Part 2

407 18 0
                                    

အန်းနအကြောင်း..

အီသန်ဘာဖြစ်သွားတာလဲမသိဘူး။ ငါသူ့ကိုတစ်ခါမှ လိမ်ခဲ့မိတာမရှိဘူး ငါဘယ်လိုလုပ်ရမလဲ ဘုရားသခင် ငါ့မှာနေစရာနေရာမရှိဘူး။ ငါ့မှာဒေါ်လာ ၂၀၀ပဲဲရှိတယ် ။
ခုညမိုးချုပ်နေပြီ....
ဦးတည်ရာမရှိ သူမလျှောက်လှမ်းလာခဲ့သည်။

အေးစိမ့်သောလေ မှောင်မိုက်သောကောင်းကင်နှင့် လတို့က သူမနှင့်အတူရှိနေသည်။ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းတိုင်းမှာ သူမစိတ်လူပ်ရှားနေသည်။ အီသန်ငါ့ကိုအိမ်ထဲကမောင်းထုတ်ခဲ့ပြီး ဒီမှောင်မဲနေသောညဘက်မှာ တစ်ယောက်ထဲနေစေခဲ့တာ ငါ့ကိုယ်ငါမယုံကြည်နိုင်ဘူး။
လမိုက်ည ဖြစ်ပြီး ကြယ်လေးတွေသာ တောက်ပနေသော ကောင်းကင်ယံကို သူမမော့ကြည့်လိုက်သည်။
လမ်းက လူသူကင်းမဲ့နေပြီး သူမက အရူံးသမားတစ်ယောက်လို ရပ်နေခဲ့သည်။ငါ့ရဲ့ တစ်ခုတည်းသော ပျော်ရွှင်မူ့အခြေအနေတွေ ဆုံးရှုံးသွားပြီဆိုတာ သိလိုက်သောအခါ သူမတစ်ကိုယ်လုံးဝမ်းနည်းမူ့အခြေအနေကို ရင်တွင်းမှခံစားရတယ်။
ဒီအခြေနေမှာ ကျွန်မကလေးကို ဘယ်လိုပြုစုစောင့်ရှောင့်ရမလဲ မသိတော့ဘူး။

မှောင်မဲနေသော လမ်းမကြီးသည် ကြောက်စရာကောင်းနေခဲ့သည်။သူမလမ်းသေချာမမြင်ရပေ။ အနည်းဆုံးတော့အမိုးတစ်ခုအောက်မှာရပ်နေရမယ်။ ဘုရားသခင် ကျွန်မကို မုန်းတယ်ထင်ပါတယ် ။ အဲ့ဒါကြောင့် ကျွန်မမွေးပြီးတုန်းက မိဘတွေထားခဲ့တာကိုခံရပြီး ခု အီသန်ကပါ သူမကို ထားခဲ့သည်။

ငါ့မှာမိသားစုမရှိခဲ့ဘူး။ စိတ်အတက်ကျတိုင်းမှာ အီသန်ကသာကျွန်မအတွက် ရှိနေမယ် ထင်ခဲ့ပေမဲ့ ခုတော့ အရာအားလုံးဆုံးရှုံးသွားပြီး သူမဘဝ၏အောက်ဆုံးအခြေနေမှာရပ်တည်နေခဲ့သည်။

အဝေးမှ အိမ်လေးတစ်လုံး လှမ်းမြင်လိုက်သည်။ တက်နိုင်သမျှ မြန်မြန်ရောက်ဖို့ ခွန်အားအပြည့်နဲ့ ပြေးလာခဲ့သည်။

သူမတံခါးခေါက်လိုက်တယ်။

အန်တီတစ်ယောက် ထွက်လာပြီးကျွန်မကို ကြည့်နေတယ်။ သူမကိုတွေ့တော့ အံ့သြသွားတယ် သူက အထက်တန်းကျောင်းတက်တုန်းက ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ ကုန်စုံဆိုင်ပိုင်ရှင် သူဌေးဟောင်း ဖြစ်သည်။

"အန်းန ဒီအချိန်ကြီး အပြင်မှာ ဘာလို့မင်းရောက်နေတာလဲ ၊ မင်းဘာဖြစ်လာတာလဲ?"အန်တီက သူမကိုမေးခဲ့သည်။

ကျွန်မအန်တီ အာဂ္ဂသာအားလိမ်မပြောနိုင်ခဲ့ဘူး ။အာဂ္ဂသာက ကျွန်မအတွက် အမေတစ်ယောက်လိုပဲ ကျွန်မကိုအများကြီးကူညီပေးခဲ့တယ်။
မျက်ရည်တွေ စီးကျလာတာ သူမသတိမထားခဲ့ဘူး။

"အီသန် ကျွန်မကို ထားခဲ့ပြီ ?"လို့ ရိူက်ကြီးတငင်ပြောလိုက်သည်။ ငါနဲ့အီသန်ကြားမှာ ဖြစ်ပျက်ခဲ့တာကို တွေးကြည့်ရင် အရမ်းနာကျင်ရတယ်။

"ဘယ်လိုဖြစ်ကြတာလဲ? "သူမကို ပွေ့ဖက်ရင်းမေးလိုက်သည်။

"ဘာလို့လဲတော့ ကျွန်မသေချာမသိဘူး ၊ဒါပေမဲ့ ကျွန်မသူ့ကို လိမ်ခဲ့တယ် လို့ပြောနေတယ်"သူမပြောပြရင်းနဲ့ သူမနှလုံးသားတွေကြေကွဲနေတယ်။

"အိုး ဘုရားသခင်! လာပါ"အာဂ္ဂသာကသူမအားအိမ်ထဲခေါ်သွင်းခဲ့သည်။"

"မငိုပါနဲ့တော့အန်းန၊ ငါဒီအကြောင်းကို အီသန်နဲ့ ပြောကြည့်လိုက်မယ် သမီးအီသန်ကို ဘယ်လောက်ချစ်တယ်ဆိုတာ အန်တီသိတယ်"သူမအားနှစ်သိမ့်ပေးနေခဲ့သည်။

"မဟူတ်ဘူး အန်တီ အာဂ္ဂသာ၊ သူကျွန်မကို မုန်းနေတာ ၊ကျွန်မသူ့စီကထွက်သွားပြီး ကိုယ့်ကိုကိုယ်သတ်သေချင်နေမိတယ်။ကျွန်မသတ်သေဖို့ ကြိုးစားလို့မရတဲ့အကြောင်းရင်းက ကျွန်မဗိုက်ထဲမှာရှိတဲ့ ကလေးလေးအတွက်ပဲ၊ ကျွန်မအပြစ်ကင်းတဲ့ကလေးကို မထိခိုက်စေချင်ဘူး"အန်းနက ပြောပြလိုက်သည်။

ပျော်ရွှင်စရာ အချိန်လေးများ
အေးချမ်းသာယာသော နေ့ရက်များ
ကုန်ဆုံးသွားခဲ့ပြီ.....။

"သမီးကိုယ်ဝန်ရှိနေတာလား "အံ့သြစွာနဲ့ မေးလိုက်သည်။
သူမခေါင်းညိတ်ပြလိုက်သည်။
မျက်ရည်တွေက မရပ်တန့်နိုင်ခဲ့ဘူး ။ ငါ ငိုနေခဲ့တယ် ငါ့ရဲ့ဝမ်းနည်းမူ့အားလုံးကိုစွန့်လွတ်ဖို့တွက်နဲ့ နာကျင်စရာတွေအားလုံးအတွက် ငါ့ကံကြမ္မာကိုပဲ အပြစ်တင်နေခဲ့သည်။

ကျွန်မသူ့ကိုချစ်တယ် ..
ခုထိမယုံကြည်နိုင်သေးဘူး..။

ငါးရက်ခန့်ကြာသော်

ကျွန်မအရင်ကအလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်ကို ပြန်သွားခဲ့သည်။ ဆိုင်ပိုင်ရှင် မက်ဂီက ကျွန်မကိုတွေ့တော့ အံ့သြသွားပေမဲ့ ကျွန်မကို အလုပ်လုပ်ဖို့အတွက် ပြန်လက်ခံခဲ့တယ်။ ကျွန်မလစာ တစ်နာရီကို
$3.50ဖြစ်ပြီး ကျွန်မရဲ့ အဆိုင်းက 5နာရီပဲဆိုတော့ တစ်လကို $600လောက်သာ ရနိုင်ပါသည်။ နောက်ဆိုပိုကုန်လာမှာဖြစ်တဲ့အတွက် တစ်ခြားအပိုအလုပ်တစ်ခု သူမထပ်ရှာရမယ်။......

His Ex-Wife ( Unicode) CompletedWhere stories live. Discover now