Part 4

43 1 0
                                    


"ဒီလိုပါပဲအဖွားရယ်"

"သားအမေဆက်တာလား"

"ဟုတ်တယ်ဖွား"

"ဘာလှမ်းပြောတာလဲ"

"မြန်မာပြည်ကို ၂လအတွင်းပြန်လာမယ်တဲ့ ပြန်လာတာနဲ့သားကို Rosyနဲ့လက်ထပ်ပေးမယ်တဲ့ သားလက်မထပ်ချင်ဘူး"

"မြေးက Rosyကို တကယ်လက်မထပ်ချင်တာလား"

"ဟုတ်တယ် ဖွား သားRosyကို လက်မထပ်ရဘူးဆို ဘာပဲဖြစ်ဖြစ်လုပ်မယ်"

"တကယ်လား မြေး"

"ဟုတ်တယ် ဖွား သားကို ဖွားကူညီမှဖြစ်မှာ နော် နော်.."ပါမောက္ခတစ်ယောက်လို့မထင်ရလောက်အောင် ချွဲပြနေတဲ့ရဲရင့်သွေး

"မင်းက ယုံရတာမဟုတ်ဘူး လိုတာမရခင်တော့တမျိုး ရပြီးသွားရင်တမျိုး"

သူမရဲ့သမီးပဲဟာ ဒီကိစ္စလောက်တော့
ဒေါ်အနီရင့်အတွက် အသေးအမွှားပါ ဒါမယ့်လူဆိုတာက ကိုယ့်အတွက်အကျိုးအမြတ်ရှိမှ ကြိုက်ကြတာမလား အဲ့လိုပဲ သူမကလည်း သူမလိုချင်တဲ့အကျိုးအမြတ်ကို မြေးဆီက ပြန်တောင်းဖို့ပင်

သူမမြေးဘက်က ကတိမပေးခင် သူမလိုချင်တာပြောလိုက်ရင် သဘောမတူမှာကြောက်ရတာမို့ ကြိုတင်ပြီး ကတိကဝတ်တွေတောင်းနေရခြင်း

"ဖွားကလည်း ဒီတစ်ခါတော့ တကယ်တကယ်ပါဖွားရယ် သားရဲ့ပါမောက္ခဂုဏ်နဲ့ကို ကတိပေးတယ်"

"ဒါဆိုလည်းပြီးရော ဖွား မင်းကိုကူညီမယ် ဒါမယ့် မင်းကလည်း အဖွားပြောမယ့်ဟာကို သဘောတူရမယ်"

"Rosyနဲ့လက်မထပ်ရရင် အကုန်သဘောတူတယ် တကယ်လို ကတိဖျက်ခဲ့တယ်ဆို သားဘယ်တော့မှ ပါမောကမလုပ်တော့ဘူး"

"သေချာစဉ်းစားအုံးနော် မြေး"

ရဲရင့်ဘက်က ပါမောက္ခမလုပ်တော့ဘူးနှင့်ပြောလာတော့ ဒေါ်အနီရင့်အတွက် စိတ်အေးရပြီ သူ့မြေးအလုပ်ချင်ဆုံးအရာက ပါမောက္ခမလား ပါမောက္ခလုပ်ဖို့အတွက် သဘောမတူတဲ့သူ့သမီးကို သဘောတူလာအောင် တော်တော်ကြိုးစားခဲ့ရတာလေ

"သားစဉ်းစားပြီးသွားပြီ ဖွား သားဘဝမှာ ပါမောက္ခလုပ်နေရရင်ကို ကျေနပ်ပြီ ဖွား မလုပ်ချင်ဆုံးကတော့ Rosyနဲ့လက်ထပ်တာပဲ"

"ကောင်းပြီလေ မြေး Rosyနဲ့လက်မထပ်ချင်ရင်ရတယ် ဖွား ကူညီပေးမယ်"

"ဖွားတကယ်ပြောတာလား ဒါကြောင့် ဖွားကိုချစ်နေရတာ"ဆိုကာ အဖွားလုပ်သူကို ဖက်လိုက်တဲ့ ရဲရင့်

"အတင်းချစ်တယ်ပြောမနေနဲ့ အဖွားခိုင်းတာလဲလုပ်ပေးရအုံးမှာ"

"အဖွား ဘာခိုင်းမှာလဲပြော အဖွားခိုင်းတာ သားအခုချက်ချင်းလုပ်ပေးမယ်"

"အဖွား အတွက်ချွေးမလေးတစ်ယောက်ရှာပေးရမယ်"

"ဟာ... အဖွားကလည်း လက်မထပ်ချင်လို့ ဖွားကိုကူညီခိုင်းတာလေ"

"မင်း အဲ့လိုပြောမယ်ဆိုတာကြိုသိလို့ ကြိုကတိတွေတောင်းခိုင်းထားတာ"

"ဖွားကလည်း တူတူပဲကို"

"မတူဘူး လက်ထပ်ရတယ်ဆိုပေမယ့် လက်ထပ်ရမယ့်သူမတူဘူး"

"ဖွားကလည်း"

"မင်းမှာ ရွေးချယ်စရာရှိတယ် Rosyကိုလက်ထပ်မှာလား မင်းနဲ့ရင်းနှီးတဲ့သူကို လက်ထပ်မှာလား"

"ရင်းနှီးတဲ့သူ"

"ဟုတ်တယ် အဖွားရွေးပေးမယ့်သူက မင်းနဲ့ရင်းနှီးတဲ့သူ Rosyနဲ့ဘာဆိုဘာမှမဆိုင်ဘူး"

ရဲရင့်စိတ်ထဲ အဖွားပြောတဲ့ သူနဲ့ရင်းနှီးတယ်ဆိုတဲ့သူကို စဉ်းစားကြည့်တော့ ထွက်ပေါ်လာတဲ့နာမည်က တစ်ခုတည်းသာ 'သံစဉ်မေ'

သူ ၁၀နှစ်ကြာစောင့်ခဲ့ရတဲ့သူမလေ

ဘာမှမပြောပဲ ထွက်သွားခဲ့လို့ တခါတလေမုန်းချင်ပေမယ့် တိုက်ဆိုင်တဲ့အခါကျ သတိရသွားခဲ့ရင် မျက်ရည်ကျရပြန်ရော

သူTutorစဖြစ်ပြီး အခု ပါမောက္ခဖြစ်ချိန်အထိ စာစစ်တာသင်တာမေးခွန်းထုတ်တာတွေနဲ့မို့ သူမကို သိပ်သတိမရတော့

သူမကို မေ့နေခဲ့ပြီလား ဆိုတော့လည်း မဟုတ် သူအခုလေးတင်အမေနဲ့ဖုန်းပြောပြီးတော့ သူမအကြောင်းကို ပြန်တွေးနေမိတာမလား.........

"ဘယ်သူလဲ ဖွား"

သိချင်စိတ်ဖြင့် စိတ်တစ်ဝက်က သူမဖြစ်ပါစေလို့ ဆုတောင်းနေသလို တဝက်ကလည်း သူမ မဟုတ်ပါစေနဲ့လို့ပေါ့

ဘာလို့ဆို သူမက မေမေ့ရဲ့အနှိမ်ကို မခံချင်လို့ သူ့ဘေးနားက ထွက်သွားတာလေ သူမသာ သူနဲ့လက်ထပ်မယ်ဆို မေမေက သူမကို ပိုနှိမ်မှာလေ..

"နန်းသီရိ"

"ဘယ်သူ........."

"နန်းသီရိ မင်းဆရာရဲ့သမီး"

"ဟာ အဖွားကလည်း သူနဲ့ကျွန်တော်က ရင်းနှီးတဲ့သူမှမဟုတ်တာ"

"သူက မင်းဆရာရဲ့သမီးဆိုမှတော့ မရင်းနှီးပဲနေမလား အဖွား အကုန်သိပါတယ် နန်းသီရိရဲ့အဖေက မင်းအချစ်ဆုံးဆရာလေ ပြီးတော့ ကျောင်းမှာဆို မင်းကသူ့ကို ဂရုအစိုက်ဆုံးဆို"

"သူ့အဖေက ကျွန်တော့်အချစ်ဆုံးဆရာမို့ မဖြစ်သင့်တာပေါ့ အဖွားရဲ့ ကျွန်တော် ဘယ်လောက်ပဲ Rosyကို လက်မထပ်ချင်ပါစေ ကျွန်တော့်ရဲ့
တပည့်ကိုတော့ လက်မထပ်နိုင်ဘူး ဖွား ပြီးတော့ အဲ့ကောင်မလေးအပေါ် ကျွန်တော်က တပည့်တစ်ယောက်အနေနဲ့ပဲ သဘောထားတာ သူအပေါ်ပိုဂရုစိုက်တယ်ဆိုတာကလည်း ကျွန်တော့်ဆရာရဲ့သမီးမို့ ဆရာကကျွန်တော့်ကို အပ်ထားလို့"

"ကောင်းပြီလေ မင်းမယူချင်လည်း သဘောပဲ Rosyကိုပဲ လက်ထပ်လိုက်လေ ပြီးတော့ အဖွားက နန်းသီရိကို မင်းနဲ့ပိုရင်းနှီးတယ်ဆိုတဲ့အတွေးလေးနဲ့ လက်ထပ်ဖို့ပြောတာမဟုတ်ဘူး ဘုရားမှာတွေ့တဲ့နေ့ကစ အဲ့ကောင်မလေးနောက်ကြောင်းကို စုံစမ်းခိုင်းပြီး သူ့ရဲ့အကျင့်လေးကို သဘောကျလို့ အဖွားရဲ့မြေးချွေးမလေးဖြစ်ဖို့ သဘောတူတာ"

"အဖွားရဲ့စိတ်ကိုနားလည်ပါတယ် ဒါမယ့် သား"

"မြေး သံစဉ်မေဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးဘူးမလား အဖွားကိုမှန်မှန်ပြော"

"သား"

"မင်းမမေ့နိုင်သေးပါဘူး အဖွားလိုက်စုံစမ်းပြီးသား မင်းပြောတဲ့ သူမရဲ့သူငယ်ချင်းတွေပြောသလိုဆို သူမက မင်းအမေက အဆင့်အတန်းမတူလို့သဘောမတူမှာကို သိလို့ ထွက်သွားတာ အဖွားသိတာကတော့ အဲ့လိုမဟုတ်ဘူး သူမနိုင်ငံခြားကိုထွက်သွားတယ် သက်တူရွယ်တူကောင်လေးတစ်ယောက်နဲ့တွဲသွားတွဲလာ အေးဆေးပဲ သူမရဲ့အခြေအနေနဲ့ဆို နိုင်ငံခြားမှာ ဘယ်လိုလုပ် အေးဆေးကျောင်းတက်နိုင်မှာလဲ ဒါမယ့် အဲ့လိုမဟုတ်ဘူး အေးဆေးကျောင်းတက်လိုက် လျှောက်လည်လိုက်ပဲ အဲ့တာကမင်းကိုချစ်ပေမယ့် အဆင့်အတန်းမတူလို့ ထွက်သွားတဲ့သူတစ်ယောက်နဲ့တူလို့လား"

"အဖွား ဒါတွေကို ဘယ်လိုသိလဲ သူ့သူငယ်ချင်းတွေဆီကတောင် ကျွန်တော်ဘာသတင်းမှမရ"

"လောကမှာ ငွေရှိရင် ဘာမဆိုဖြစ်တယ် မြေး အချစ်စစ်ဆိုတာလည်း ရှားတယ် အဖွား မြေးကို ဘာလို့စောစောမပြောခဲ့တာလည်းဆိုတော့ မြေးခံစားနေရတဲ့အချိန် အဲ့တာကိုထပ်ပြောရင် မြေး ပိုခံစားရမှာစိုးလို့"

"ဒါဆိုအခုကရော"

"မြေးကို အမှန်ကိုရွေးစေချင်လို့ အဖွားရွေးပေးတဲ့ မြေးချွေးမက မင်းဘဝအတွက် အကုန်ကောင်းတယ် မင်းရဲ့ဘဝဖြစ်တည်မှုကိုလည်း သူ့အသိုင်းအဝိုင်းတွေကလက်ခံမယ့်သူ သူ့မှာယှဉ်လို့မရတာတစ်ခုက မင်းထက်အသက်ငယ်တယ် အဲ့တာလေးတစ်ခုပဲ ရည်းစားလည်းမထားဖူးဘူး အမြဲတမ်းသူငယ်ချင်းတွေနဲ့ သာပျော်နေတတ်တဲ့ကောင်မလေး"

"နန်းသီရိက ကျွန်တော့်တပည့်ပဲ ကျွန်တော်သိပါတယ်အဖွား ဒါမယ့်"

"သူ့ကိုချစ်ဖို့ကြိုးစားရင် မင်းချစ်သွားမှာပါ"

"ကျွန်တော်မသိဘူး ဖွား အဖွားပြောတယ် သူမက ကလေးဆန်တယ် ဒါမယ့် ကျွန်တော့်မှာ သူ့ကိုအလိုလိုက်ရအောင် အချိန်မရှိဘူး"

"အသွင်တူမှအိမ်သူဖြစ်တယ် အဲ့တာလင်မယားတွေအတွက်တင်မကဘူး သူငယ်ချင်း မိတ်ဆွေတွေအတွက်ရောပဲ သူတို့သူငယ်ချင်းလေးယောက် အခုချိန်ထိပေါင်းလို့ရတယ်ဆိုတာ အသွင်တူလို့ အခုတို့တိုင်းရဲ့ ဝန်ကြီးချုပ်က မင်းနဲ့အသက်တူတူပဲ မင်းထက် သူ့လိုအလုပ်များတဲ့သူ မင်းလိုရည်းစားတောင်မဖြစ်ရသေးပဲ ကျန်ခဲ့တဲ့သူ မဟုတ်ဘူးနော် သူ့အရင်မိန်းမနဲ့ကလေးတစ်ယောက်တောင်ရှိသေးတာပဲ အဲ့တာကို အခုသူ့မိန်းမနဲ့အဆင်ပြေပြေပဲ အဲ့တာ ဝန်ကြီးချုပ်က မျက်နှာများတာမဟုတ်ဘူးနော် လုံးဝမိန်းမတွေနဲ့ ကင်းကင်းရှင်းရှင်း သူ့အခုမိန်းမနဲ့တွေ့ပြီးချစ်ပြီး ဟိုကကျောင်းတောင်မပြီးသေးဘူး လက်ထပ်လိုက်တာ မင်းနဲ့နန်းသီရိဆိုတဲ့ကောင်မလေးကရော မဖြစ်နိုင်ဘူးလား"

"အဖွားပြောတာ သားနားလည်ပါပြီ သားကို စဉ်းစားဖို့အချိန်၁လလောက်ပေးပါ"

"အော် အေး မင်းက မိန်းကလေးဆိုတော့ မူပြီးစဉ်းစားနေ သိလား အဖွားရဲ့မြေးချွေးမလေးကို မင်းနဲ့လက်ထပ်ဖို့ သွားကမ်းလှမ်းရင်တောင် စဉ်းစားဖို့ အချိန်၁ပတ်လောက်ပေးရင်ရပြီ"

"အဖွားကလည်း"

"အဖွားကမလည်းနဲ့ မင်းအသက်ဘယ်လောက်ရှိပြီလဲ ၃၀ ဟိုကငါ့မြေးချွေးမလေးက အသက်၂၀လောက်ပဲရှိသေးတယ် မင်းနဲ့ဆိုကညာပျိုနဲ့ဇရာအိုပဲ မင်းလိုအဖိုးကြီးရုပ် မျက်မှန်ကြီးတပ် ပုဆိုးနဲ့အကျီကော်လံကတုံးပဲဝတ်တဲ့ ပုံတုံးတုံးကို အဖွားလုပ်သူက မြန်မာလည်းဆန် ခေတ်လည်းဆန် ရုပ်လည်းချောတဲ့မိန်းမရှာပေးတာကို မူနေတာလေ ဟိုက အဖွားစုံစမ်းရသလောက် ကောင်လေးတွေရဲ့အသည်းစွဲနော်"

"ကျွန်တော်သိပါပြီ အဖွားရဲ့ မနက်ကျအဖြေပေးမယ် ဟုတ်ပြီလား"

"ပြီးရော ပြီးရော မင်းကို ရှင်းပြခန်းဝင်နေရတာ အဖွား ပုတီးစိပ်ဖို့တောင် နောက်ကျနေပြီ သေချာစဉ်းစားနော် အဖွားပြောတဲ့မြေးချွေးမလောင်းလေးကို မယူရင် Rosyနဲ့တွေ့ပြီဆိုတာလေး သတိလေးလည်းရ"

"ဟုတ်ကဲ့ပါဖွားရဲ့ ပုတီးဖြောင့်ဖြောင့်သွားစိပ်နော် ကျွန်တော်လည်းလုပ်စရာရှိတာလေးလုပ်လိုက်အုံးမယ်"

"အွန်း အိပ်ပြီ မင်းပြောတာမှတ်ထားနော် အဖွားပြောတဲ့ကတိမတည်ရင် ပါမောက္ခမလုပ်ဘူးဆိုတာလေး"ဆိုပြီး အခန်းတံခါးပိတ်ကာ ထွက်သွားတဲ့ ဒေါ်အနီရင့်

အဖွားလုပ်သူထွက်သွားမှ ရဲရင့်လည်း ကုတင်ပေါ်မှီပြီး

အဖွားက ငါ့ကိုစဉ်းစားခိုင်းတယ်သာပြောတာ ရွေးချယ်စရာက ငါ့ဘက်ဘာမှလည်းမရှိ နှစ်ခုစလုံးက ငါ့ဘက်မကောင်းတာချည်းပဲ

Rosyကိုကျ သူမရဲ့အမူအကျင့်တွေကြောင့် မယူချင်တာ

နန်းသီရိကျ ကိုယ့်တပည့်လည်းဖြစ်ပြန် သူ့အဖေက ကိုယ့်ကိုအပ်ထားလို့ တခြားကျောင်းသားတွေထက် နည်းနည်းလေပိုပြီး ဂရုစိုက်မိတာတောင် ဌာနက တခြားဆရာကလိုက်စနေတာ ရေခဲတုံးဆရာက ဒီတပည့်လေးမှ ပိုဂရုစိုက်နေတယ်တဲ့ မကြာခင်စွံတော့မှာပေါ့ ဘာညာနဲ့ ကိုယ့်ဌာနကဆရာတွေစလို့တောင်မပြီး တခြားဌာနက ဆရာတွေပါ ဘယ်လိုသတင်းရမှန်းမသိ ဆရာတွေနဲ့တွေ့မို့ သူ့ခမျာ ပတ်ရှောင်နေရတာ တော်သေးတာက ဒီသတင်းက ကျောင်းသားတွေကြား သတင်းမရောက်ပေလို့ မဟုတ်ရင် ဟိုကောင်မလေးလည်း နေရခက်နေမှာ

ရဲရင့်တစ်ယောက်အတွက် ဒီညက ညတာရှည်လွန်းလှသော်လည်း အတွေးတွေများနေတာကြောင့် အချိန်ကတိုလွန်းလှ

မနက်ရောက်တော့ သူဆင်းလာတော့ မီးဖိုခန်းမှာ မနက်စာများနှင်အသင့်

"ကြီးပု ကျွန်တော့်အတွက်"

အဖွားနဲ့အမေကိုသာ သားလို့သုံးတတ်ပြီ တခြားသူနှင့်ကျ ကျွန်တော်လို့သုံးတတ်တဲ့ရဲရင့်ပါ

"လာပြီ သားလေး သားပူပူလေးစားလို့ရအောင် ကြီးပု မီးဖိုပေါ်က မချရသေးဘူး ခုမှချတာ"

"ဟုတ် ကျေးဇူးပါကြီးပု"

"မြေးလေး ဘယ်လိုလဲ စဉ်းစားပြီးပြီလား"

"ဟုတ်ကဲ့ ဖွား"

"မြေးရဲ့အဖြေက"

"သား နန်းသီရိကို လက်ထပ်မယ် ဒါမယ့်သားမှာကန့်သတ်ချက်တော့ရှိတယ်"

"ဘာကန့်သတ်ချက်လဲပြော"

"သားနဲ့သူရဲ့အခုကျောင်းကပုံစံက ဆရာနဲ့
တပည့်မို့ သားတို့လက်ထပ်တာကို ကျောင်းကလူတွေမသိစေချင်ဘူး အဲ့တော့အကျဉ်းချုံးပဲ ဒါမယ့် သူကျောင်းပြီးသွားရင်တော့ သူ့စိတ်ကြိုက် ပြန်မင်္ဂလာဆောင်ပေးမှာပါ ဒါက သားရဲ့ကန့်သတ်ချက်လေ"

"ရတယ်လေ အဖွားက ဘာများလဲလို့ ဒီကိစ္စက စိတ်ပူစရာမလိုပါဘူး ဒါဆို သားမနက်စာစားပြီးရင် အင်္ကျီသပ်သပ်ရပ်ရပ်ဝတ်ပြီး ပြန်ဆင်းလာခဲ့"

"ဗျာ.."

"မင်္ဂလာရှိတဲ့အလုပ်ဆိုတာ နှေးနေရင်မကောင်းဘူးလေ"

"ဒါမယ့် သူတို့ပြင်ဆင်ချိန်လေးဘာလေးပေး
သင့်တယ်လေ"

"အဲ့တာတွက် သားစိတ်မပူနဲ့ အဖွားက ညထဲက ဖုန်းကြိုဆက်ထားတယ်"

"သားတောင် အဖြေမပေးရသေးဘူးလေ အဲ့တုန်းက"

"သားရွေးမယ်ဆိုတာ အဖွားကြိုသိပြီးသားလေ အဖွားရဲ့မြေးချွေးမလေးကို မင်္ဂလာပွဲအကျဉ်းချုံးဆိုပေမယ့် တင့်တင့်တယ်တယ်လုပ်ပေးရမှာပေါ့"

"အဖွား ကြီးကြီးကျယ်ကျယ်မလုပ်ဘူးနော် သားနဲ့သူလက်ထပ်တာကို ဘယ်သူမှမသိစေချင်ဘူး"

"မသိစေရပါဘူး အဖွားက ဒီနေ့ အဖွားရဲ့မြေးချွေးမလေးကို သွားမြန်းမယ် သူတို့ကသဘောတူတယ်ဆိုရင် နောက်တပတ်ကျ စေ့စပ်မယ် ပြီးနောက်အပတ်ကျ တရားရုံးမှာလက်ထပ်မယ် တကယ့်မင်္ဂလာပွဲကြီးကျ မြေးမလေး Masterဘွဲ့ရမှပေါ့"

"အဖွားရဲ့မြေးအစစ်က ဒီမှာနော် ကျွန်တော်ရွေးမိတာတောင် မှားနေသလိုပဲ သူအိမ်မလာခင်တည်းက ကျွန်တော်ကဘုံပျောက်သွားသလိုပဲ ကြီးပုကတော့ ကျွန်တော့်ဘက်မလား"

"ကြီးပုက အမြဲသားဘက်ပဲ ဟုတ်ပြီလား"

"မြန်မြန်စား ဘက်တော်သားရွေးမနေနဲ့ မင်းရဲ့ကြီးပုက အခုမင်းဘက်ဆိုပေမယ့် မြေးမလေးရောက်လာရင် မြေးမလေးဘက်အလိုလိုရောက်သွားမှာ အာမခံတယ်"

"ဟာ ဖွားကလည်း"

"ချွဲမနေနဲ့ကလေးလည်းမဟုတ်ပဲနဲ့ အသက်က၃၀ကျော်ပြီကို နောက်ကျမယ် မြန်မြန်စားပြီးပြင်ဆင် ၉နာရီလောက်လာမယ်လို့ ချိန်းထားတာ"

"ဟုတ်ကဲ့ပါ"

.............

နန်း ဒီနေ့နှင်းတို့နဲ့ချိန်းထားလို့ အပြင်သွားမို့အောက်ဆင်းလာတော့ မေမေက ဒီနေ့ဘယ်မှမသွားရဘူးဆိုကာ ပိုးသားဝတ်စုံလေးဝတ်ခိုင်းထားတာကြောင့် ဝတ်ပြီး အပြင်မသွားရဆိုတော့ အခန်းထဲမနေနိုင် ခြံထဲကဒန်းမှာ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်လျက်

မေမေဘာလို့ ပိုးသားဝတ်စုံဝတ်ပြီး အိမ်မှာနေခိုင်းတာကိုတော့ ရှည်ရှည်ဝေးဝေးမစဉ်းစားတော့

မေမေက အိမ်ကို ဧည့်သည်လာရင်အမြဲအဲ့လိုဝတ်ခိုင်းနေကျဆိုတော့ အထူးအဆန်းမှမဟုတ်တာ

နန်း နားကြပ်တပ်ပြီး သီချင်းနားထောင်နေတာကြောင့် ကားသံမကြားမိ နန်းနေတာက အိမ်အနောက်ဘက်ဖြစ်လို့ ကားဝင်လာတာလည်း မမြင်မိ

ရဲရင့်တို့ကတော့ အိမ်ထဲဝင်ပြီး နန်းမိဘတွေနဲ့စကားပြောနေလျက်

နန်းအမေကသမီးလေးတစ်ယောက်တည်းမို့
ရဲရင့်လိုလူနဲ့သဘောတူသည် ယောကျာ်းလုပ်သူရဲ့တပည့်ပြန်လာတယ်ဆိုပြီးလာနှုတ်ဆက်တည်းက ရဲရင့်လိုလူကို သူ့သားမက်အဖြစ်မျှော်မှန်းခဲ့တာမလား ချမ်းသာလွန်းလို့မဟုတ်အကျင့်စာရိတ္တကိုသဘောကျ၍သာ 

Love's Theory (Love S2)Where stories live. Discover now