Part 3

368 16 2
                                    

5 လအကြာ

နိူးစက်သံကြောင့် အန်းနလန့်နိုးခဲ့သည်။ သူမအလုပ်သွားဖို့အရမ်းပျင်းနေခဲ့သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အလုပ်သွားနိုင်ဖို့ ဘယ်သူမှတွန်းအားမပေးပေမဲ့ ကျွန်မမှာရွှေးချယ်စရာမရှိတာကြောင့် အလုပ်သွားဖို့ပဲတက်နိုင်တော့တယ်။

ခရုတစ်ကောင်လို ကုတင်ပေါ်ကနေ ဖြေးညှင်းစွာထပြီး ရေချိုးခန်းဘက်ကိုလျှောက်သွားခဲ့သည်။
မိနစ်၃၀အတွင်း အမြန်ပြီးမြောက်အောင်လုပ်ပြီး သူမ မီးဖိုချောင်ထဲသို့ မနက်စာ စားဖို့အတွက် လျှောက်လာခဲ့သည်။
မီးဖိုချောင် မှာတော့ လတ်လတ်ဆက်ဆက် မီးဖုတ်ထားတဲ့ ကော်ရစ်ဆန် အနံ့က ကြိုဆိုနေသည်။
အာဂ္ဂသာ ကကျွန်မအတွက် လိမ္မော်သီးဖျော်ရည် လုပ်ပေးနေတာတွေ့တယ် ။ သူမဟာတကယ်ကိုချစ်စရာကောင်းပြီး ကင်ဆာရောဂါကြောင့်သမီးလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာ စိတ်မကောင်းဘူး။ သူ့သမီးလေးနဲ့သူ့မိသားစုဘယ်လောက်တောင် ပြီးပြည့်စုံတယ်ဆိုတာ ပြောစရာတောင်မလိုဘူး။ သူမခင်ပွန်း မစ္စတာလူးဝစ်သည် ပြင်သစ်လူမျိုး ဖြစ်ပြီး သူ၏မိခင်ဆုံးပါးသွားသောကြောင့် ပြင်သစ်သို့ ထွက်သွားခဲ့သည်။ သူသည် အာဂ္ဂသာကို အရမ်းချစ်ပြီးဂရုစိုက်သည်။  ကျွန်မလည် အီသန်နဲ့ ခုလိုဘဝမျိုးလေး လိုချင်မိသည်။

"အန်းန ညနေဘယ်အချိန်ပြန်လာမှာလဲ "
အာဂ္ဂသာသည် ပန်ကန်များဆေးကြောနေရင်းမေးလိုက်သည်။

"အင်း ည ၉နာရီလောက်ဖြစ်မယ်။ သူမအလုပ်၂ခု လုပ်နေသည် ။တစ်ခုက စားပွဲထိုးအလုပ်ဖြစ်ပြီး နောက်တစ်ခုက တစ်ခြားအိမ်က အလုပ်သမား ဖြစ်တယ်။ အာဂ္ဂသာသည် ကျွန်မအတွက် ကုန်ကျစရိတ်ကူညီပေးဖို့ပြောပေမယ့် သူမအပေါ်ပဲမှီခိုနေလို့မရဘူးဆိုတာသိတဲ့အတွက် သူမတစ်ဖက်ကနေ အလုပ်၂ခုလုပ်ပြီး နေစရာပါထပ်ရှာနေရသည်။

"ok ဒါဆို မင်းရဲ့ညစာကို ၉နာရီမတိုင်ခင် ပြင်ထားလိုက်မယ် မင်းကစောစောပြန်လာစားပြီး အိပ်ဖို့အတွက်လုပ်ပါ။ အလုပ်တွေများကြီးကြောင့် မင်းပင်ပန်းနေမယ်ဆိုတာငါသိတယ်။"
ကျွန်မ သူမကို ပြုံးပြခဲ့သည်။
သူမအရမ်းတော်တာပဲ ဘုရားသခင် ကောင်းချီး
ပေးပါစေ။

His Ex-Wife ( Unicode) CompletedWhere stories live. Discover now