Ch24 (u+z)

1.8K 42 0
                                    

UNICODE

ကူစီသည် ဖေးရှစ်ယွီနှင့်ဖေးချီကျွင်းတို့သည် သူ့စကားကိုနောက်ပိုင်းတွင်ပိုနားထောင်လာသည်ကိုသတိထားမိလာသည်။ ထို့ကြောင့် ဟိုနေ့က စကားများသည့်ကိစ္စသည် သူ၏အထင်မှားမှုသက်သက်လားဟုပင်မှတ်ရသည်။ ထိုအကြောင်းကြောင့် သူသည် ရက်အနည်းငယ်လောက် သက်တောင့်သက်သာ အေးအေးဆေးဆေးဖြစ်နေခဲ့သည်။

“ မင်းတို့မှာမျက်လုံးပါလား။ ငါ့ခေါင်းလျှော်ရည်

ကုန်သွားပြီ။ အပြင်ထွက်ပြီးဝယ်လာခဲ့ကြ” ကူစီသည် မနက်စာစားပြီးနောက် သူ့ဘေးတွင်ရပ်နေသော ဖေးရှစ်ယွီအား မကျေနပ်စွာပြောလိုက်သည်။

“ သခင်လေး ဒီရက်ပိုင်းအပြင်မှာနည်းနည်းရှုပ်ထွေးနေတယ်။ ကျွန်တော်တို့………” ဖေးရှစ်ယွီသည် တုန့်ဆိုင်းစွာပြောလိုက်သည်။

“ ဘယ်လောက်ရှုပ်ထွေးမှာမို့လို့လဲ။ ငါ့ကိုအကြောင်းပြချက်တွေမပေးနဲ့” ကူစီသည် ဖေးရှစ်ယွီပြောနေရာမှဖြတ်ပြောလိုက်သည်။ “ မင်းငါ့ကိုဒီလိုလိမ်ညာနေဖို့ မင်းကိုငါမိဘမဲ့ဂေဟာကခေါ်ထုတ်လာတာမဟုတ်ဘူးနော်”

“ စိတ်မပူပါနဲ့ သခင်လေး ကျွန်တော်တို့အခုချက်ချင်းဝယ်လာခဲ့ပါ့မယ်” ဖေးချီကျွင်းသည် ဖေးရှစ်ယွီပြောသည်ကိုပင်မစောင့်ဘဲ စိတ်အားထက်သန်စွာ သဘောတူလိုက်သည်။

 “ သခင်လေး အိမ်မှာဂရုစိုက်ပြီးနေပါ။ အပြင်မထွက်ပါနဲ့။ အပြင်မှာ နည်းနည်းရှုပ်ထွေးနေတယ်” ဖေးရှစ်ယွီသည် အပြင်ထွက်ရမည်ကိုအနည်းငယ်စိတ်ပူနေပြီး ကူစီ့အားကြည့်လိုက်သည်။ ကူစီသည် မနက်ကသူပြန်ပြောသည့် ကိစ္စကြောင့် မကျေနပ်နေပုံပေါ်သည်။ သူ့ကို လှည့်တောင်မကြည့်ဘဲ လှည့်ကာအိပ်ခန်းထဲသို့ဝင်သွားသည်။

သူတို့နှစ်ဦးထွက်သွားပြီးမကြာခင် ကူစီသည် အပြင်ဘက်မှ ယောက်ယက်ခတ်နေသောအသံများအားကြားလိုက်ရသည်။

 “ ဒီအိမ်ကအကြီးကြီးပဲ။ အိမ်ထဲမှာ အစားအစာတွေအများကြီးရှိလောက်တယ်” ကောင်လေး၏အသံသည် နူးညံ့နေသည်။

 “ သူဌေး ဒီအိမ်ထဲမှာ အစားအစာတွေအများကြီးရှိလောက်တယ် မြန်မြန်ဝင်ရအောင်” ထိုကောင်လေး၏နောက်မှ အသံဩဩတစ်သံထပ်ပေါ်လာခဲ့သည်။

ဗီလိန်အလှလေးက အဖာခ့်ခံလိုက်ရတယ်! (ဘာသာပြန်)Where stories live. Discover now