Paet-10

132 14 1
                                    

Unicode

" အဲ့ဒီ့တော့ မင်းပြောချင်တာက မင်းက သရဲမြင်ရတဲ့ ဆဌမအာရုံရှိတယ်ပေါ့။ "

"ဟုတ် အကိုလေး ကျွန်တော် ငယ်ငယ်ထဲက အဲ့ဒီအာရုံ ကိုရခဲ့တာပါ မယုံရင် ကိုကြီးနဲ့မေကြီးကို မေးကြည့်လို့ရပါတယ်။ "

" ဟုတ်ပါတယ် အကိုလေး ညီညီက ငယ်ငယ်ထဲက ပရလောက ကိုမြင်နိုင်ပြီး ၀ိညာဥ်တစ္ဆေတေပေးတဲ့
အန္နာရယ်တေကိုလည်းခဏခဏကြုံခဲ့ရတာပါ။ညီညီပြောတာတေကို ယုံလို့ရပါတယ်။"

ဒေါ်သီရိစံလည်း ခေါင်းငြိမ့်ကာ

" သားငယ် က တကယ် ၀ိညာဥ်တေကိုမြင်နိုင်တာပါအကိုလေး အဲ့ဒီအပြင် ၀ိညာဥ်တေရဲ့ဘ၀ဟောင်းနဲ့စိတ်ဆန္ဒတေကိုပါ ခံစားနိုင်ပါတယ်။အဲ့ဒီအာရုံကနေ ကောင်းတဲ့ ၀ိညာဥ်လား။ဆိုးတဲ့၀ိညာဥ်လားဆိုတာကိုလည်း သူ ခွဲခြားနိုင်ပါသေးတယ်။"

ထွဋ်တေဇ ထိုမိသားစု ပြောသောစကားများကို သေချာနားထောင်နေပြီး

" အင်း ဒါဆို မင်းအခုဘာတွေမြင်ရလဲ မင်းခန့်သူ "

အကိုလေးသည် အနည်းငယ်ယုံကြည်လာသည့်အနေအထားဖြင့် မေးလေသည်မို့

"အခု ဒီနေရာမှာတော့ ဘာမှမရှိပါဘူး အကိုလေး ဒါပေမဲ့"

" ဒါပေမဲ့ "

"စံအိမ်ကြီးထဲမှာ နာကြဥ်းမုန်းတီးမှုတေပြည့်နေတဲ့
၀ိညာဥ်ရဲ့အခိုးအငွေ့တွေရှိနေတယ် အကိုလေး ပြီးတော့ သူက အကုန်လုံးကို အန္နာရယ်ပေးစေချင်တဲ့ အရိပ်အယောင်တေလည်းပြနေတယ် အကိုလေး။ ၀ိညာဥ်အစစ်ကိုတော့ ကျွန်တော်လည်းသေချာမမြင်ရသေးဘူး အမြဲတမ်းသူ့ရဲ့နောက်ကျောကိုပဲမြင်မြင်လိုက်ရတာ ဟိုနေ့ညကတော့ သူ့ကိုသေချာမြင်လိုက်ရပေမဲ့ ခဏလေး ဆိုတော့.."

" ဒါဆို မင်းပြောချင်တာက ဒီတော်၀င်စံအိမ်ထဲမှာ ၀ိညာဥ်တစ်ကောင် ရှိတယ်ပေါ့။သူက ဘယ်သူလဲ။ ဘာလို့ အန္နာရယ်ပေးချင်နေရတာလဲ ငါတို့ကို ။ "

"အဲ့ဒါတော့  ကျွန်တော်လည်းမသိဘူး။တစ်ခုတော့ရှိတယ် အဲ့ဒါ .."

"ဘာတစ်ခုလဲ "

"ဟို..ဟို အပေါ်ထပ်က ချိတ်ပိတ်ထားတဲ့အခန်း...
အဲ့ဒီအခန်းထဲကို သူ၀င်၀င် သွားတာ ကျွန်တော်တွေ့တွေ့နေရတယ် အကိုလေး အဲ့အခန်းထဲမှာတော့ သဲလွန်စ တစ်ခုခု ရှိမယ်လို့ကျွန်တော် ထင် "

The RoyalWhere stories live. Discover now