ဂျော့်စ်၏အကြောင်း..
ငါ့ကြောင့်နဲ့ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အခြေအနေကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။
ယခုတော့ ငါ့ရဲ့ခန္တာကိုယ်ရှိ သွေးကြောတိုင်းသည် ငါ့ရဲ့အကြောင်းအရင်း ဖြစ်နေသည်ဟုဆိုနေခဲ့သည်။
အမှန်တရားကတော့ ငါကတ်စီဒီကို အသုံးချခဲ့တယ်။
သူ့မကလည်း ပိုက်ဆံမက်တဲ့ တစ်ခြားမိန်းမတွေနဲ့ အတူတူပဲလို့ ကျွန်တော် ထင်ခဲ့မိတယ်။
ဒါပေမဲ့ ငါမှားသွားတယ် အီသန်ရဲ့ ဘဝကိုဖျက်စီးရာမှာ ကူညီပေးရင် သူ့ကိုပိုချစ်မယ်လို့ ထင်တဲ့အတွက် အီသန်ကိုဖျက်စီးဖို့ငါနဲ့အတူတူ ရပ်တည်ခဲ့သည်။
Flash back ကိုစစ်ဆေးစဥ်မှာ ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် ရှက်စိတ်ဖြစ်မိတယ်။ငါအရမ်း ရက်စက် ခဲ့တာပဲ။
ငါအီသန်ကို မုန်းတယ် ဒါပေမဲ့ အခုသူ့ထက် ကိုယ့်ကိုကိုယ် ပိုမုန်းတယ်။
ငါအီသန်ကို မကောင်းတဲ့ကောင် ဖြစ်အောင်လုပ်ခဲ့တယ် ။ ငါ့ဝမ်းကွဲကို ချနင်းခဲ့ပြီး သို့မဟုတ် လှည့်စားတဲ့ သူတစ်ယောက်ဖြစ်အောင် ငါလုပ်ခဲ့တယ်။
ကတ်စီဒီက မမျှော်လင့်ပဲ ကျွန်တော့ဘဝထဲရောက်လာခဲ့ပေမဲ့ သူမကို နှိပ်စက်ခဲ့မိတယ်။
ကျွန်တော် သူ့ကို တစ်ခြားကောင်မလေးတွေလိုအသုံးချပြီး ကျွန်တော့ဘဝထဲကစွန့်ပစ်လိုက်သည်။ကတ်စီဒီက ငါ့ကြောင့်ဒီအရာအားလုံးကိုလုပ်ခဲ့တာ ၊ငါကငွေကိုပဲ လောဘကြီး နေခဲ့တယ်။
သူမသည် ကျွန်တော့ကြောင့် ဤအခြေအနေတွင် ရှိနေသည်။
ငါကအရာအားလုံးရဲ့ အကြောင်းပြချက်ပဲ ။
ငါ့ကလေးကို သတ်ဖို့ပြောခဲ့တယ် ငါကဘယ်လိုလူမျိုးလဲ။ဆရာဝန်က ကျွန်တော့နာမည်ကိုခေါ်တဲ့အခါအတွေးတွေထဲကနေ ရုန်းထခဲ့တယ်။
"မစ္စတာ ဂျော့််စ်၊ငါက နေးသော်မက်ပါ၊မင်းမိန်းမကို အကောင်းဆုံးကုသပေးခဲ့တယ်"လို့ပြောလိုက်သည်။
"ဟုတ်ကဲ့ဒေါက်တာ သူမအဆင်ပြေရဲ့လား"အပြစ်ရှိ စိတ်ဖြင့်မေးလိုက်သည်။
YOU ARE READING
His Ex-Wife ( Unicode) Completed
RomanceHis EX-Wife သည် သာမာန် အသက် 21နှစ်အရွယ် အန်းန နှင့်Spencer Industries၏ CEO ဖြစ်သူ ဘီလျှံနာ အီသန် စပန်ဆာ တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ အီသန် နှင့် အန်းန သည် အန်းနစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။ အချိန်တစ်ခုကြာလာတော့ သူမနှင့် ချစ်သူတ...