Part-12

100 7 0
                                    


Unicode

"ငယ် ဒီကိုဘယ်လိုရောက်လာတာလဲ "

"ဟိုမှာအနားယူလို့ ၀လို့ ပြန်ရောက်လာတာလေ"

"ကြိုပြောတာမဟုတ်ဘူ ငယ်ရယ် ကိုယ်လာကြိုမှာပေါ့ "

" ထားပါ။ဒီမှာ ဘာတွေဖြစ်နေတာလဲပဲ ပြောပြပါ ကိုထွဋ် "

" အဲ့ဒါက "

"အွန်း"

သိလိုစိတ်ပြင်းပြနေတဲ့ သူ ချစ်ရတဲ့ငယ်ရဲ့မျက်၀န်းတေကိုလည်း လျစ်လျူမရှုနိုင်ဖြစ်ရကာ

" ဒီကိုရောက်ရောက်ချင်း ငယ်ဘာထူဆန်းတာ ခံစားမိလဲ "

"ဟွန် "

ထွဋ်တေဇအမေးအား ရှိန်း မျက်မှောင့်ကြုတ်ကာ အာမေဋိတ်စကားအသံလေး ပြုလေပြီး

" ဘာကို ထူးဆန်းရမှာလဲ ရောက်လာတော့ စံအိမ်တစ်ခုလုံး တံခါးတေပိတ်ထားတယ်လေ။ရှိန်း တံခါးဖွင့်ပြီး ၀င်လာတော့ ခုံတေကလည်းလဲနေတယ်။ ပန်းအိုးတေ ဓာတ်ပုံတေကလည်းကျကွဲနေတာ ပြီးတော့ ကိုထွဋ်တို့ကလည်း ကြမ်းပြင်မှာလဲနေတယ် ကျန်တဲ့လူတေကလည်းဒဏ်ရာရတဲ့လူကရ ကြောက်တဲ့လူကကြောက်နေကြတယ်လေ။  "

စကားအရှည်ကြီးပြောလာပြီး ရန်တွေ့သယောင်ပြောလာသော ငယ်ကြောင့် ထွဋ်တေဇ ပြုံးမိကာ

" ဟုတ်ပါပြီ။ဟုတ်ပြီ  ဖြည်းဖြည်းပြောပါ ကလေးရယ် မောနေဦးမယ်။ "

"မမောဘူး။ငယ် တကယ်သိချင်တယ်ဘာတေဖြစ်နေခဲ့တာလဲဆိုတာ "

အမြဲ ရှိန်း ဟူ၍သာ သူ့ကိုယ်သူ သုံးလေ့ရှိသော ကလေးက အခုတွင်တော့ ငယ် ဟု သူ့ကိုယ်သူပြောင်းသုံးလာသောကြောင့် ထွဋ်တေဇ ထပ်မံ၍ အံ့သြရပြန်သည်။

" ငယ် တကယ်တော့ ဒီစံအိမ်မှာ မကျွတ်သေးတဲ့ စံအိမ်ပိုင်ရှင်ဟောင်းရဲ့၀ိညာဥ် ရှိနေသေးတယ် လို့ပြောရင် ငယ်ယုံမှာလား။ "

" ရှိန်း ကိုယ်တိုင် မမြင်ရတဲ့အရာတေကို ရှိန်း မယုံဘူး "

"အကိုလေးရှိန်း အဲ့ဒီ့၀ိညာဥ်က တကယ်ရှိတာကျွန်တော်တို့လည်းမြင်လိုက်ရတယ်။မုန်းတီးမှုတေပြည့်နေပြီး အရမ်းဆိုးတာ ကျွန်တော်တို့မျက်မြင်ပဲ။စောနကတောင်အကိုလေးနဲ့ မင်းခန့်သူကို လည်ပင်းညှစ်..ညှစ်"

The RoyalWhere stories live. Discover now