Seungkwanသူ့ရဲ့ကုတင်ပေါ်မှာပဲနိုးလာခဲ့သည်။
ဘာတွေဖြစ်သွားတာပါလိမ့်။
အပြင်ကနေအသံတွေကိုလည်းကြားနေရသည်။သူမှတ်မိတာကတော့ သူတံခါးသွားဖွင့်ပေးတာကိုပဲ။
ပြီးတော့ကုတင်ပေါ်ပြန်ရောက်နေတယ်။
သူထထိုင်လိုက်ပြီးတော့ဘေးပတ်လည်ကိုလိုက်ကြည့်မိသည်။
သူ့အခန်းကခါတိုင်းထက်ပိုပြီးသန့်ရှင်းနေသလိုပဲ။Seungkwan အခန်းထဲကနေထွက်လာခဲ့လိုက်တော့ သူ့သူငယ်ချင်းသုံးယောက်ကိုတွေ့လိုက်ရသည်။
Dokyeomက ချက်ပြုတ်နေပြီး Jihoonက အဝတ်တွေကိုခေါက်ပေးနေသည်။
Jeonghanကတော့ အိမ်ကိုသန့်ရှင်းရေးလုပ်ပေးနေသည်။"ah Kwan na နိုးလာပြီလား ဘယ်လိုနေသေးလဲ"
Jeonghanကအပြုံးလေးနှင့်မေးလာတော့
Seungkwanခေါင်းငြိမ့်ပြလိုက်သည်။သူဆိုဖာပေါ်ကိုထိုင်လိုက်ပြီးမှ ရုတ်တရက်
ဆီးစစ်တံကိုသတိရမိသည်။
counterပေါ်မှာတင်ထားခဲ့တာ။
ဘယ်လိုလုပ်ရပါ့။
သူတို့မမြင်လောက်ပါဘူးနော်။ွသံုးယောက်ကိုအကဲခတ်လိုက်တော့ သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားမိသည်။
"ဟေ့ Seungkwan မင်းဖုန်းက မင်းအိပ်နေတုန်းက မြည်လာသေးတယ် ရော့ ဒီမှာ"
Dokyeomကပြောရင်းဆိုရင်းနဲ့ဖုန်းကိုပေးလာသည်။"ကျေးဇူးပဲ ဒါနဲ့မင်းတို့ bathroomဝင်သေးလား"
Seungkwanမေးလိုက်တော့ သုံးယောက်သားအကြည့်တွေကိုရှောင်ကြသည်။"မ....မဝင်ပါဘူး....မင်းကလည်း"Jihoon က
အထစ်ထစ်အငေါ့ငေါ့ပြောသည်။"မင်းဘာမြင်ခဲ့လည်း......"
"အန်ထားတဲ့ဟာတွေ..."
Jihoonအဖြေက ကျန်တဲ့နှစ်ယောက်ကိုပါကယ်ပေးလိုက်သည်။Seungkwan အခုမှသက်ပြင်းချနိုင်သည်။
သူတစ်နေရာရာမှာထားလိုက်မိတာနေ
မှာပါ။
ဘယ်နေရာပါလိမ့်။
အာ....မသိတော့ဘူး....နောက်မှစဉ်းစားတာပေါ့။Seungkwan ဖုန်းကိုဖွင့်လိုက်တော့ instagram
က noti ကိုမြင်လိုက်ရသည်။
Vernonline ဆီကနေပဲ။Seungkwanသူ့မျက်လုံးသူမယုံနိုင်လို့ ထပ်ကြည့်မိသည်။
တကယ်ကြီးဟ...

YOU ARE READING
Baby
FanficSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့