Part-15

91 11 1
                                    


Unicode Ver

သာယာသော မနက်ခင်းအချိန်ခါတွင် တော်၀င်တို့သားမိမှာ ကောဖီသောက်ပြီး မနက်စာစားကြချိန်၌ ကလေးကလား နွားနို့နှင့် မနက်စာစားသူလည်းရှိ၏။

"အခုချိန်ထိ နွားနို့သောက်နေတုန်းပဲ ကလေးကလား"

"နွားနို့ကြိုက်တာမဟုတ်ပဲ ကောဖီမကြိုက်တာပါနော်"

မနက်စောစောတွင်လည်း စကားပြိုင်နေသောကလေးနှစ်ယောက်ကြောင့် ဒေါ်မေထွမ့်ပန်လည်းမပြုံးပဲမနေနိုင်ခဲ့ပါ။

"ကြင်ယာတော် သား နိုအာ "

အခေါ်ခံလိုက်ရသော နာမ်စားအရှည်ကြီးကြောင့် နိုအာ နွားနို့ကုန်အောင်သောက်လိုက်ပြီး

" အိုက်ရား မယ်မယ် သားကို သားလို့ခေါ်ရင်ခေါ်ဒါမှမဟုတ် နိုအာလို့ခေါ်ရင်ခေါ်ပါ ဘာလို့ ကြင်ယာတော် သား နိုအာ လို့အရှည်ကြီးခေါ်နေတာလဲ။ "

" အေးပါကွယ် အေးပါ အရှည်ကြီး မခေါ်တော့ဘူးမယ်မယ်က အကျင့်ပါနေလို့ပါ။သားဒီနေ့ ရွာလေးထဲလူတေကို သွားလှူမလိုဆို မနေ့ညက မယ်မယ့်ကိုပြောသလားလို့ "

" ဟုတ် ဒီမှာလည်း ချို့တဲ့ တဲ့အိမ်လေးတေရှိတော့ အဲ့ဒါ သား သွားလှူဖြစ်မလားလို့ "

" ရွာလေးထဲကိုထွက်မလို့လား။ ဘယ်တော့သွားမှာလဲ။"

တစ်ခါမှ ၀င်မပါစဖူး ၀င်ပါပြောလာသော တော်၀င်တစ်ယောက်ကြောင့် မယ်မယ်တစ်ယောက် တအံ့တသြဖြစ်ကာ။နိုအာ သည်လည်း ပြုံးလျက်ပင် မျက်စိမှေးကာကြည့်လာတော့၏။

"အဟမ်း ဟုတ်သား မယ်မယ် ကျွန်တော် Royalကိုအဖော်ခေါ်သွားခွင့်ပြုပါ။နည်းနည်း ကူခိုင်းချင်လို့သူ့ကို "

"သားလူ လိုက်မယ်ဆိုရင်သာ ခေါ်သွား မယ်မယ်က ခွင့်ပြုတယ်။ "

"Royal သေချာပေါက် လိုက်မှာ မယ်မယ်။ဘာလို့ဆိုသူက... "

"နိုအာ လာ လာထ  သွားမယ်။
မယ်တော် သား နိုအာကို လိုက်ကူညီပေးလိုက်ဦးမယ်။သူတစ်ယောက်ထဲ မနိုင်မှာဆိုးလို့။ "

" ငါ့ကို ကူညီချင်တာရောဟုတ်လို့လား..
အွန်း အွင်း အား မင်းလက်ကိုဖယ်စမ်း Royal !! "

The RoyalWhere stories live. Discover now