Seungkwanနိုးလာတော့ သူနွေးထွေးတဲ့အိပ်ရာပေါ်ရောက်နေမှန်းသိလိုက်ရသည်။
သူဘယ်လိုရောက်နေမှန်းမသိဘူး။
မတ်တပ်ရပ်ဖို့ကြိုးစားလိုက်ပေမယ့် ခြေထောက်တွေကအားနည်းနေလို့မရပ်နိုင်ဘူးဖြစ်နေတယ်။Hansolအခန်းထဲကနေအသံကြားမိလို့ပြေးဝင်လာခဲ့သည်။
သူတွေ့လိုက်ရတာက Seungkwan ကို ကြမ်းပြင်ပေါ်မှာပုံရက်လေးလဲနေတာကိုပဲ။
သူပြေးသွားလိုက်ပြီး ပွေ့ကာကုတင်ပေါ်ပြန်တင်ပေးလိုက်သည်။
Seungkwanကတော့သူ့ကိုမြင်လိုက်ရတာကိုလန့်သွားတဲ့ပုံပဲ။"မင်း ကိုယ့်ရဲ့တိုက်ခန်းကိုရောက်နေတာ။ မင်းက ကားပေါ်မှာအိပ်ပျော်သွားတော့ အိမ်က ဘယ်မှာလဲဆိုတာကို မမေးလိုက်ရဘူးလေ။ အဲတာနဲ့ကိုယ့်အိမ်ကိုခေါ်လာခဲ့တာ"
"oh..ကျွန်တော်တောင်းပန်ပါတယ် " Seungkwanပြောရင်းနဲ့မတ်တပ်ရပ်ဖို့ကြိုးစားပြန်သည်။
ဒါပေမယ့်ပြန်လဲကျသည်။
Hansolကသူ့ကိုလှမ်းပွေ့လိုက်တာမို့ဘာမှတော့ဖြစ်မသွား။"မထနဲ့လေ ငါမင်းအတွက်စားဖို့ အစားအစာလုပ်ပေးထားတယ်"
Seungkwanပျို့တက်လာတာကိုမြင်တော့
"ကြမ်းပြင်ပေါ်မှာမအန်နဲ့ဉီး...ထိန်းထား"
Seungkwanကတော့ အစားအစာဆိုတဲ့အသံကိုကြားတာနဲ့ အန်ချင်စိတ်ကထိန်းမရ။
စားဖို့ဆိုဝေးလို့။Hansolက ထွေးခံတစ်ခုနဲ့ပြန်ရောက်လာပြီး
Seungkwanထိုဟာထဲကိုပဲအန်ချလိုက်သည်။
Hansolကတော့အိပ်ရာဘေးမှာထိုင်ပြီး သူအန်နေတဲ့တစ်လျှောက်လုံးကျောကိုပွတ်ပေးနေသည်။"ဘာလို့ကျွန်တော့အပေါ်ကောင်းပေးနေတာလဲ" Seungkwanအအန်ရပ်တော့မေးလိုက်သည်။
"အင်း...အဲတာက ငါ့ရဲ့ပုံစံပဲဖြစ်မယ်" Hansol
ပြုံးပြီးပြောလိုက်သည်။"ဒါနဲ့ မင်း ဆရာဝန်ရောပြပြီးပြီလား။ အစာအိမ်ကတော်တော် အခြေအနေဆိုးတယ်ထင်တယ်"Hansolပြောလိုက်တော့ Seungkwan ငိုချင်လာသည်။
သူ့ကလေးလေးက အစာအိမ်ပြဿနာတဲ့လား။
"Seungkwan အဆင်ပြေရဲ့လား" သူ့ရဲ့မျက်လုံးတွေမျက်ရည်ဝဲလာတာကိုမြင်တော့
စီနီယာကမေးသည်။
YOU ARE READING
Baby
FanfictionSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့