(Part 2)

290 47 3
                                    


Seungkwan တစ်ယောက် သေသေချာချာ
စဉ်းစားကြည့်မိသည်။
သေချာတယ် ကလေးက သူလွန်ခဲ့တဲ့တစ်လက အိပ်မိတဲ့လူရဲ့ ကလေး။

သူအခုရူးတော့မလိုပဲ။
လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီးတော့ မနက်ခင်းတိုင်း ပျို့အန်နေတာ သူသတိမထားမိ။
အခုမှတွေးမိပြီးရူးချင်နေသည်။
သူဘာလုပ်ရမယ်ဆိုတာမသိတော့ဘူး။

"ငါ Jeonghan ကိုပြောသင့်လား
မဖြစ်ပါဘူး...တော်ပြီ
တခြားကောင်တွေလည်းမပြောတော့ပါဘူး
ငါ့ကို ဟာသလုပ်ရင်ဘယ်လိုလုပ်မလဲ
ချီးပဲဟေ့...." Seungkwan သူ့ခြေထောက်ကို
ရင်ဘတ်ဆီဆွဲယူပြီးကျုံ့ကျုံ့လေးထိုင်လိုက်သည်။

သူဆီးစစ်တံကိုကြည့်ပြီးကတည်းက မလှုပ်ပဲထိုင်နေတာ။
Seungkwan ဒါကြီးကိုကြည့်ပြီးမဟုတ်ပါစေနဲ့လို့ မျှော်လင့်မိသည်။
မတိကျတာတွေလည်းရှိနေနိုင်တာပဲလေ။
မမှားဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။
သူတစ်ခုခုအစားမှားလို့ အဲလိုတွေပြနေတာလည်းဖြစ်နိုင်တာပဲဟာ။

Seungkwan သက်ပြင်းအကျယ်ကြီးချလိုက်ပြီး ကြမ်းပြင်ပေါ်ကနေထလိုက်သည်။
သူဆရာဝန်နဲ့ပြကြည့်ပြီးစစ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
သူဒါကြီးကအမှန်ဟုတ်မဟုတ်ဆိုတာကိုသိရမှဖြစ်မယ်။

ဒီနေ့ကသိပ်တော့နောက်မကျသေးဘူးဆိုတော့ Seungkwan ဆေးခန်းတစ်ခုကိုဖုန်းဆက်ပြီး appointment ယူလိုက်သည်။
သူဒီလိုတွေဖြစ်လာတာယုံကိုမယုံနိုင်ဘူး။

"ဒီလောက်လူတွေအများကြီးထဲမှာမှကွာ
ဘာလို့ငါ့ကိုမှလဲ?
အဲဒီလူနဲ့မှလဲ?" Seungkwan ကျယ်ကျယ်လောင်လောင်ရေရွတ်လိုက်သည်။

"Hansol Vernon Chwe" က သူတို့ရဲ့ universityမှာ senior ပဲ ။
မကြာခင်ဘွဲ့ရတော့မှာ။ Seungkwan ကတော့ဒုတိယနှစ်ကျောင်းသားလေးပေါ့။

Chwe Hansol က လူတိုင်းအားကျရတဲ့မင်းသားလေး။
korea american ကပြားဖြစ်ပြီး ရုပ်ချောသည်။
အိမ်ကလည်းအရမ်းချမ်းသာပြီး ဘာမဆို
လိုတရနေသည်။
Seungkwanလား?
သူကတော့ ဒီအတိုင်းသာမန်ကျောင်းသား
လေးတစ်ယောက်ပါပဲ။
ရုပ်လည်းမချောသလို အိမ်ကလည်းသူ့ကိုဆို
ရှိနေတယ်လို့တောင်မထင်ပါ။
သာမန်လူတန်းစားလေးတစ်ယောက်ပေါ့။

BabyWhere stories live. Discover now