Part 6

38 1 0
                                    


မနက်မိုးလင်းတော့ ရဲရင့်အခန်းထဲလှည့်ပတ်ကြည့်တော့ သူမ မရှိတော့

ဒါကြောင့် သူ့ရဲ့ပုံမှန်ဖြတ်သန်းနေကျပုံစံအတိုင်း ရေမိုးချိုးအဝတ်လဲကာ မနက်စာအတွက် ကော်ဖီနဲ့ပေါင်မုန့်တစ်ချပ်ယူစားပြီး သူ့ကားဖြင့် ကျောင်းသို့

ဒေါ်အနီရင့် အေးစက်လွန်းလှသည့် ပူပူနွေးနွေးလက်ထပ်ထားသောလင်မယားနှစ်ယောက်ကိုကြည့်ကာ ခေါင်းခါလျက်

သမီးလုပ်သူသွေးရင့်ချိုက မြေးလုပ်သူထက်ထပ်ထားသည်ကို ခုထိမသိသေး

သိကြည့်ပါလား ချက်ချင်းရရာလေယာဉ်နဲ့ မြန်မာကိုပြန်လာမှာလေ

ပထမက ဒေါ်အနီရင့်စဉ်းစားထားတာက မြေးလုပ်သူကို သူနှစ်သက်သည့်မြေးချွေးမလေးနဲ့လက်ထပ်ခိုင်းပြီး တစ်လဆိုတဲ့အချိန်အတွင်စမှာ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ရှိအောင်လုပ်ဖို့

အခုကျတော့ သူထင်ထားတာထက် သူ့မြေးလင်မယားအခြေအနေက ပိုအေးစက်လွန်းသည်

ဒါကြောင့် ဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မေတ္တာရှိလာအောင် သူပိုကြိုးစားရမည်ဆိုတာပါပဲ

ဒေါ်အနီရင့် သူ့အတွေးနှင့်သူစဉ်းစားနေရင်း ခေါင်းခါနေပေမယ့်

ဘေးနားကရပ်နေတဲ့ဒေါ်ပုကတော့ နားမလည်စွာ

အလုပ်လုပ်လာတာကလည်း ရဲရင့်တသက်ဖြစ်တော့မည်မို့ ရင်းနှီးသူပီပီ

"ဘာတွေတွေးပြီးခေါင်းခါနေတာလဲ မမကြီး"

"ဟိုလင်မယားနှစ်ယောက်ပေါ့ တခြားသူကို သူတို့ပုံစံခေါ်ပြကြည့် ဘယ်သူက လင်မယားလို့ထင်မှာလဲ လင်မယားတောင်ပူပူနွေးနွေးလင်မယားနော်"

"အဲ့တာတော့ဟုတ်တယ် မမကြီး မိန်းမလုပ်သူက မနက်၇နာရီထလာတယ် ကျွန်မကို ဘာရှိလဲမေးပြီး ကော်ဖီနဲ့မုန့်ပဲဆိုတော့ မစားပဲထွက်သွားတယ် ယောကျားလုပ်သူလာပြန်တော့လည်း ရှိတဲ့မုန့်နဲ့ကော်ဖီသောက်ပြီး ထွက်သွားတယ်"

"အေးလေ ငါပြောချင်တာ အဲ့တာ တစ်ယောက်နဲ့တစ်ယောက်စကားတောင်ပြောကြရဲ့လားမသိ"

"အိုးချင်းထားအိုးချင်းငြိ ကြိုးချင်းထားကြိုးချင်းငြိဆိုတော့ ထားထားလိုက်ပါ မမကြီးရယ်"

"အဲ့လိုပစ်ထားဖို့ကို အချိန်မရှိလို့ပေါ့ သူ့အမေက နောက်လကျပြန်လာမှာလေ အဲ့တော့တစ်လအတွင်း သူတို့နှစ်ယောက်ချစ်သွားဖို့လိုတယ်"

"မမကြီးပြောပုံအရဆို သားရဲလက်ထပ်တာကို သွေးမသိသေးဘူးပေါ့ မမကြီး နန်းလေးအိမ်ကိုကျ သွေးအလုပ်ရှုပ်နေလို့ နောက်နှစ်လကြာမှ ပြန်လာနိုင်မယ်ဆို"

"အဲ့တာကတော့ ကြည့်လိမ်ထားရတာပေါ့ အဲ့လိုမှမပြောရင် တစ်ဦးတည်သောသားရဲ့လက်မှတ်ထိုးတာကို မလာတဲ့အမေရှိလို့လဲ အဲ့လိုမလာရင်ရော မိန်းကလေးရှင်ဘက်က သူတို့သမီးကို ငါတို့ဘက်ထည့်ပါ့မလား"

"မမကြီးလည်းနော် မြေးချွေးမလေးတစ်ယောက်ရဖို့အတွက် မလိမ်ဖူးတာတွေလိမ်ပြီး ကြိုးစားခဲ့ရတာ"

"မြေးချွေးမလေးတစ်ယောက်ရဖို့အတွက်ဆို ငါအဲ့လောက်အပင်ပန်းမခံဘူး အခုမြေးချွေးမက တော်ရုံတန်ရုံမဟုတ်ပဲ ငါ့စိတ်ကြိုက်အဖိုးတန်မြေးချွေးမမို့လေ"

"ဟုတ်ပါပြီ မမကြီးရယ် နေ့လည်စာသွားချက်လိုက်အုံးမယ်"

"မိပု ထမင်းနောက်မှချက် အခုငါ့ကို လာစဉ်းစားပေး သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ"

"ဟုတ် မမကြီး"

.....

ရဲရင့်ကျောင်းရောက်တော့ အချိန်ဇယားအတိုင်းMasterတန်းမှာ စာသင်ဖို့သွားလျကိ

Masterနဲ့Ph.dကိုတက်တဲ့သူရှားသည် ဒါကြောင့်လူကအလယ်အလတ် တစ်ချက်ကြည့်ရုံဖြင့် လူဦးရေစိမစိ မသိနိုင်

ဒါကြောင့် အတန်းငယ်တွေဆို Roll callခေါ်စရာမလိုတဲ့ရဲရင့် Masterနဲ့Ph.dကိုတော့ လူစစ်ရန် Roll callခေါ်ရသည်

"1 . 2 . 3.....5"

"5"

ရဲရင့်ခေါ်နေပေမယ့် ပြန်ထူးခြင်းမရှိ ဒါကြောင့်ပဲ

"5ကဘယ်သူလဲ"

"နန်းသီရီပါဆရာ"

နာမည်ပြောမှRoll5က သူအသစ်စက်စက်လက်ထပ်ထားတဲ့မိန်းမမှန်း သိသည့် ရဲရင့်အဖြစ်

အခန်းထဲဝေ့ကြည့်တော့ သူမ မရှိ

ဒါကြောင့် သိပ်အရေးမလုပ် သူစာဆက်သင်လျက်

စိတ်ထဲမှာတော့ သူမနေ့ကပြောတဲ့ကိစကြောင့်ပဲ တမင်တကာ သူ့အတန်းကို လာမတက်တာလည်းပေါ့

.......
အကုန်လုံးက အတွေးတွေနဲ့ရှုပ်ပေမယ့် တစ်ဖက်မှာတော့ ဆိုင်ဖွင့်ဖို့အလုပ်ရှုပ်နေတဲ့သူတို့

"နန်း စာရင်းတွေလုပ်ပြီးပြီလား"

"အွန်း လုပ်ပြီးပြီ နင်တို့စီတာပြီးရင် လိုက်ကပ်ရုံပဲ နင်တို့စင်တွေနေရာချတာရော အဆင်ပြေလား"

"ပြေပါတယ် ကြိုပြီးဒီဇိုင်းဆွဲထားတော့ လွယ်လွယ်ကူကူပဲ"

"နန်း နင်အခုsec semပြန်ဖွင့်နေပြီမလား ဘာလို့ကျောင်းမသွားတာလဲ"

"ဆိုင်ဖွင့်ဖို့ နင်တို့အလုပ်ရှုပ်နေတာကို ငါကမကူပဲနေရမှာလား"

"အဲ့လိုတော့ အဲ့လိုဆိုပေမယ့် ပိတ်ရက်ကျ နင်လာထိုင်ပေးလို့ရတာပဲလေ အခုကဖွင့်ရက်လေ"

"တစ်ရက်ပဲလေ ပြီးရင်စနေ တနင်္ဂနွပေိတ်ဆိုတော့ ငါမသွားတော့တာ ပြီးတော့ ငပျင်းလုပ်ချင်တာလည်းပါတယ်"

"နန်းတို့များ ဆရာ့ကိုပိုင်ပြီဆိုတော့ ကျောင်းတောင်မတက်တော့ဘူး"

"အထင်နဲ့လက်တွေ့ကတလွဲစီ"ဆိုပြီး ပျိုရဲ့စကားကို ပြန်ချေပလိုက်တဲ့နန်း

"ဘယ်လို"

"ဟုတ်တယ်"ဆိုကာ ဖြစ်ပျက်သမျှ ပြန်ဖောက်သည်ချနေတဲ့နန်း

လေးယောက်စလုံး အလုပ်လုပ်နေရာမှ အတင်းပြောပွဲအဖြစ်သို့.....

.....
နန်း အလုပ်တွေပြီးတော့ အိမ်ပြန်လာရင်း တစ်ခုခုဖြစ်တော့မလို မျက်ခွံများလှုပ်လျက်

အိမ်ထဲဝင်လာတော့ အဖွားကို နှုတ်ဆက်ကာ အပေါ်တက်တော့ အခန်းထဲကခုံမှာထိုငိနေတဲ့ဆရာ

"ဒီနေ့ဘာလို့ ကျောင်းမလာတာလဲ"အေးစက်လွန်းတဲ့ဆရာ့အမေးအောက်

နန်းအပြစ်လုပ်ထားတာမရှိသော်လည်း အလိုလိုကြောက်လန့်လျက်

"နန်းလား လုပ်စရာလေးရှိလို့ မလာဖြစ်တာပါဆရာ"

"စာသင်တာထက် ဘယ်ဟာက ပိုအရေးကြီးလဲ"

"နန်း စာမသင်ပဲအပျင်းခိုတာမဟုတ်ပါဘူးစီးပွားရေးသွားလုပ်တာပါဆရာ"

"မင်းမှာ ပိုက်ဆံကိစ္စပူစရာရှိလို့လား"

"မရှိပါဘူးဆရာ"

"အဲ့တာဆို တခြားဘာမှဂရုမစိုက်နဲ့ ကျောင်းပဲမှန်အောင်တက် ပြီးတော့မင်းယူထားတာ boss ငါအမွေရမယ့်လုပ်ငန်းမပြောနဲ့အုံး ငါ့ပါမောက္ခလစာနဲ့တောင် အေးဆေးမင်းကိုရှာကျွေးနိုင်တယ် စာသာအဓိကလုပ် အခုRoll5ဖြစ်နေရင် နောက်တခါ Roll1ဖြစ်နိုင်အောင် ကြိုးစားရမယ့် အဲ့တာuni studentတစ်ယောက်ရဲ့တာဝန်ပဲ သိပြီလား ဒါဒီနေ့သင်ထားတဲ့lectureတွေ first semကဟာတွေကို ချုံ့ထားတာ အသစ်မဟုတ်ဘူး နားမလည်ရင်မေး ငါရေချိုးလိုက်အုံးမယ်"

နှင်းဘာမှတောင်မပြောရသေးပဲ သူ့ဘာသာပြောချင်ရာပြောပြီးထွက်သွားတဲ့ဆရာ
.........

"ဦး အားလား"

"...."

"ဦး အားလားလို့"

နှင်းမေးတာပြန်မဖြေ ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ဦးကြောင့် တံခါးဆောင့်ပိတ်ကာ အခန်းထဲသွားအိပ်တဲ့နှင်း

သူမလေးခေါ်တာကြားသည့်

အမိန့်ထုတ်ပြန်ချက် လက်စသတ်နေတာမို့ မထူးမိခြင်း ခေါင်းတော့ငြိမ့်ပြနေသည်

ဒါမယ့် သူ့ကလေးကတော့ စိတ်ကောက်သွားပြီ

အလုပ်လက်စသတ်ပြီးတာနဲ့ ချက်ချင်း သူ့ကလေးနောက်ကိုလိုက်လာတဲ့ခန့်.

ကုတင်ပေါ်မှာအိပ်နေတာမို့ ဘာမှထပ်မပြောပဲ သူလည်းလဲဲပြီး သူ့ကလေးကိုဖက်လိုက်တော့

သူ့လက်တွေကိုပြန်ဖယ်နေတဲ့ကလေး

မအိပ်သေးလို့ သူ့လက်တွေကိုတွန်းဖယ်နေတာမို့

"မအိပ်သေးဘူးလား ညနက်နေပြီလေ"

"ညနက်နက် မနက်နက် နှင်းဘာသာအိပ်မယ် ဦးကြမိးပြင်မှာအိပ်"

"မရပါဘူး ကိုယ်က ကလေးဆိုတဲ့ခွခေါင်းအုံးလေးကိုဖက်ရမှအိပ်ပျော်တာ"

"အပိုတွေပြောမနေနဲ့ ခုနဿျ အဖတ်မလုပ်ပဲနဲ့"

"အဲ့တာက အလုပ်လက်စသတ်နေလို့လေ ခုအားသွားဏြီ ကလေးကြိုက်တာ​ပြော"

"သွားပါ တနေ့ ၂၄နာရီကို မိန်းမလုပ်သူကို၂နာရီတောင် အချိန်မပေးနိုင်ပဲနဲ့"

"မဟုတ်ပါဘူးကွာ မိန်းမရဲ့ဆိုင်ဖွင့်ပွဲတက်နိုင်အောင် အလုပ်တွေရှင်းနေတာ"

"ဆိုင်ဖွင့်မှာ ဦးဘယ်လိုသိ"

"ယောက်ဖ​ပြောပြလို့လေ"

"ဒါဆို အဲ့နေ့အားတယ်ပေါ့ လာမှာလား"

"လာမှာ တနေ့လုံးအဲ့ဆိုင်မှာ စေတနာ့ဝန်ထမ်းကို လုပ်ပစ်မှာ"

"ဒါကြောင့် ဦးကိုချစ်တာ"ဆိုပြီး ခန့်ဘက်လှည့်ကာ ပြန်ဖက်လိုက်တဲ့နှင်း

ခန့်ကလည်း ပိုတင်းတင်းဖက်လိုက်တာကြောင့်
"နှင်းအရိုးတွေကျိုးကုန်ပြီလားမသိဘူး ဖြေးဖြေးဖက်"လို့အော်လိုက်တဲ့နှင်း

နှင်းရဲ့အပြောကြောင့် ခန့်မှာရယ်မောလျက် 

Love's Theory (Love S2)Where stories live. Discover now