Part 29 END

282 3 0
                                    

အန်းနအကြာင်း

အီသန်အခု ခေါ်သွားမယ့်နေရာကို
ကျွန်မ မသိဘူး။

မိနစ် ၃၀ ကြာပြီးနောက်

"အီသန် အိုးးး ဒီနေရာက အံ့သြစရာပဲ ။ကျွန်မကြိုက်တယ်"အီသန်က ကျွန်မတို့ရဲ့ အထူး နေ့စွဲအတွက် အီသန် ခေါ်သွားတဲ့ နေရာက အံ့မခန်းပါပဲ။

ကြယ် ၇ပွင့် အပန်းဖြေ စခန်းသည်
ရေအပြည့်ဖြင့် ဝန်းရံထားသည်။
မိုးရွာပြီးနောက် လက်ဆက်သော လေနုလေအေးနှင့် အနံ့အသက်တို့က တကယ်ကိုစိတ်အပန်းဖြေ စေသည်။
ဒီနေရာ ကတကယ်ကို အေးချမ်းပါတယ်။.

"မင်းအတွက်..ဘာမဆို...."သူ့စကားက
ချိုမြိန် နေသည်။
သူက ကျွန်မလက်ကိုကိုင်ပြီး စားပွဲဆီသို့ ခေါ်သွားလိုက်သည်။

"အီသန် ကျွန်မရှင့်ကို တစ်ခုလောက် မေးလို့ရမလား"သူ့ကို မေးလိုက်တယ်။

"အင်း၊ မင်းကြိုက်တာ မှန်သမျှ မေးလို့ရတယ်"ဟု ပျော်ရွှင်နေတဲ့ အပြုံးဖြင့် ပြန်ဖြေခဲ့တယ်။

ထိုမျက်လုံးတွေ...

ထိုအပြုံး.

နမ်းလို့ကောင်းတဲ့ နှုတ်ခမ်း...

"မင်းလိုချင်ရင် ကိုယ့်ပုံကို ယူပြီး အမြဲသိမ်းထားလို့ရတယ်"သူက ပြောလိုက်သည်။

"ရှင့်ကို ကြည့်နေတာလို့ ဘယ်သူပြောလဲ"မသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။

"ကောင်းပြီ မင်းငါ့ကို အာရုံစိုက်နေတဲ့ အချိန်မှာ ၊ မင်းကိုယ့်ကို ကြည့်နေတယ်လို့ ဘယ်သူ့ကိုမှ မပြောဘူး"လို့ သူကပြုံးနေရင်း ပြန်ပြောလိုက်သည်။

"အိုးး..ကျွန်မဖြစ် နိုင်ပါတယ်"နောက်ဆုံး ငါ ဝန်ခံလိုက်တယ်။

"ကောင်းပြီ အန်းနကိုယ့်ကို ဘာမေးချင်တာလဲ"သူမေး လိုက်သည်။

"အီသန် ၊ ဂျောစ့်ပေးခဲ့တဲ့ ဓာတ်ပုံ အတုတွေကို ရှင်မြင်လိုက်ရတဲ့အခါ ဘယ်လိုခံစားရလဲ။"

"မင်းအဖြေမှန်ကို လိုချင်တာလား"သူက ငါ့ကို မေးတယ်။

သူမ ခေါင်းညိတ် ပြလိုက်သည်။

"အွန်း..ငါအံ့သြသွားတယ်။
မင်းဘယ်တော့မှ ဒီလိုလုပ်မှာ မဟုတ်ဘူး ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေက တကယ် အစစ်အမှန်နဲ့ တူနေတယ်။
Baby အဲ့ဒါက မင်းကိုမယုံဘူးဆိုပြီး ငါလုပ်ဖူးသမျှထဲမှာ အကြီးမားဆုံး အမှားတစ်ခုပဲဆိုတာ ငါနားလည်တယ်။
ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်မှာ ငါ့ဘဝပြိုလဲသွားသလို ခံစားရတယ်၊ သစွာဖောက်ခံရသလို၊ ဝမ်းနည်း မိခဲ့တယ်"ကိုယ် စိတ်မကောင်းပါဘူးလို့ ပြောလိုက်သည်။

အီသန်က ဒီအကြောင်းတွေ ပြောပြီး သူနာကျင် နေပုံရသည်။

"အီသန် ကျွန်မ စိတ်မကောင်းပါဘူး၊
ကျွန်မသာ သတိထားမိခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"သူမစကားမဆုံးခင် အီသန်က ဖြတ် ပြောလိုက်သည်။

"Baby ၊တောင်းပန်ပါတယ် ထပ်မပြောနဲ့တော့ ၊ မင်းသတိထားလည်း ဂျောစ့်က မင်းရဲ့ဓာတ်ပုံနဲ့ အလွဲသုံးစား လုပ်မှာပဲ။
မင်းက ဖြစ်ခဲ့တဲ့ကိစ္စတွေ အတွက် အကြောင်းပြချက် မဟုတ်ဘူး၊ ကိုယ့်ရဲ့
အန်းနက အပြစ်မရှိ ဘူးဆိုတာ ကိုယ်ကောင်းကောင်း သိပါတယ်။"လို့ ပြောပြလိုက်သည်။

ကျွန်တော် သူမအနားသို့ တိုးလိုက်ပြီး သူမနှုတ်ခမ်းကို နမ်းလိုက်သည်။

အီသန်အကြောင်း..

သူမနှုတ်ခမ်းကို နမ်းလိုက်တဲ့အခါ တူညီတဲ့ခံစားချက်တွေ ရှိနေတုန်းပါပဲ။

ခဏကြာတော့ စားပွဲထိုး ရောက်လာခဲ့တယ်။

"မင်္ဂလာပါ မစ္စတာ အီသန်စပန်ဆာနဲ့ မစ္စ မာဟက်တန်!မင်းတို့ရဲ့ အမှာစာကို ယူဖို့ပါ"လို့ စားပွဲထိုးက ပြောလိုက်သည်။

"ကျွန်မ Bruschetta ၊Risotto ၊ဆီဇာသုတ်နဲ့ ဝိုင်ဖြူလိုချင်တယ်"အန်းနက အရင်မှာလိုက်သည်။

"ကိုယ်လည်း မင်းနဲ့အတူတူပဲ"ဟု ကျွန်တော်ပြောလိုက်သည်။

သူမက ကျွန်တော့ကို ကြည့်ကာ ပြုံးနေခဲ့သည်။

His Ex-Wife ( Unicode) CompletedWhere stories live. Discover now