"ဟာ ငါသေးပေါက်ချင်နေပြီ..... " ကောင်လေးတစ်ယောက် သန့်စင်ခန်းထဲသို့မြန်မြန်ပြေးဝင်သွားသည်။
နောက်ကလိုက်လာတဲ့တစ်ယောက်ကတော့မြန်မြန်ပြေးဝင်သွားသူကိုကြည့်ရင်းရယ်နေလေ၏။"ဟင်....ဒါကဘာလေးလဲ" Jiwon ကြမ်းပြင်ပေါ်မှာကျနေတာလေးကို ကောက်ကြည့်လိုက်သည်။
"ultrasound ပုံလေးပဲ " သူ့နောက်က Junyoung ကပြောသည်။
"အေးကွ Boo Seungkwanတဲ့ သူကယောကျာ်းလေးမဟုတ်လား"
"ဟုတ်သားပဲ male pregnantလား ငါတစ်ခါမှမတွေ့ဖူးဘူး။ ဟေ့ကောင် လာ ငါတို့သူ့ကိုသွားမေးကြမယ်"
သူတို့နှစ်ယောက်သန့်စင်ခန်းကထွက်ပြီး ဒုတိယနှစ်တွေရဲ့အဆောင်ကိုလာခဲ့ကြသည်။
ဟိုရောက်တော့ Seungkwanကို သူ့သူငယ်ချင်းတွေနဲ့တွေ့လိုက်ရ၏။"ဟေ့ကောင် Seungkwan ဒါမင်းဟာမဟုတ်လား။ မင်း ဗိုက်ကြီးနေတာလား...."
သူတို့အော်ကြီးဟစ်ကျယ်ဖြင့်ပြောတော့ လူတွေက Seungkwan ကို ကြည့်လာကြ၏။
Seungkwan ကြောင်အနေမိတုန်း Hansol ရောက်လာလေသည်။
"ဟေ့ကောင်Jiwonမင်းတို့ ပြဿနာမရှာနဲ့
ကိုယ့်လမ်းကိုယ်သွားကြ""ဘာပြဿနာမှမရှာပါဘူးဗျာ စီနီယာကလည်း ။ ကျွန်တော်တို့ကသိချင်လို့ကို။ဒါလေးမေးတာကို"
"မင်းတို့ကိုသွားတော့လို့ငါပြောနေတယ်လေ"
"ဘာလို့အတင်းနှင်ထုတ်နေတာလဲ။ သူဗိုက်ကြီးနေတာဟုတ်နေတာပဲကို။ ငြင်းလို့မရဘူးနော် ။ ဓာတ်ပုံမှာနာမည်ပါနေပြီးသား။ စီနီယာက အတင်းနှင်နေတာဆိုတော့ ကလေးအဖေက စီနီယာများလား...."
"မင်း.....ဟုတ်တယ်ဆိုတော့ရော ဘာဖြစ်သလဲ...ငါ...."
Hansolပြောရင်း ကောင်လေးကိုကြည့်မိတော့
ကလေးက ငိုတောင်ငိုနေပြီ။
သူဆက်ပြောမလို့လုပ်တာကိုကောင်လေးက
သူ့ရဲ့လက်ကိုလာဆွဲကာပြောသည်။"စီနီယာ တော်ပါတော့ ကျွန်တော်အိမ်ပြန်ချင်တယ်...."
"အေးပါ....ကိုယ်လိုက်ပို့မယ် ဟုတ်ပြီလား"
Hansolပြောပြီးကောင်လေးလက်ကိုဆွဲကာ ထွက်ခဲ့လိုက်သည်။
လူတွေကတော့သူတို့ကိုကြည့်ကာ တီးတိုး
တီးတိုးနဲ့။
ပြောချင်ရာပြောကြစမ်းပါစေ။ မှုကိုမှုမနေဘူး။

YOU ARE READING
Baby
FanfictionSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့