အဲဒီနေ့ပြီးတော့ Seungkwan အိမ်ကိုပြန်လာခဲ့လိုက်သည်။
Hansolကတော့မပြန်စေချင်ပေမယ့်ပေါ့။Seungkwanလည်းမပြန်ချင်ပါဘူး။
ဒါပေမယ့်သူ့ရဲ့ကျောင်းကိစ္စတွေကရှိသေးတယ်လေ။Seungkwan ဆိုဖာပေါ်ကိုထိုင်ပြီးတွေးနေသည်။
သူdoctorဆီကိုဖုန်းဆက်သင့်လား။
သက်ပြင်းချလိုက်ပြီးဖုန်းကိုထုတ်ကာနံပါတ်တစ်ခုကိုခေါ်လိုက်သည်။"hello Jina ပြောနေပါတယ် ဘာများကူညီပေးရမလဲရှင်"
"hello ကျွန်တော် Seungkwanပါ doctor Choi
နဲ့စကားပြောလို့ရမလားဗျ""သိပါပြီ တစ်ခုခုများဖြစ်လို့လားရှင့်"
"အဲလိုတော့မဟုတ်ပါဘူး။ ကျွန်တော်နည်းနည်းကြောက်နေတာ။ အများကြီးလည်းအန်ပြီး အခုဆိုကျောင်းပျက်တာ သုံးရက်ရှိပြီ"
"oh ဟုတ်လား။ ခဏနော် doctorအားလောက်မှာပါ"
"ကျေးဇူးတင်ပါတယ်"
"ရပြီ ဖုန်းလွှဲပေးလိုက်ပြီနော်"
"ah hello Seungkwan shi ဘာပြဿနာများရှိလို့ပါလဲ"
"hello doctor ကျွန်တော်အများကြီးအန်လို့ ကျောင်းမလိုက်နိုင်တာ သုံးရက်ရှိပြီ။
အစားအစာဆိုတဲ့အသံကြားတာနဲ့ကို အန်ချင်လာတာ။
ကျွန်တော်ဘာမှကိုစားလို့မရဘူး""သိပါပြီ ။ ဆေးခန်းလာဖို့အချိန်ရောရှိရဲ့လား
ကျွန်တော် ultrasound ရိုက်ကြည့်ပြီးတော့
လုပ်စရာရှိတာလေးတွေလုပ်ရအောင်လို့ပါ""ဟုတ်ကဲ့ပါ ကျွန်တော်အားပါတယ်။ မကြာခင် လာခဲ့ပါ့မယ်"
"အင်း မကြာခင်တွေ့ကြမယ်"
ဖုန်းပြောပြီးတော့ သူ သက်ပြင်းချလိုက်မိသည်။
သူ Hansol ကိုပြောသင့်လား ဆေးခန်းသွား
မယ့်အကြောင်းလေ။သူHansolကို ဖိအားတွေမပေးချင်ဘူး။
ဒါပေမယ့် Hansol ကတော့ ကလေးအကြောင်းကို သူလည်းသိချင်တယ်လို့ပြောတာပဲ။
Seungkwan Hansolဆီကို message ပို့လိုက်သည်။🍊"ဟေး ကျွန်တော် ဆေးခန်းကိုသွားမလို့ "
🐢"oh ကိုယ်လာခဲ့ရမလား? မင်းအတွက်လာခဲ့မယ်လေ"

YOU ARE READING
Baby
FanfictionSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့