Part-5

154 11 0
                                    


Unicode Ver

ပိကျိ ပိကျိ ပိကျိ

ထွဋ်တေဇ တစ်ယောက် မနက် ၆နာရီ၀န်းကျင်ခန့်တွင်
နိုးလာခဲ့ပြီး အိပ်ရာ ထပ်၌ ငူငိုင်ငိုင်ကြီး ထိုင်နေမိ၏။
အကြောင်းမှာ သူ ညကမက်တဲ့ ရှုပ်ရှပ်ခတ်နေသောအိမ်မက်ကြီးကြောင့်ပင်။

အိမ်မက်ထဲ၌ သူအပါအ၀င်လူများသည် အနောက်တိုင်းမကျတကျအချိန်ခါတွင်ဖြစ်ပြီ သာမန်၀တ်စုံများနှင့်ဖြစ်သည်။တချို့သူများကတော့ တော်၀င်၀တ်စုံနှင့်များပင် ဖြစ်သည်။တော်၀င်၀တ်စုံနှင့်သူများသည်ကား သူမနေ့ကမြင်တွေ့ခဲ့သည့် နံရံတစ်လျှောက်မှ ဓာတ်ပုံပိုင်ရှင်များနှင့်တူသယောင်ရှိ၏။သူ့အိမ်မက်များသည်ကား တစ်မျိုးထဲမဟုတ်ပဲ မျိုးစုံရောယှက်နေလေသည်။ဆေးရုံ၊ခမ်းနားလှတဲ့မင်္ဂလာပွဲ တစ်ခု၊အသုဘအခန်းအနားတစ်ခု၊ကား Accident တစ်ခုစသည်တို့ကို မြင်တွေ့ရပြီး ထိုနေရာများ၌လည်း သူရှိနေခဲ့၏။

"ဘာတေ ဖြစ်ခဲ့တာလဲ အရင်တုန်းကမက်ခဲ့ဖူးသည့် အိမ်မက်တေနဲ့မတူပဲ တစ်ခုခုကို ဖော်ပြနေချင်တဲ့ပုံစံမျိုး မဟုတ်လား အဲ့ဒီထဲမှာရော ငါက ဘာလို့ပါနေတာလဲ"

အိမ်မက်အကြောင်းစဥ်းစားတာရပ်ပြီး အိပ်ရာထရန်အပြု...အား!!

အိပ်ရာအသစ်ပြောင်းခဲ့ရသည်မို့ ထွဋ်တေဇတစ်ယောက် ဇက်လည်နေပြီဖြစ်၏။သူ့လည်း ဂုတ်ပိုးအနီးနားတစ်၀ိုက်ကို နှိပ်လိုက်ပြီး မနက်မိုးလင်းလုပ်ဆောင်ချက်များဖြစ်သည့် မျက်နှာသစ်၊သွားတိုက် ရေချိုးမိုးချိုးသည့်ကိစ္စရပ်များကိုလုပ်ဆောင်လိုက်သည်။  အင်္ကျီလက်ရှည်ပြာနုရောင်အကွက်ကို တံတောင်ဆစ်အထိခေါက်၀တ်ပြီး ဂျင်းဘောင်းဘီအနက်ရောင်နှင့်တွဲ၀တ်လိုက်သည်။နဂိုအသားဖြူသူမို့ ပို၍ပင်သန့်ပြန့်သွားသည်။ပြင်ဆင်ပြီးသည်နှင့် အောက်ထပ်သို့ဆင်းလာလိုက်တော့သည်။

အောက်ထပ်ရောက်သည့်အခါ ထမင်းစားခန်းသို့တန်း၀င်လိုက်သည်နှင့်

"အကိုလေး အကိုလေး "

"အင်း ဘာဖြစ်လို့လဲ။ "

"မနေ့က ပြောထားတဲ့ အလုပ်သမား မိသားစု၃ယောက် ရောက်လာလို့ အဲ့ဒါ"

The RoyalWhere stories live. Discover now