမ်းရင်းကိုယ့်ဘာသာပြောလိုက်သည်။
ပြီးတာနဲ့ထပ်အန်ရရောပဲ။ထိုစဉ် Seungkwan သူငယ်ချင်းသုံးယောက်မှာတော့ အတန်းပြီးတာနဲ့ မုန့်တွေဝယ်ပြီး
Seungkwanအခန်းသို့လိုက်လာခဲ့ကြသည်။
အခန်းရှေ့ရောက်တော့တံခါးကိုခေါက်လိုက်သည်။Seungkwanစိတ်ရှုပ်ထွေးစွာနဲ့တံခါးကိုဖွင့်ပေးလိုက်သည်။
တံခါးပွင့်လာတော့မြင်လိုက်ရတဲ့မျက်နှာလေးကဖြူဖျော့နေတော့Jeonghanတစ်ယောက်စိတ်ပူစွာမေးမိသည်။"Seungkwan ဘာဖြစ်နေတာလဲ ဖြူဖျော့နေတာပဲ"
Seungkwanခေါင်းရမ်းပြီးပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ဒီလိုပါပဲ ကိုယ်လက်
မအီမသာဖြစ်ရုံပါ"Jeonghanနဲ့Dokyeomက သူကို ဆိုဖာပေါ်သို့
အမြန်သွားထိုင်စေရန်ကူညီပေးကြသည်။
Jihoonကတော့ရေစိုဝတ်လုပ်ဖို့bathroomထဲသို့သွားလိုက်သည်။
Jihoon counterပေါ်က ဆီးစစ်တံလေးကိုတွေ့တော့ နည်းနည်းအံ့ဩမိပြီး အန်ထားတဲ့အကြွင်းအကျန်တွေကိုလည်းတွေ့လိုက်ရသည်။

YOU ARE READING
Baby
FanfictionSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့