Ch23 World3 (U+Z)

3.3K 73 2
                                    

UNICODE

“ မင်းတို့အမှိုက်နှစ်ကောင် ငါဒီဟာတွေကိုထပ်မစားချင်တော့ဘူးလို့ပြောထားတယ်လေ” ကူစီသာ် ခုံပေါ်ရှိမြူစွမ်ခွက်အား ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီးနောက် သူ့ဘေးတွင်ရပ်နေသောလူနှစ်ယောက်အားကြည့်လိုက်သည်။

“ သခင်လေး အပြင်ဘက်စျေးကပစ္စည်းတွေအကုန်လုံးလုယူခံလိုက်ရပါတယ်” ဖေးရှစ်ယွီသည် နွေးထွေးသောအသံဖြင့်ရှင်းပြသည်။ တစ်ချိန်တည်းမှာပင် ကူစီပစ်ချလိုက်သောခွက်အား အဝေးသို့ပို့လိုက်သည်။

ကူစီသည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ သူပစ်ချလိုက်သောခွက်အားသိမ်းနေသည့် ဖေးရှစ်ယွီအားကြည့်လိုက်သည်။ ထို့နောက် သူ့အားကျယ်လောင်စွာငြင်းဆိုလိုက်ပြီး ဒေါသတကြီးကန်လိုက်သည်။ “ မင်းတို့အသုံးမကျတဲ့နှစ်ကောင် ငါ့အဖေငါ့ကိုလာကြည့်ရင် မင်းတို့နှစ်ကောင်လုံး ဒီကထွက်သွားရမယ်မှတ်”

ကူစီ၏ကန်ချက်နှင့်ရိုက်ချက်များအားအသာတကြည်လက်ခံနေသော ဖေးရှစ်ယွီသည် ကူစီ၏ သူ့ကိုနှင်ထုတ်မည်ဟူသော စကားများကိုကြားပြီးနောက် အရိုးများနှင့်ထင်းနေကာ ပန်းရောင်သန်းနေသော ကူစီ၏ခြေချင်းဝတ်အားဆိတ်ရန် သန့်ရှင်းနေသောလက်အားဆန့်လိုက်သည်။

ဖေးရှစ်ယွီသူ့အားခုခံရဲသည်ကိုမြင်သောအခါ ကူစီသည်ပိုဒေါသထွက်လာသည်။ သူသည်လက်မြှောက်လိုက်ပြီး ဖေရှစ်ယွီ၏ပါးအား အားနှင့်ရိုက်ချလိုက်သည်။ “ မင်းဘာဖြစ်ချင်တာလဲ။ ငါမင်းကိုပြောမယ် မင်းငါ့ကိုဒီလိုရဲတင်းတဲ့အပြုအမူမျိုးလုပ်ရဲရင် မင်းငါ့အဖေလက်ကလွတ်မှာမဟုတ်ဘူး”

“ သူမလာနိုင်ဘူး” ဖေးရှစ်ယွီသည် ကူစီ၏နှင်းဆီရောင်ပါးပြင်အားကြည့်ကာ ဝမ်းနည်းသည့်ပုံစံဖြင့်ပြောလိုက်သည်။

ဖေးရှစ်ယွီ၏ မျက်လုံးများကိုမြင်သောအခါ ကူစီ၏စိတ်ထဲတွင်အနည်းငယ်တုန်လှုပ်သွားသည်။ သို့သော် ထို့နောက်တွင် သူ့စိတ်ထဲရှိဒေါသများသည် တလိမ့်လိမ့်ပိုတက်လာသည်။ “ မင်းငါ့အဖေကိုတောင် ကျိန်ရဲတယ်ပေါ့လေ။ ထွက်သွားစမ်း ငါ့မိသားစုကကျွေးမွေးထားရတဲ့ဝံပုလွေလိုကောင်ကများ” ကူစီသည် သူ့ရှေ့တွင်လှုပ်ရှားမှုမရှိဘဲထိုင်နေသော ဖေးရှစ်ယွီအားကြည့်လိုက်သည်။  ထို့နောက် မတ်တပ်ရပ်

ဗီလိန်အလှလေးက အဖာခ့်ခံလိုက်ရတယ်! (ဘာသာပြန်)Donde viven las historias. Descúbrelo ahora