Ch 19 (zaw)

1.1K 3 0
                                    

ဒုတိယအကြိမ်တိုက်ခိုက်သောထောင်ချောက်ထဲကျသွားခြင်း၊ အကူညီမဲ့စွာဖြင့် အဖုတ်နေရာတွင်ပုလဲလုံးများသီထားသောအတွင်းခံအားဝတ်ဆင်ခြင်း

နောက်ရက်များတွင် ကျီယန်ရှုသည် ကူစီနှင့် သိုသိုသိပ်သိပ်ဆက်သွယ်နေခဲ့သည်။ သေချာသလောက်တော့ တုန်းယွင်လုံ ပြည်နယ်ကိုဖြတ်ကာအလုပ်သွားလုပ်နေစဉ်အတွင်း ကူစီသည် သူနဲ့အတူ ဌားထားသော အိမ်၏ သူ့အခန်းကျဉ်းလေးထဲ ပုန်းနေနိုင်သည်။

ကူစီသည်ဆွေးမြေ့ပြီးသံချေးတက်နေသောဂိတ်တံခါးအား စိတ်ပျက်နေသောမျက်နှာထားဖြင့်ကြည့်ကာ “ အဲ့တာဘာလဲ။ လူတွေကဒီလိုပျက်စီးနေတဲ့နေရာမှာ နေနိုင်တာလား။ ဒီနေရာမှာနေပြီး ရှင်သန်ရမယ်ဆိုရင်တော့ ငါပြန်တာမှကောင်းဦးမယ်”

ကူစီထိုသို့ပြောပြီးနောက် သူသည် မကောင်းသည့်ပုံဖြစ်သွားသည်။ ထို့နောက် ကျီယန်ရှုအား အပြစ်ရှိသလိုစိတ်ဖြင့်ကြည့်လိုက်သည်။ ကျီယန်ရှုသည် သူ၏ပြင်းထန်သောအမူအရာကို ဂရုမစိုက်သည့်ပုံစံကြောင့် စိတ်သက်သာရာရသွားသည်။

“ ငါ့မှာအဝတ်စားမရှိဘူး” ကူစီသည် ကျီယန်
ရှု၏အခန်းထဲသူ့ဟာသူဝင်သွားပြီး ကျီယန်ရှုအားအခန်းပိုင်ရှင်လိုကြည့်လိုက်သည်။

“ ငါ့အဝတ်စားတွေတော့ဒီမှာရှိတယ်။ မင်း……..” ကူစီသည် သူ၏စကားအားမနှောင့်ယှက်ခင် ကျီယန်ရှုသည် ကုတင်သို့လမ်းလျှောက်သွားပြီး ကုတင်အောက်ရှိ သေတ္တာအားဆွဲထုတ်လိုက်သည်။

“ ငါအဲ့အဝတ်စားတွေမဝတ်ဘူးနော်။ အဲ့တာတွေက အနံ့သက်မကောင်းဘူး” ကူစီသည် သေတ္တာထဲရှိ အဝတ်အစားများအားတစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် တစ်ခုခုထူးထူးဆန်းဆန်းစွန်းထင်သွားသလို ကြောက်ရွံသောမျက်နှာထားနှင့် ကုတင်တစ်ဖက်တွင်ပုန်းနေသည်။

“ ငါ့အတွက်မြန်မြန်အဝတ်စားဝယ်ပေးစမ်းပါ။ ငါဒီစုတ်ပြတ်နေတာတွေ မဝတ်နိုင်ဘူး” ကျီယန်ရှု၏မျက်လုံးများသည် အနည်းငယ်ရွေ့လျားသွားပြီး ကူစီ့အား တည်တံ့နေသောမျက်နှာဖြင့်ပြောလိုက်သည်။ “ ဟုတ်ပြီ။ ငါအခုပဲ အပြင်ထွက်ပြီးသွားဝယ်ပေးမယ်။ လျှောက်ပြေးမနေနဲ့နော်။ မဟုတ်လို့ မင်းဦးလေးရှာတွေ့သွားရင် ဆိုးကုန်လိမ့်မယ်”

ဗီလိန်အလှလေးက အဖာခ့်ခံလိုက်ရတယ်! (ဘာသာပြန်)Where stories live. Discover now