Part-6

164 13 0
                                    


Unicode Ver

မနေ့ကထဲက စံအိမ်၌ အသစ်ရောက်တဲ့ စားပွဲခုံ၊ဗီရိုစသည်တို့ကို နေရာတကျလိုက်ချတာမျိုး၊ဖုန်ရှင်းတာမျိုးပဲ မင်းဘုန်းတို့ ညီအကိုလုပ်ရသေး၏။

" ညီညီ မနက်က ပြောတဲ့ အင်္ကျီအနက်နဲ့လူဆိုတာ တကယ်မြင်လိုက်တာလားပြီးတော့ ဘာတေမြင်ရသေးလဲ။ "

"ခြံ၀န်းထဲ စစ၀င်လာချင်းထဲက ရပ်ကွက်ထဲမှာ ဆုံးသွားတဲ့ အရီးမြိုင်တို့ သာထောတို့နဲ့ တခြား ညီညီမသိတဲ့ လူတေအများကြီးလျှောက်သွားနေတာတွေ့တယ်။ဒါမဲ့ ညီညီတို့ကို အန္နာရယ်ပြုမဲ့ အရိပ်ယောင်မျိုးမတွေ့ရဘူး ပြီးတော့ သူတို့က စံအိမ်ထဲထိ ၀င်လို့ရတဲ့ပုံမပေါ်ဘူး အပြင်မှာကျန်ခဲ့ကြတာ။ "

" ဘာရယ် သာထောနဲ့ အရီးမြိုင်တို့က မကျွတ်ပဲဒီခြံထဲရောက်နေတာ ဟုတ်လား။ "

"အင်း ညီညီမြင်တာပဲ အခု ကိုကြီးနောက်မှာတောင် အမျိုးသမီးတစ်ဦးရောက်နေတယ်။ "

ထိုအမျိုးသမီး၏ပုံစံသည်ကား ဇက်စောင်းကာမျက်လုံးကလည်းပြူးနေပြီး ခြေထောက်တစ်ဖက်ကလည်း ခွင်နေပုံရသည်။ကိုကြီးကို သေချာအနီးကပ်စောင်းကြည့်နေပုံက ကျောချမ်းစရာအတိ

"ဘာ ဘယ်မှာလဲ "

"ဘေးရောက်လာပြီ ကြည့်ရတာ ကိုကြီးကိုကြိုက်နေတာလားမသိဘူး။ "

"ညီညီနော် ငါက သရဲကြိုက်တာခံမဲ့ပုံပေါက်နေလို့လား။ "

" ဟ ဘာလို့မပေါက်ရမှာလဲ ကိုကြီးက အသားကညိုရင်အုပ်ကျယ်ကျယ်နဲ့ အမျိုးသမီးငယ်လေးတေ အကြိုက်ပုံစံကို "

"ဘာပဲနေနေ သရဲကြိုက်တာတော့မခံချင်ဘူး ဟေ့ကောင်ရေ့ တော်တန်တိတ် လိုက်တော့ "

မေကြီးနဲ့ကိုကြီးသည် သရဲကြောက်တက်တဲ့သူမဟုတ်သောကြောင့်တော်ရာကျ၏။မင်းခန့်သူတစ်ယောက်အဲ့လိုမျိုးတေမြင်ရတဲ့အလျောက် ကြောက်တက်ပါ၏။မေကြီးနဲ့ကိုကြိီးစိတ်မပူအောင်  အဆင်ပြေချင်ယောင်ဆောင်နေရသော်ငြား နည်းမျိုးစုံနဲ့သေလာသော တစ္ဆေ၊သရဲ၊၀ိညာဥ်တို့၏ ပုံစံပေါင်းစုံသည်ကား ကြောက်စရာကောင်းပါ၏။

ပရိဘောဂအသစ်များချကာ ဖုန်သုတ်ခြင်းအလုပ်ပြီးသည်မို့ ခြေလက်သန့်စင်ရန် ရေစည်ပိုင်းရှိရာသို့သွားပြီး ရေလောင်းချစဥ်

The RoyalWhere stories live. Discover now