Part 1

189 4 0
                                    

"ကလေး ဘယ်သွားမို့လဲ"

"ကျောင်းသွားမို့လေ"

"ကျောင်းပြီးသွားတာကို ကျောင်းကိုဘာသွားလုပ်မို့"

"မေမေက မီးကျောင်းတက်တာကို ကြည့်ပြီးအားကျလို့ ကျောင်းသွားတက်ချင်တာမလား"

သမီးလုပ်သူရဲ့စကားကြောင့် ခန့်တစ်ယောက်ရယ်မောစွာ..

"တွေ့လား သမီးလေးတောင်ပြောနေပြီ"

"ဦးကလည်း နှင်းအိမ်ထဲမှာနေရတာတော်တော်ကြာပြီလေ အဲ့တော့ နန်းတို့နဲ့ချိန်းထားတာကျောင်းမှာ"

"အိမ်ထဲမှာနေရတာ ဘယ်လောက်ကြာသေးလို့လဲ ခုမှ၂လတောင်မပြည့်သေး"

"သွားခွင့်ပေးမှာလား မပေးဘူးလားပြော"

ဟုတ်ပါတယ် ဦးရဲ့အလိုလိုက်အလျှော့ပေးမှုအောက်မှာ ဦးအပေါ်မှာ ကိုကိုတို့မမတို့ကိုဆိုးသလို ဆိုးတတ်နေသလို ရစ်လည်းရစ်တတ်နေပါပြီ

အရာရာကို အချိန်က ကုစားတတ်တယ်ဆိုတာ မှန်ကန်သည့်ဆိုရိုးပါ ဘာလို့ဆို ဘယ်လောက်ပဲအဆိုးဆုံးကို ခံရပါစေ နှင်းတို့အခု နာကျင်တာတွေမေ့ပြီး ပျော်ရွှင်နေတာပဲမလား အရေးကြီးဆုံးအရာတစ်ခုက ဘေးနားမှာဖေးမမယ့်လူရှိဖို့ပါ

"ကိုယ်သွားခွင့်မပေးရင်လည်း ကိုယ့်ကိုစိတ်ကောက်ပြမှာမလား"

"ဘာလဲ ကောက်ခွင့်မရှိဘူးလား ကောက်ခွင့်မရှိရင်လည်း ကြိုပြော"

"ကောက်ခွင့်ရှိပါတယ်ဗျ ဒါမယ့် ခင်ဗျားလေးကောက်လို့မရအောင် ကျောင်းကိုသွားခွင့်ပြုပါတယ်"

"တကယ်လား ဦး"

"တကယ်ပေါ့ ဒါမယ့်"

"ဘာဒါပေမယ့်လဲ ဦး"

"သမီး အောက်မှာ ဖိုးဖိုးကသမီးကိုစောင့်နေတယ် အရင်ဆင်းနှင့်နော် ပြီးရင် ဖေဖေနဲ့မေမေလာခဲ့မယ်သိလား"

"ဟုတ်ဖေဖေ"

နှင်းလေးကို အပြင်ထွက်ခိုင်းတည်းက ဒီဦးမဟုတ်တာ တစ်ခုခုတော့ကြံနေပြီ

"ကိုယ့်ကိုနမ်းမှ သွားခွင့်ရမယ်"

"လူညစ်ကြီး"

"မညစ်ပါဘူး သန့်ပါတယ် အခုလေးတင်မှသမီးလေးနဲ့အတူ ရေချိုးထားတာ အခုထိတောင်မွှေးနေသေးတယ် မယုံရင်နမ်းကြည့်ပါလား"

"နစ်နာနေပါအုံးမယ်နော်"

"ရတယ်လေ ကိုယ်ကအခွင့်အရေးလည်းပေးရသေးတယ် မလိုချင်မှတော့ နေပေါ့"

"ပေးမယ် ပေးမယ် မျက်လုံးမှိတ်ထား"

"အွန်း"

ဦး မျက်လုံးမှိတ်တာနဲ့ နှင်းလည်း ဦးပါးကိုအမြန်နမ်းပြီး အောက်ပြေးဆင်းပြီး ရောက်နှင့်နေတဲ့ ပျိုတို့စောင့်နေတဲ့ကားပေါ် ပြေးတက်လိုက်တော့

"အမလေး ကြာလိုက်တာဟယ် နင်လုပ်တာ နန်း စာမေးပွဲခန်းထဲက ထွက်ပြီး အိမ်ပြန်သွားရင် ဘယ်လိုလုပ်မလဲ"

"ဟုတ်တယ် ဟုတ်တယ် ငါကြာတယ် ဟုတ်ပြီလား သွားရင်းနဲ့ဆူ အခုတော့ နန်းကိုကြိုမို့ ကားမောင်းတော့"

"နင်ပြောစရာမလိုပါဘူး တခါတလေလေးအပြင်ထွက်မို့ကို နင်ဘာတွေခက်နေတာလဲဟင် နှင်း"လို့ နှင်းကို ဆူနေသလိုနှင့်ပြောရင်း ကားမောင်းနေတဲ့ပျို.......

"အဲ့ဦးလေ ငါ့ကိုအပြင်မထွက်ခိုင်းဘူး ငါ့မှာမနည်းပြောပြီးထွက်လာရတာ"

"ဒေါ်နှင်းတို့များ အရင်ကအကိုတွေအမတွေ တစ်အိမ်လုံးကို နိုင်ခဲ့သမျှ ဆိုးခဲ့သမျှ အခုအိမ်ထောင်လည်းကျသွားရော အပြင်ထွက်ဖို့တောင် အနိုင်နိုင်"

"နိုင်ပါတယ်နော် အခုက ငါ့ကိုစိုးရိမ်လို့ ဦးက မထွက်ခိုင်းတာ"

"အော် ဟုတ်ကဲ့ မနိုင်ရင်မနိုင်ဘူးပေါ့ မာန်ကမလျှော့နိုင်ဘူး"

"နင်တို့ကလည်း ငါ့ကိုဆိုပြောဖို့ပဲ"

"ပြောရမယ်လေ RSတွေဆို ကောင်းမှမကောင်းတာ"

"Hey Stop လွှာ RSတွေမကောင်းဘူးမပြောနဲ့ Vdayဆို RSတွေ ပန်းစည်းနဲ့Chocolateရရင် နင်တို့ အမြဲတမ်းငေးခဲ့ပြီး RSဖြစ်ချင်ခဲ့တာမဟုတ်ဘူးလား ပြီးတော့ တို့နဲ့ဦးက RSမဟုတ်ဘူး Marriedအဆင့်တောင်ရောက်ပြီ ပြီးတော့ ငါ့ကိုလေးလေးစားစားဆက်ဆံ ငါကအရင်ကTOPရဲ့ဆက်ခံသူ ICကျောင်းသူလေးတစ်ယောက်မဟုတ်တော့ဘူး ICနဲ့ကျောင်းပြီးထားတဲ့ ဝန်ကြီးချုပ်ကတော်ဖြစ်နေပြီ"

"လွှာ နင်မနိုင်ရင် သွားမပြောနဲ့ သူကနင့်လို အဖေနဲ့အမေနှစ်ယောက်ကိုပဲ အနိုင်ကျင့်နေတဲ့သူမဟုတ်ဘူး နှစ်ဖက်အဖိုးအဖွားတွေတင်မက အဖေအမေ အကိုအမတွေနဲ့ဦးလေးတွေကို အနိုင်ကျင့်လာတဲ့သူ"

"ဟုတ်တယ်ပြောလိုက်"

"သူအနိုင်ကျင့်ခံရတဲ့ထဲ ငါတို့လည်းပါတာကို နင်ပြောဖို့ ကျန်ခဲ့တယ် ပျို"

"ဟုတ်တယ်"

"ဒီတစ်လမ်းလုံး ငါ့ကိုပဲ ပြောနေတော့မှာလား ဟိုရောက်လို့ နန်းကိုတွေ့ရင် ဘယ်လိုလုပ်မှာလဲပြောအုံးလေ"

"ဘာလုပ်ရမှာလဲ Surpriseဆိုပြီး သူ့ခေါ်ပြီး လျှောက်လည်ကြမှာပေါ့"

"သူဘယ်မှာဖြေရလဲဆိုတာ သိရဲ့လား"

"သိတယ် ငါတို့စာသင်တဲ့အဆောင်မှာပဲ"

"အော် အွန်း"

သွားတဲ့လမ်းတစ်ဝက်လောက်ကို ပေါက်ပေါက်ဖောက်နေပြီး ကျောင်းထဲဝင်မှတိတ်သွားတဲ့နှင်းတို့

"ပျို ကားရပ်လိုက် ဟိုမှာ နန်းထွက်လာပြီ"

နှင်းတို့လည်း ဘေးမှာကားထိုးရပ်လိုက်ပြီး ဆင်းလိုက်တော့

"နှင်း ပျို လွှာ နင်တို့ဘယ်လိုလို့ရောက်လာတာလဲ"

"ဘယ်လိုရောက်လာရမှာလဲ Masterတက်နေတဲ့ပထမနှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ဂုဏ်ပြုမို့လေ"

"တကယ် ဒါဆိုရွှေတိဂုံဘုရားသွားကြမယ်"

"ဟမ် ငါတို့က ကစားကွင်း မုန့်ဆိုင်ပြီးရင် shoppingထွက်မို့လေ"

"အင်းလေ နန်း နင်ကလည်း ဘာလို့လဲ"

"နင်တို့ကလည်း မသိတာကျနေတာပဲ ဘုရားသွားမယ်ဆိုမှတော့ ဒေါ်နန်းတို့ စာမေးပွဲမှာတစ်ခုခုဖြစ်လာပြီ ထင်တယ်"

"ဟီး... ဟုတ်တယ် ငါ့ကိုယ်ငါသိပ်မသေချာလို့ သူများတွေပြောတာတော့ အပုဒ်ကြီးတစ်ပုဒ်က မေးခွန်းလှည့်ထားတယ်တဲ့ တချို့ကRelationဆိုပြီး ဖြေလိုက်ပေမယ့် တကယ်ကMoleculeဖြေရမယ်ဆိုလားပဲ ငါလည်း ဘာဖြေခဲ့မှန်းမသိတော့လို့ဟ လာပါဘုရားသွားမယ် ပထမက ငါတစ်ယောက်တည်းသွားမို့ အခုနင်တို့ပါလာတော့ အဖော်ရတာပေါ့"

"အွန်း အွန်း သွားမယ် လာလာ"

နန်းဆိုတာ အဲ့လိုပါ ပထမ သူ့ဟာနဲ့သူ မှန်တယ်ထင်နေရပေမယ့် တစ်ယောက်က မှားတယ်လို့ပြောလိုက်ရင် သူပါဘာဖြေခဲ့မှန်း မတွေးတတ်တော့တဲ့သူ..................။

.................

ရဲရင့် ကျောင်းသားတွေရဲ့အဖြေလွှာတွေ လူပြည့်မပြည့်စစ်ပြီးတော့ သွားအပ်ရင်း လမ်းမှာဝင်လာတဲ့ဖုန်း

Contactကိုကြည့်တော့ 'အဖွား'

"ဟယ်လို အဖွား"

"မြေးရေ မလာသေးဘူးလား အဖွားတောင် ဘုရားမုခ်ဦးရောက်နေပြီ"

"ဟုတ်လား ဖွား သားလာခဲ့မယ်နော် အခုမှကျောင်းသားတွေရဲ့စာရွက်သွားအပ်မို့"

"အွန်း အွန်း"

..........

"သခင်မကြီး ဘုရားပေါ်တက်တော့မလား အကိုလေးကိုပဲ ဒီမှာပဲစောင့်နေမလား"

"သူလာတာပဲစောင့်နေလိုက်မယ်လေ ကားစက်ရပ်ပြီး မှန်တွေချလိုက် ငါ Air-conထက် အပြင်လေကို ပိုလိုချင်တယ်"

"ဟုတ်ကဲ့ သခင်မကြီး"

............

"ပျို ဟိုမှာ parkingလွတ်တယ် ဝင်ထိုးလိုက်"

"အင်း"

ပျို နန်းပြောတဲ့လွတ်တယ်ဆိုတဲ့နေရာကို Backဆုတ်ပြီး Parkingထိုးဖို့ ပြင်နေချိန်မှာပင် အနောက်က ကားတစ်စီးက ဒီတိုင်းထိုးဝင်လိုက်တော့ ပျိုတို့ထိုးဖို့ နေရာမရှိတော့..........

သူက နန်းတို့ထက်အရင်ရောက်သေးရင်ဟုတ်သေးတယ်လေ အခုဟာက နောက်မှလည်းရောက်သေးတယ် ပြီးတော့နှစ်နေရာစာကို တစ်စီးတည်းရပ်သွားတယ်

ဒါကြောင့်နန်းလည်း မဆင်းလာသေးတဲ့တစ်ဖက်ကားကို မှန်သွားခေါက်တော့

ကားမှန်ချလာတဲ့အမတစ်ယောက် သူ့ပုံကခေတ်မှီလွန်းတဲ့သူပါ

"ဘာလဲ မုန့်ဖိုးလိုချင်လို့လား ရော့"ဆိုပြီး နန်းကို၅၀၀၀တန်တစ်ရွက်ထုတ်ပေးလိုက်ခြင်း

နန်း ကြောင်တောင်ကြောင်သွားသည် နန်းက သူနန်းတို့ယူမယ့်နေရာကို parkingထိုးလိုက်တာ ဘာမှမပြောပါဘူး အများပိုင်လေ ပြီးတော့ နှစ်နေရာစာမို့ သူ့ကားကိုနည်းနည်းရွှေ့ခိုင်းမယ်ဆိုပြီး ပြောလိုက်ခြင်း

အခုတော့ နန်းကို ပိုက်ဆံ၅၀၀၀ပေးတယ်တဲ့ သူလုပ်တဲ့ပုံက နန်းကဘာဖြစ်သွားပြီလဲ ပြီးတော့ နန်းဝတ်ထားတာလည်း စုတ်စုတ်ပြတ်ပြတ်မဟုတ်ပါဘူး ဒါမယ့် ဒီလိုအပေးခံလိုက်ရတော့ ဘာပြောရမှန်းမသိတော့

နန်းအခုလို ပိုက်ဆံအပေးခံရတာကို ပျိုတို့လည်း ကားပေါ်ကမြင်တော့ နှင်းကပဲ ကားဟွန်းတီးပြီး မှန်ချကာ

"နှင်းတို့ကို ဘာများမှတ်နေလဲ အမ နှင်းတို့က အမ ကားနှစ်စီးရပ်လို့ရတဲ့နေရာကို ခွရပ်ထားလို့ ဘေးနည်းနည်းရွှေ့ပေးဖို့ပြောတာ အမ အခုလုပ်လိုက်တာ ဘာသဘောလဲ"

"ဘာသဘောမှမဟုတ်ဘူး တို့က ဒီတိုင်းပေးလိုက်တာ တို့အတွက်၅၀၀၀ဆိုတာ တန်ဖိုးမရှိဘူးလေ"

"အမအတွက် တန်ဖိုးရှိတာမရှိတာ ညီမတို့မသိဘူး ညီမတို့သိတာက အမကားကို ဘေးနည်းနည်းရွှေ့ပေးဖို့ပဲ"

"အော် နေရာကိုပြောတာလား နေရာဆိုတာ ဦးသူယူလေ တို့အရင်ရပ်လိုက်တဲ့အတွက် မင်းတို့မှာ ဘာမှပြောခွင့်မရှိဘူး"

"အမပြောတာမှန်ပါတယ် ဒါမယ့်အခု အမကားက နှစ်စီးရပ်လို့ရတဲ့နေရာကို ခွရပ်ထားတာလေ ရွှေတိဂုံဘုရားဆိုတာ ပြည်တွင်းပြည်ပဘုရားဖူးအမြဲ သွားလာနေတာ ကားparkingဆိုတာ ဘယ်တော့မှမလောက်ဘူး နေရာတစ်နေရာလွတ်သွားရင် ဘုရားဖူးကားတွေအတွက်ကို အဆင်ပြေနေပြီ"

"ဟုတ်တယ်လေ မင်းပြောသလို ရွှေတိဂုံဘုရားက လူစည်တဲ့နေရာ အခုတို့ကားတစ်စီးတည်းဆိုပေမယ့် နောက်ထပ်ကားတစ်စီးလာအုံးမှာ အဲ့အတွက်တို့က ကြိုဦးထားတာ ဒါကြောင့်မင်းတို့ပဲ နောက်တစ်နေရာသွားရှာလိုက်"

"နောက်ကားလာမယ်ဆိုလည်း သူလာမှ နေရာရှာခိုင်းလိုက်ပေါ့ အခုတော့ ညီမတို့ရောက်နေလို့ နေရာဖယ်ပေးပါ အမ"လို့ ထပ်ပြောလိုက်တဲ့နှင်း

"ပိုက်ဆံဘယ်လောက်လိုချင်လဲပြော မင်းတို့တခြားနေရာသွားရှာလိုက်"

"ဟမ်....."နှင်းတို့လေးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်

Love's Theory (Love S2)Where stories live. Discover now