Anna ရဲ့ အကြောင်းပြီးခဲ့တဲ့တစ်ပတ်မှ စပြီးသူမ မနက်ခင်းပိုင်းတွင် ခဏခဏမူးဝေနေခဲ့သည်။ မနက်ခင်းတိုင်းသူမလေ့ကျင့်ခန်းပြုလုပ်လေ့ရှိသည် ။ ခုလည်းသူမ လေ့ကျင့်ခန်းလုပ်နေရင်းခေါင်းမူးလာတော့ ရေအမြန်ချိုးဖို့တွက် ရေချိုးခန်းဆီ ပြေးဝင်သွားခဲ့သည်။ ငါဘာလို့ ဒီလိုခဏခဏမူးနရေတာလဲ တစ်ပတ်ကျော်တောင်ရှိပြီ ဘာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ပြကြည့်ရမယ်။
"အီသန်ဟာ အလုပ်ကိစွနှင့်ခရီးထွက်သွားသောကြောင့် ငြီးငွေ့စရာကောင်းလောက်အောင် သူမတစ်ယောက်ထဲရှိနေခဲ့သည်။ "ငါသူ့ကို ဖုန်းခေါ်သင့်လား။
"Hello အီသန် !"ကျွန်မပြောစရာရှိတယ်။
"အန်းန ငါအလုပ်ရူပ်နေလို့ နောက်မှဖုန်းပြန်ဆက်လိုက်မယ်"လို့ပြောပြီး ဖုန်းချလိုက်သည်။
အင်း ...ချိုသောအစားအစာများကို သူမမုန်းတီးပြီး ခုဘာကြောင့်အချိုအရမ်းစားချင်နေရတာလဲ။
ငါကိုယ်ဝန်ရှိတောများလား?
မဖြစ်နိုင်ဘူး ကိုယ်ဝန်ရှိနေတာတော့ ငါမိခင်တစ်ယောက်ဖြစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။အန်းနတွေးလိုက်သည်။
သူမအသက် 21နှစ်ရှိပြီ။ မိခင်ဖြစ်ဖို့တွက် သင့်တော်တဲ့အချိန်ပဲ အန်းန ဆယ်ကျော်သက် မိခင်တော်တော်များများက သူတို့ကလေးလေးတွေထိန်းရင်းမိခင်ကောင်းဖြစ်လာမှာသေချာတယ်။ မဟုတ်ဘူး ငါဘာကြောင့် ကိုယ်ဝန်ရှိနေတယ် တွေးနေရတာလဲ ။သေချာတာကတော့ ဒါအစာအိမ်ရောဂါ သက်သက်ပဲဖစ်ရမယ်။ဆေးရုံတစ်ခုတွင် ....
"Mr.Spencer ၊ ဂုဏ်ယူပါတယ် မင်းကိုယ်ဝန် ၁လရှိနေပြီ!"ဒေါက်တာ ကလန်က ပြောလိုက်သည်။
"ဘာကြီးလဲ ကိုယ်ဝန်ရှိနေတာလား"လို့ပျော်ရွှင်စွာမေးလိုက်ပေမဲ့ သူမစိတ်ထဲတော့ကြောက်နေမိသည်။မိခင်တစ်ယောက် ဖြစ်လာတော့မယ်ဆိုတာ သိလာတဲ့အခါ အီသန်ရော ဘယ်လိုတုံ့ပြန်မလဲ?။
သူအရမ်းပျော်နေလိမ့်မယ်ထင်သည်။"ဟုတ်ပြီ Mr.Spencer မင်းရဲ့ နောက်တစ်ပတ် ရက်ချိန်းက ဒီလ 24ရက်နေ့ဖြစ်ပြီး ပျို့အန်တာကို ရှောင်ဖို့ သောက်ဆေးညွှန်းထားတယ် ဂရုစိုက်ပါ"လို့ ဒေါက်တာ ကလန်ကဆေးစာရွှက်အားပေးရင် သူမကိုပြောခဲ့သည်။
YOU ARE READING
His Ex-Wife ( Unicode) Completed
RomanceHis EX-Wife သည် သာမာန် အသက် 21နှစ်အရွယ် အန်းန နှင့်Spencer Industries၏ CEO ဖြစ်သူ ဘီလျှံနာ အီသန် စပန်ဆာ တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ အီသန် နှင့် အန်းန သည် အန်းနစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။ အချိန်တစ်ခုကြာလာတော့ သူမနှင့် ချစ်သူတ...