Part 28

138 0 0
                                    

အန်းနအကြောင်း

"အီသန် ရှင် ကျွန်မဆီက ဖယ်ပါ ၊ ကျွန်မတို့ဒါကိုရပ်ရမယ်" လို့ သူမ ပြောလိုက်တော့
အီသန်ရဲ့ ရင်ခုန် စိတ်လှုပ်ရှားစေတဲ့ အနမ်းတွေနဲ့ သူမခန္ဓာကိုယ်ကို ထပ်နမ်းနေလိုက်သည်။

ဟားးးး..ကိုယ်မနက်ကျမှ ထွက်သွားနိုင်မယ်ထင်တယ်။

Shawn &Meghan တို့အချိန်မရွှေး ဒီနေရာမှာရှိနေနိုင်တာ ဒါကို ရပ်တန့်ရမယ်။

"Ok ကိုယ်အခုပဲ ရပ်လိုက်မယ်"အီသန်ကုတင်ပေါ်ကနေထပြီး သူမကို မကျေနပ်တဲ့အကြည့်ဖြင့် ကြည့်နေခဲ့သည်။

ဒီနေ့ကျွန်မခဏ ခဏရှက်နေ မိခဲ့သည်။

"အီသန် ကျေးဇူးပြု၍ အခန်းအပြင်ကို အချိန် ၁၀မိနစ် လောက်ထွက်သွားပေးလို့ ရမလား"ငါ့ကို ချစ်စိတ်တွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက်လို စိုက်ကြည့်နေတဲ့ အီသန်ကို မေးလိုက်သည်။

"မသွားဘူး ဘာလို့လဲ"

ကျွန်မ အဝတ်အစား လဲချင်တယ်။

"ကောင်းပြီ ကိုယ်ကုတင်ပေါ် ထိုင်နေလိုက်မယ်"

အီသန် ကျေးဇူးပြုပြီး အခန်းထဲက ထွက်ပါသူမ နှင်ထုတ်လိုက်သည်။

"အိုးးးးအန်းန မင်းကိုယ့်ကိုယ် ဒီအခန်းထဲကနေနှင်ထုတ်ပစ်မှာကို ကြောက်တယ်"လို ရယ်မောရင်း စနောက်ကာ သူပြောလိုက်သည်။

ကျေးဇူးပြုပြီး အီသန်။

"အိုးး.ကောင်းပြီ အဝတ်လဲခန်းထဲမှာ မင်းဘာလို့ အဝတ်မလဲရတာလဲ"သူ မေးလိုက်သည်။

"ဟုတ်တယ်၊ တံခါးပျက်နေတယ်၊ ကျွန်မဆိုလိုတာက သော့ပေါက်က ပြဿနာရှိနေတယ်"လို့ ပြောလိုက်သည်။

"အဲ့ဒါကြောင့် ကိုယ်အပြင် ထွက်ရမှာလား"

"ဟုတ်တယ်၊ အခုထွက်သွားပါ"

သူက ပြုံးရင်းရယ်မော နေခဲ့သည်။

အီသန်အကြောင်း

အန်းနရဲ့ အခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် အပန်းဖြေစခန်း မန်နေဂျာ မစွတာဂျိမ်းကို ဖုန်းဆက်လိုက်သည်။

"မင်္ဂလာပါ Mr. James ၊ကျွန်တော် အီသန်စပန်ဆာပါ"

"အိုးး မစ္စတာစပန်ဆာ မင်းငါ့ကို ခေါ်တာငါသိတယ်၊ အရာအားလုံး ပြေလည်သွားပြီလား?"

"ဟုတ်တယ် မစ္စတာဂျိမ်း !ငါတို့ 1 နာရီအတွင်း ရောက်လိမ့်မယ်"

"ကောင်းပြီ တွေ့ကြမယ်"

ဖုန်းခေါ်တာ အဆုံးသတ်လိုက် ပြီးနောက် အန်းနအခန်းထဲက ထွက်လာဖို့ စောင့်နေလိုက်သည်။

15 မိနစ်လောက်ကြာတော့ သူမထွက်လာခဲ့သည်။
သူမသည် ကျွန်တော့ရှေ့တွင် ရှိနေကာ အလွန်လှပနေပြီး ဆွဲဆောင်မှု ရှိနေခဲ့သည်။

ကျွန်တော် သူမဆီသို့ လျှောက်သွားလိုက်ပြီး သူမ နှုတ်ခမ်းကို နမ်းလိုက်သည်။

အန်းန မင်းအရမ်းလှတယ်။
အရမ်းလှလွန်းလို့ ပြောစရာ စကားတောင်ရှာမတွေ့ဘူး။
မင်းကိုယ့်ကို ဆွဲဆောင်လွန်းနေတာကြောင့် မင်းကိုထပ်ပြီး ထိတွေဖို့ မစောင့်နိုင်တော့ဘူးထင်တယ်။

သူ့စကားကြောင့် သူမရှက်သွား မိပြန်သည်။

"သွားမယ် ကိုယ်တို့ရဲ့ အဖိုးတန် အချိန်တွေကို မဖြုန်းတီးချင်ဘူး"သူမလက်ကို ဆွဲကိုင်ကာ ကျွန်တော့ နောက်ဆုံးပေါ် Ranger Rover Sport ကားဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှင့်မှာ ကားအသစ် ရှိနေတာလား သူမမေးလိုက်တယ်။

"ဟုတ်တယ် မင်းကြိုက်တာ ကိုယ်သိတယ်။"သူမ
မကျေနပ်တဲ့ အကြည့်နဲ့ သူ့ပြန်ကြည့်လိုက်သည်။

"ကျွန်မက မကြိုက်ဘူး ချစ်တာ၊ ရှင့်အကြိုက်ဆုံး
Lamborghiniထက် Range Roverကိုပိုချစ်တယ်"

"ကိုယ် သိပြီး သားပါ!"

သူမရှက်ရွံ့သွားကာ ငြိမ်သက်စွာ ကားထဲဝင်ထိုင် နေလိုက် မိသည်။.

ကျွန်တော် ကားမောင်းရင်း သူမကို ကြည့်လိုက်တယ်။

အန်းနက အပြင်ဘက်ကို ကြည့်လိုက်တော့ အရမ်း လှပသနေသလို ခံစားရတယ်။

နောက်လာမည့်ပွဲ အကြောင်း တွေးလိုက်သောအခါ ကျွန်တော့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

.........

His Ex-Wife ( Unicode) CompletedWhere stories live. Discover now