အီသန်အကြောင်း
ငါ့စိတ်ကူးရဲ့တစ်ဝက်ကတော့ ပျော်ရွှင်နေပေမဲ့ ငါ့ရဲ့ကျန်တဝတ်ကတော့ နောင်တရနေတယ်။
သူ့မှာ ကလေးနှစ်ယောက် ရှိတယ်။
ဒီလိုသိရတာ သူအရမ်း ပျော်တယ်။
ဒါပေမဲ့ အမှန်တရားကိုလည်း သိချင်နေသေးတယ်။
ငါ့ဘဝမှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ဘယ်သူကငါ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားတာလဲ။
ဘာကြောင့်လဲ?
ဘာအတွက်လဲ?
ဒါတွေအားလုံးအတွက် အဖြေရဖို့က ငါလိုအပ်နေတဲ့ မေးခွန်းတွေပဲ။
ဘယ်ကစရှာရမလဲ၊ အန်းနကပဲ အပြစ်ကင်းတာလား၊ဒါမှမဟုတ် ကတ်စီဒီကပဲ အပြစ်မရှိသလို လိမ်ညာနေတာလား?
အဲ့ဒီနေ့ကို သူမှတ်မိနေ သေးတယ်..
နောက်ကြောင်း ပြန်သတိရခြင်း..
"သူဌေး ဒီမှာ တစ်စုံတစ်ယောက်က မင်းကိုပေးခိုင်းတဲ့ ဖိုင်တချို့ပါ"ကတ်စီဒီက ပြောလိုက်တယ်။
"တစ်စုံတစ်ယောက်လား ၊မင်းဘာကိုဆိုလိုတာလဲ"သူက ပြန်မေးလိုက်သည်။
"ဝတ်စုံအနက် ဝတ်ထားတဲ့ လူတစ်ယောက် သူက နာမည်မပြောပဲနဲ့ ဒီဟာကိုပေးပြီးနောက် ထွက်သွားခဲ့တယ်"သူမ ပြောလိုက်တယ်။
စာအိတ်ကို သူဖွင့်လိုက်တယ်။
ရေးထားတာ ရှိတယ်"မင်းရဲ့ အပြစ်ကင်းစင်တဲ့ သရုပ်ဆောင်ဇနီးကို မပေးခင် မင်းစဥ်းစားပေါ့"
ဒါဘာကောင်လဲ သူအော်လိုက်တယ်။"သူဌေး စိတ်အေးအေးထားပါ " ကတ်စီဒီက ပြောတယ်။
ဒါဘာလဲ?
ဘာအကောင်လဲ?အပြင်ကို မိနစ်အနည်းငယ်လောက် ကြည့်နေလိုက်သည်။
ကတ်စီဒီက သူမလည်ချောင်းကို ရှင်းလိုက်ပြီး"သူဌေး ကျွန်မတစ်ခု ပြောလို့ရမလား"လို့မေးတယ်။
သူ ခေါင်းညိတ်တယ်။"ဒါက ဘယ်လို ပြောရမလဲမသိပေမဲ့ ပြောမှဖြစ်မှာမို့လို့ပါ။ အဲ့လိုမှ မပြောရင် သူဌေးရဲ့ အနာဂတ်ကို ဆိုးရွားစွာ ထိခိုက်မိလိမ့်မယ်"သူမ သက်ပြင်းချရင်း မသက်သာသလိုပြောလိုက်မိသည်။
"ဘာကိုလဲ ချက်ချင်းပြောစမ်း"သူပြောခဲ့တယ်။
"မစ္စ စပန်ဆာက သူဌေးကို လှည့်စားမှာမဟုတ်ဘူးလို့ သူဌေးထင်နေတယ် မလား"သူမ မေးလိုက်တယ်။
"ဟုတ်တယ် ဘာအတွက်လဲ?
ဘယ်လိုပြောရမှာလဲ သူမက အဲ့ဒီလိုမိန်းကလေး မဟုတ်ဘူး"သူဒေါသတကြီးပြောလိုက်တယ်။"သူဌေး ဒါပေမဲ့ ကျွန်မမှာ သက်သေတွေရှိတယ်"သူမ ပြောခဲ့တယ်။
"ဘာသက်သေလဲ ပြပါဦး"အမိန့်ပေးလိုက်သည်။
"သူမအခန်းဆီသို့ ပြန်သွားကာ အညိုရောင်စာအိတ်နဲ့အတူ ပြန်လာခဲ့သည်။"
"ဒီမှာ သူမက ကျွန်တော့ကိုပေးတယ်"
ငါသူ့ဆီကယူပြီး စာအိတ်ဖွင့်လိုက်တယ်။
နောက်တစ်ခုက ငါ့ကမ္ဘာပျက်သွားပြီ၊ သူ့အပေါ်ထားတဲ့ ငါ့အချစ်တွေက ရပ်တန့်သွားပြီဆိုတာ ငါသိလိုက်ရတယ်။သူမ ငါ့ကို ဘယ်လို လုပ်ရက်တာလဲ။
သူမ ကတိတွေ မေ့သွားခဲ့ တာလား။
ဂျော့စ်ရဲ့ လက်နှစ်ဖက်ပေါ်မှာ အဝတ်ဗလာနဲ့ သူမကို မြင်လိုက်ရလို့ သူ့မျက်လုံးတွေနီရဲသွားတယ်။"ကတ်စီဒီ မင်းဒါကို ဘယ်ကရလာတာလဲ"ငါသူမကို မေးလိုက်တယ်။
"ကောင်းပြီ ပြီးခဲ့တဲ့အပတ်က တစ်ယောက်ယောက်က ကျွန်မကိုပေးခဲ့ပေမဲ့ သူဌေးဘယ်လို တုံ့ပြန်မလဲဆိုတာ ကိုကြောက်လို့ ငါမပေးခဲ့တာ"သူမပြောလိုက်တယ်။
နောက်ကြောင်းပြန်ခြင်းအဆုံး.....
ဒီအတွက်သူ အဖြေရှာတွေ့ဖို့ လိုတယ်။
သူ့ရဲ့စုံထောက်ဝန်ထမ်း Mr -အဲရစ်ကို ခေါ်ခဲ့တယ်။
သူသည် ကျွန်တော်လိုအပ်သော မေးခွန်းတိုင်းအတွက် အဖြေကို ရှာတွေ့နိုင်သည်။ငါသူ့ကိုဖုန်းခေါ်လိုက်တယ်။
"မင်္ဂလာပါ အဲရစ်ပါ"သူပြောပြတယ်။
"အဲ့ဒါ ငါပါ အီသန်"လို့ငါပြောခဲ့တယ်
"ဟုတ်ကဲ့သူဌေး မင်္ဂလာပါ"
"ဘာလိုအပ်သေးလဲ သူဌေး"သူမေးတယ်။
"ဒိုင်ယာနာ မန်ဟက်တန်ခေါ်တဲ့ ငါ့ဇနီးဟောင်း အန်းနရဲ့ အချက်လက်တွေကို အမြန်ရှာဖွေပေးပါ "ဆိုပြီး အမိန့်ပေးလိုက်တယ်။
"ဟုတ်ကဲ့ ကျွန်တော် အမြန်ဆောင်ရွှက်လိုက်ပါ့မယ်"သူ ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဲရစ်"ငါပြောလိုက်တယ်။
"ကြိုဆိုပါတယ် သူဌေး ကျွန်တော်အမြန်ဆုံး ပို့ပေးလိုက်ပါ့မယ်"ဟု ပြန်ပြောလိုက်သည်။
ကလေးတွေကို အရမ်းတွေ့ချင်နေတဲ့ အတွက် အဖြေအားလုံးကို သူအမြန် သိချင်နေမိသည်။....
.............,..
YOU ARE READING
His Ex-Wife ( Unicode) Completed
RomanceHis EX-Wife သည် သာမာန် အသက် 21နှစ်အရွယ် အန်းန နှင့်Spencer Industries၏ CEO ဖြစ်သူ ဘီလျှံနာ အီသန် စပန်ဆာ တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ အီသန် နှင့် အန်းန သည် အန်းနစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။ အချိန်တစ်ခုကြာလာတော့ သူမနှင့် ချစ်သူတ...