Part-9

146 16 0
                                    


Unicode Ver

ဆောင်းရာသီ မဟုတ်ပဲ ရုတ်တရက် အလွန်ချမ်းစိမ့်လာ၏။ကုန်းဆင်း မိုးအောင် တစ်ယောက် စောင်များအထပ်ထပ်ခင်းပြီး ကိုယ်ပေါ်၌လည်း အထပ်ထပ်ခြုံကာ အိပ်ရတော့သည်။သိပ်မကြာဘူး အပေါ့သွားချင်လာတာကြောင့် စောင်ကိုဖယ်ကာ အောက်ဆင်းခဲ့သည်။

အိမ်သာက အနောက်ဘက်ခြံစည်းရိုးနှင့်ကပ်၍ဆောက်ထားသောကြောင် တော်တော်ဝေးဝေးလျှောက်ရ၏။ဒါကြောင့် အိမ်သာထိမသွားတော့ပဲ နီးရာ အပင်တစ်ပင်၏ခြေရင်း၌သာ ထိုင်ပြီး စွန့်လိုက်တော့သည်။ညကလည်း မှောင်မဲပြီအရင်ကထက်ပင်ပို၍တိတ်ဆိတ်နေသယောင် ထိုအချိန် မိုးအောင်
ခေါင်းပေါ်ရှိသစ်ပင်ထက်မှ အသံတစ်သံကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ

အပင်၏တစ်၀က်လောက်၌ အနက်ရောင်ကုတ်အင်္ကျီနှင့်လူရှိနေသည်ကို  မြင်တွေ့ခဲ့ရခြင်းဖြစ်၏။ထိုသူ၏ မျက်လုံးနှစ်လုံးသည် တဖြည်းဖြည်း ထန်းသီးလုံးလောက်ကြီးလားပြီး သွေးများဖြင့် နီရဲတောက်နေသည်။မိုးအောင်တစ်ယောက် ကြောက်လန့်၍ မျက်လုံးပြူးလျှက်ပင် ထိုနေရာ၌ ရပ်ကြည့်နေချိန်

ဒုတ်

အား !!!

မိုးရွာခြင်းမရှိ၊လေမတိုက်ခြင်းမရှိပဲ ထိုအပင်ကြီးမှ အတော်တန်ကြီးမားလှသည့် သစ်က်ိုင်းကြီးသည် မိုးအောင်ပေါ်သို့ပြုတ်ကျလာခြင်းဖြစ်ကာ ထိုနေရာ၌ပင် ကုန်းဆင်း ကိုမိုးအောင်တစ်ယောက် မျက်လုံးပြူး မျက်စံပြူးဖြင့် သေဆုံးသွားလေသည်။

တစ်ချိန်ထဲ၌ပင် ရွာထဲက လူအများစုသည်လည်း သရဲတစ္ဆေများစွာ၏ခြောက်လှန့်မှုများကို တပြိုင်နက်ထဲခံစားခဲ့ရ၏။

....

ညကဖြစ်ခဲ့သော ရုတ်တရက်ဆန်ဖြစ်ပေါ်ခဲ့သော ကိစ္စများ အပြီး ထွဋ်တေဇ တစ်ယောက်အိပ်ဆေးသောက်ကာ အိပ်စက်ခဲ့ခြင်းဖြစ်သည့်အတွက် ဒီနေ့တော့မည်သည့်အိမ်မက်ကိုမျှမမက်ချေ။

ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာစဥ် စံအိမ်ရှိရာခြံ၀န်းကြီး ရှေ့၌ လူအများ တရုတ်ရုတ်နှင့် စည်ကားနေတာကို မြင်လိုက်ရသဖြင့်

The RoyalWhere stories live. Discover now