ဂျော့်စ်၏အကြောင်း
ဒီကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်အပြီး တစ်ပတ်လောက် ရှိနေပြီ။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မယုံနိုင်ခဲ့ဘူး။
ကတ်စီဒီနဲ့ ငါ့ကလေးကို ဆုံးရှုံးခဲ့ရတယ်လို့ ထင်ခဲ့ပေမဲ့ အံ့ဖွယ်အခိုက်အတန့်လေး ဖြစ်သွားခဲ့သည်။
ကတ်စီဒီ အသက်ရှင်ခဲ့ပေမဲ့ ငါ့ကလေးတော့ဆုံးသွားခဲ့သည်။ငါဘယ်လိုလုပ်ရမလဲ မသိပေမယ့် ငါသိတာတစ်ခုက ဘုရားသခင်ရှိတောဖြစ်ပြီး သူမကိုကယ်တင်ဖို့ အတွက် ငါ့အသက်ကို ယူပါစေ ဆုတောင်းလိုက်တာ ငါ့ဆုတောင်းတွေသူကြားသွားခဲ့သည်။
ငါ့ရဲ့ လက်စားချေမှုအကြောင်းအရာတွေအားလုံး ပြောဖို့ အီသန်ဆီကို သွားတဲ့အခါ ကတ်စီဒီက သူ့ကို မတော်တဆမှု မဖြစ်ခင်ညမှာ ပြောပြခဲ့တဲ့အတွက် အရာအားလုံးကို သူသိတယ်ပြောခဲ့သည်။
အခုငါ Diနဲ့ဖုန်းပြောရမယ်။
ငါသူမကို ဖုန်းခေါ်ပြီး La fiestaမှာတွေ့ဖို့ပြောခဲ့သည်။
အန်းနအကြောင်း..
ဂျော့််က La Fiesta မှာတွေ့ဆုံဖို့ ဒီနေ့ဖုန်းဆက်လာခဲ့သည်။
သူငါ့ကိုဘာလို့ တွေ့ဖို့ခေါ်နေတာလဲ ငါမသိတော့ဘူး။
ရိုးရှင်းတဲ့ အနက်ရောင်ဝမ်းဆက်လေးကို ဝတ်ဆင်လိုက်ပြီး မိတ်ကပ် ပါးပါးလိမ်းခြယ်လိုက်သည်။
သူမဆင်းလာတော့ နေးနဲ့ ချိန်းတွေ့တာကို ဖျက်စီးပစ်တဲ့ ချောမောသော ခင်ပွန်းဟောင်းကိုတွေ့လိုက်ရပြီး နေးကငါ့နောက်လိုက်နေတာကိုထပ်တွေ့ရင် သတ်ပစ်မယ်ခြိမ်းခြောက်တဲ့အကြည့်နဲ့ ကြည့်နေတာ တွေ့ခဲ့ရသည်။
ကျွန်မရဲ့ ဆရာဝန် နေးသည် လိင်တူချစ်သူဖြစ်သည်ကို မနာလိုတက်သော ခင်ပွန်းဟောင်း မသိသေးဘူး။
နေးကို ခြိမ်းခြောက်ချင်နေတဲ့ အီသန်ရဲ့ပုံရိပ်ဟာ ကျွန်မစိတ်ထဲမှာရှိနေသေးပြီး ကျွန်မ မျက်နှာကို အပြုံးလေးတစ်ခု သယ်ဆောင်လာခဲ့သည်။
အန်းန ဘယ်သွားမလို့လဲ အီသန်ကမေးတယ်။
"ဟယ်လို နားထောင်ပါ ဒါက ကျွန်မအိမ် ကျွန်မဘဝမို့လို့ ကျွန်မအကြောင်း ကိုခေါင်းထဲမထည့်ပါနဲ့"ပြောလိုက်သည်။
"ကောင်းပြီ မစ္စမန်ဟက်တန် မင်းက ငါ့ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့အမေမလို့မေးတာပါ"သူက ပြုံးစိစိဖြင့် ပြောလိုက်သည်။
ရုတ်တရက် ကျွန်မစကားမပြောဖြစ်....
"ha.. ha. ကျွန်မသိတယ်၊ငါသူ့ကိုပြောလိုက်သည်။"ဒါဆို ငါ့သားလေးတွေရဲ့အမေဘယ်သွားမလို့လဲ"သူမေးတယ်။
ဂျော့်စ်ကို တွေ့မလို့ ငါပြောလိုက်သည်။
"ဒိုင်ယာနာ ဘယ်တော့ပြန်လာမှာလဲ အမေက ထမင်းစားခန်းကနေ ထွက်လာပြီး မေးလိုက်သည်။
"မသိသေးဘူး ဂျော့်စ်နဲ့ စကားပြောပြီးရင် ပြန်လာခဲ့မယ်"လို့ပြောလိုက်သည်။
ကောင်းပြီ အခုသွားတွေ့ပြီး မြန်မြန်ပြန်လာခဲ့ပါ။
"ကောင်းပြီ အမေနဲ့ ချစ်စရာလေးတွေ "ကိုနှုတ်ဆက်လိုက်သည်။"မင်းရဲ့ ခင်ပွန်းကို နှုတ်မဆက်တော့ဘူးလား ?"
အီသန်ကမေးတယ်။ရှင်က ခင်ပွန်းဟောင်းပဲ နှုတ်ဆက်ပါတယ်။လို့ ပြောပြီး အိမ်အပြင်ဘက် ထွက်လာခဲ့သည်။
ဆယ်မိနစ်အကြာ ...
ဂျော့်စ်က ကျွန်မကို စောင့်နေတာ တွေ့လိုက်တယ်။ ကျွန်မသူ့ဆီ လျှောက်သွားပြီး သူ့အာရုံကိုဖမ်းဖို့ လက်ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက်သူက ထရပ်ပြီး ကျွန်မကိုဖတ်လိုက်သည်။ဟေး Di...သူက ကျွန်မကို နှုတ်ဆက်တယ်။
ဟေး...ဂျော့်စ် သူ့ကို နှုတ်ဆက်လိုက်သည်။
ထိုင်ပါဦး သူပြောတယ်သူမ မဆိုင်းမတွ ထိုက်ချလိုက်သည်။
"ဒါဆို ရှင် ကျွန်မကိုဘာ လေးလေးနက်နက်ပြောချင်ရတာလဲ"ကျွန်မသူ့ကို သေချာမေးလိုက်သည်။ .
အာ.....ငါတောင်းပန်ပါတယ် Di သူပြောတယ်။
"ဘာကိုလဲ ဘာအတွက်ကြောင့်မို့လဲ"
သူမ ပြန်မေးလိုက်သည်။................
YOU ARE READING
His Ex-Wife ( Unicode) Completed
RomanceHis EX-Wife သည် သာမာန် အသက် 21နှစ်အရွယ် အန်းန နှင့်Spencer Industries၏ CEO ဖြစ်သူ ဘီလျှံနာ အီသန် စပန်ဆာ တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။ အီသန် နှင့် အန်းန သည် အန်းနစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။ အချိန်တစ်ခုကြာလာတော့ သူမနှင့် ချစ်သူတ...