Part-4

185 14 0
                                    


Unicode Ver

သာယာသော ညနေခင်းတစ်ခု ၌ လူငယ်လေးတစ်ဉီး အ၀တ်လျှော်ခြင်းအလုပ်ကိုပြုနေပြီး နောက်လူငယ်တစ်ဉီးက ကြာပွင့်များနှင့်ကြာကွက်များရှိရာ ရေကန်ထဲမှ ရေများကို အခေါက်ခေါက်ခါခါဆင်းခပ်ကာ အ၀တ်လျှော်နေသူ ရှိရာသို့ လာလာဖြည့်ပေးနေလေသည်။

ထိုနှစ်ဉီးသည်ကား တော်ဝင်စံအိမ်ကြီးရှိရာ မြို့နယ်လေးအတွင်း လမ်းဆုံလေးတွင်နေထိုင်ကြသော ညီအကို၂ယောက်ပင်ဖြစ်လေသည်။

" ညီညီ ပင်ပန်းရင် မလျှော်နဲ့တော့ ကိုကြီးဆက်လျှော်မယ်။ "

"ရတယ်ကိုကြီး ရ ကိုကြီးလည်း ရေတေဆင်းခပ်ခပ်ပေးနေရတာ ပင်ပန်းနေမှာကို "

"ငါက ကိုယ်ခံအားကောင်းပါတယ် ကွ "

" ဟုတ်ပါပြီ ကိုယ်ခံအားကောင်းတာအသာထားဉီး မေကြီး ပြန်မလာသေးဘူးမလား ဒီတစ်ခါ အသီးအရွက် သွားပို့တာကြာလိုက်တာ တဖက်မြို့ပြင်မှာမို့လို ညီညီ သွားပို့ပေးမယ်ပြောတာကို ကိုကြီးအမေက လက်မခံဘူး။ "

" အင်း ငါတို့လည်း အမြန်အလုပ်ဝင်မှပါလေ ဒီခြံလေးထဲစိုက်ထားတဲ့ အသီးအရွက်တေပဲ ခူးပြီး တစ်ဖက်မှာ သွားသွားရောင်းနေရတဲ့ မေကြီးကိုလည်း နားစေချင်ပြီ။ "

" ဟုတ်သား  ညီညီပြောဖို့မေ့နေတာ ဟိုးဘက်က ခြံကြီးထဲမှာ တစ်အိမ်ထဲ ဟီးနေအောင် ဆောက်ထားတဲ့ တော်ဝင်စံအိမ်ကို လူတေရောက်လာကြပြီတဲ့ အဲ့ဒီကပိုင်ရှင်က စံအိမ်ကို မွန်းမံပြုပြင်ပြီး ဒီမှာသူပိုင်တဲ့ ဟိုတယ်လုပ်ငန်းကို ဒီစံအိမ်မှာပဲနေပြီးဉီးစီးတော့မှာတဲ့.. "

"အဲ့ဒါ ငါတို့နဲ့ဘာဆိုင်တုန်း ညီညီရ "

"ဆုံးအောင် နားထောင်ပါဉီးလား ကိုကြီးရယ်၊မနက်က အဲ့က အလုပ်သမားလေးတစ်ဉီးက စံအိမ်မှာကူဖို့ အလုပ်လုပ်ချင်တဲ့လူရှိကြလားဆိုပြီး ရွာထဲထွက်လာပြီးမေးနေတာ အဲ့ဒါနဲ့ ညီညီလည်း လုပ်မယ်ဆိုပြီး ၃ယောက်စာပြောလိုက်တယ်။ကိုကြီးသိတဲ့အတိုင်း ကိုကြီးရဲ့အမေက အေးအေးဆေးဆေးနေမဲ့လူမဟုတ်တာကြောင့် မေကြီးအတွက်ပါ လုပ်မယ်လို့ပြောလိုက်တယ် အနည်းဆုံး မေကြီးကို ညီညီ တို့အနားမှာထားလို့ရတယ်ဆိုပြီး။ "

The RoyalWhere stories live. Discover now