Part 17

180 5 0
                                    

အန်းနအကြောင်း

ငါသန်မာနေမှ ရမယ်.
ဘယ်အရာမှငါ့ကို ထပ်ပြီး မထိခိုက်စေနိုင်တော့ဘူး။
အီသန်က သူနဲ့ငါ့ကြား ဘာမှမဖြစ်ခဲ့သလို နမ်းနိုင်တာ ဘယ်လောက်ထိ မယုံကြည်နိုင်စရာကောင်းလိုက်လဲ။
ငါသူ့ကိုလွယ်လွယ်နဲ့ ခွင့်မလွှတ်ပေးနိုင်ဘူး။
သူ့ကိုလက်စားချေပြီး သင်ခန်းစာတစ်ခုပေးရမယ်။
ထိုစဥ် ကျွန်မဖုန်းမြည်လာပြီး ကြည့်လိုက်တော့ ဒေါက်တာ နေးသောမက်စ်။

"မင်္ဂလာပါ အန်းန "

"ဟေး နေး!".

"ရှင် ဒီနေ့အချိန်ရလား"သူမ မေးလိုက်တယ်။

"အင်း ရတယ်လေ ဘာဖြစ်လို့လဲ"

"ဟမ်.. ကျွန်မ ရှင့်ကိုချိန်းတွေ့ခိုင်းရင် ရှင်လက်ခံမှာလား"

"ဆောရီး ငါချိန်းတွေ့တဲ့ကိစ္စတော့ စိတ်မဝင်စားဘူး!"

"ကောင်းပြီ ရည်းစားလို ချိန်းတွေ့တာမဟုတ်ပဲ ညီအကိုမောင်နှမလို ချိန်းတွေ့တာဆို အဆင်ပြေတယ် မလား"

"အင်း ဟုတ်ပါပြီ"

"ကျေးဇူးတင်ပါတယ် နေး..ရှင့်ရဲ့နေရာမှာ ၇:00ကျတွေ့မယ်"ပြောပြီး ဖုန်းချလိုက်သည်။

ဟုတ်ပြီ ဒါကအကောင်းဆုံးအကြံပဲ အီသန်ရဲ့ Exက ဆရာဝန် နေးနဲ့ ချိန်းတွေ့နေမှန်း သူသိသွားရမယ်။

အီသန်အကြောင်း...

ကလေးတွေနဲ့အတူ အပြင်မှာ ညစာစားဖို့ အန်းနကို တောင်းဆိုသင့်တယ်၊ ငါ့မိန်းမကို လမ်းခွဲခဲ့တာ ငါမိုက်မဲတာပဲ အဲ့အတွက်ခုတော့နေ့တိုင်း စိတ်မကောင်းဖြစ်ကာနောင်တရ နေမိသည်။
ကလေးတွေနဲ့အတူ ညစားစားဖို့အတွက် လာလို့ရမလားဆိုပြီး အန်းနကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို အန်းန"

"အိုး.. အီသန်!"
ဘာပြောမလို့လဲ။

"ငါမင်းကို.မေးစရာရှိတယ်"

အင်းပြောလေ..

"မင်းနဲ့ ကလေးတွေနဲ့အတူ ညစာစားမလို့အတွက် လာလို့ရမလား"မေးလိုက်တယ်။

"အင်း ငါကသူငယ်ချင်းတစ်ယောက်နဲ့အတူ ညစာထွက်စားမလို့ ကြိုချိန်းထားပြီးလို့ မရဘူး"

His Ex-Wife ( Unicode) CompletedWhere stories live. Discover now