(Part 10 Final)

339 32 9
                                    


ဒီလိုနဲ့ Seungkwan နဲ့ Hansol လက်ထပ်ခဲ့ကြပါသည်။
လက်ထပ်ပွဲကိုတော့ Seungkwanရဲ့ဆန္ဒအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ Hansolတို့ခြံထဲမှာပဲ ခင်မင်တဲ့သူတွေလောက်သာဖိတ်ပြီး ကျင်းပခဲ့ကြသည်။

ကလေးကြောင့်မို့ Seungkwan honey moon လည်းသွားမနေတော့ပါ။
သူတို့နှစ်ယောက်လည်း Hansolရဲ့အိမ်မှာပဲပြောင်းနေဖြစ်ကြသည်။

"baby မအိပ်သေးဘူးလား ဘာလုပ်နေတာလဲ"
ပြတင်းပေါက်ဘေးမှာရပ်ပြီး အတွေးလွန်နေတဲ့သူ့ကို Hansolမေးလိုက်သည်။

"မဟုတ်ပါဘူး ကိုကို့ကို သနားနေတာ ကျွန်တော့ကို အမြဲလိုက်ပြီးစိတ်ပူနေရလို့ ။ အနားယူရတယ်ကိုမရှိဘူး"

"မဟုတ်တာတွေကို တွေးနေပြန်ပါပြီ။ အဲတာတွေကမင်းကိုချစ်လို့လေ။ သနားတယ်ဆိုရင် ကိုယ့်ကို အာဘွားပေးလေ"

Seungkwan ကိုကို့နှုတ်ခမ်းကိုတစ်ချက်လှမ်းနမ်းလိုက်ပြီး ပြောလိုက်သည်။

"ကိုကို "

"ဗျာ"

"အာဘွားထက်ပိုတာလေးတွေ မရချင်ဘူးလား"

"ဘာကို....မဟုတ်တာ မင်းမှာ....ကလေးနဲ့လေ
ကိုယ်ကရပါတယ် မင်းစိတ်ထဲမထားနဲ့နော်"

"တကယ်တော့လေ ကျွန်တော် ရှာဖတ်ကြည့်ထားတာ ကလေးနုစဉ်မှာ အဲလိုလုပ်လည်းရတယ်တဲ့။ သတိတော့ထားရမှာပေါ့ ။ ဘယ်လိုလဲ စိတ်ဝင်စားလား"

"အာ........မင်းကရော ဘယ်လိုလဲ"

"တော်ပြီ နေတော့ ဒီကသူ့ကိုသနားလို့ ရှက်ရှက်နဲ့ပြောရတာကို ။ သူကတော့စိတ်မပါနေဘူး။ တော်ပြီ...."

Seungkwan စိတ်ပေါက်ပေါက်နဲ့ပြောလိုက်သည်။
ဟုတ်တယ်လေ အရမ်းကို လူကြီးလူကောင်းဆန်ပြနေတယ်။
သူလည်း လရင့်လာလို့လား မသိပါဘူး။
Hansolရဲ့အထိအတွေ့တွေကို လိုချင်လာသည်။
အဲတာကြောင့်ပြောခဲ့တာကို သူကတော့.......။

"baby အဆင်ပြေတယ်ဆိုရင် ကိုယ်ကတော့
ပျော်တာပေါ့။ ပြောပြီးသားပြန်မရုတ်သိမ်းရဘူးလေ"

Hansolကပြောပြောဆိုဆိုနဲ့ Seungkwanကို
သူ့ဆီဆွဲခေါ်ပြီး အနမ်းကြမ်းတွေကိုဖန်တီးလာသည်။

You've reached the end of published parts.

⏰ Last updated: Oct 20, 2024 ⏰

Add this story to your Library to get notified about new parts!

BabyWhere stories live. Discover now