Part 2

57 1 0
                                    


နှင်းတို့လေးယောက်လုံးကြောင်နေတဲ့အချိန်မှာပင် ထိုမိန်းမရဲ့ကားကို ဟွန်းထပ်တီးပြီး မှန်ချလိုက်တဲ့ကား

"ROSYဘာဖြစ်နေတာလဲ"

"ဒီမှာလေ ဘယ်ကဟာလေးတွေလဲ မသိဘူး ငါ့ကိုလာရစ်နေကြတယ်"

အော် ဟုတ်တယ် သူ့ကိုပဲရစ်ရတယ်ရှိသေး ဆိုပြီး နန်းစိတ်ထဲက ပြောနေမိသလို ပျိုကတော့

"နန်း လာ ကားပေါ်ပြန်တက် တချို့လူတွေက ကောင်းကောင်းပြောလို့မရဘူး နားမလည်တဲ့သူတွေသွားပြောရင် ကျွဲပါးစောင်းတီးသလိုပဲ လာ ငါတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းနဲ့ လာသွားမယ်"

"ဟုတ်သားပဲ ငါကပြုပြင်လို့ရမယ့်ကလေးလို့ထင်တာ သူကကျွဲဖြစ်တော့လည်း မတတ်နိုင်ဘူးလေ လာပါသွားကြမယ်"ဆိုပြီး နန်း ထိုအမနှစ်ယောက်ကို ဂရုမစိုက်ဆိုတဲ့မျက်နှာပုံလေးပြကာ ကားပေါ်ကို လှပစွာတက်ပြီး ကားလေးက နောက်ထပ် Parkingထိုးဖို့နေရာရှာပြီး ကားရပ်လိုက်တော့

"ငါ Toiletခဏသွားမို့ နင်တို့လိုက်ခဲ့အုံးမလား"

"အွန်း လိုက်ခဲ့မယ်လေ"ဆိုပြီး အဖွဲ့လိုက် ဘုရားလာတာကို ကားရပ်ပြီးတာနဲ့ Toiletကိုသွားဖို့ပြင်တဲ့နန်းတို့အဖွဲ့......

ပျိုနဲ့နန်းရဲ့ အဖဲ့ကိုခံလိုက်ရပြီး ကျန်ခဲ့တဲ့နှစ်ယောက်ကတော့...

"Rosyဘယ်လိုဖြစ်တာလဲ"

"ငါက နင့်အတွက် ကားရပ်ဖို့နေရာဦးထားတာကို အဲ့ဟာလေးတွေက လာရှုပ်နေတာလေ"

"ထားလိုက်ပါဟာ အခုမှ ဒီလိုကားစီးဖူးတာဆိုတော့ လေကြွားနေတာနေမှာပေါ့ သူတို့ကိုဂရုမစိုက်နဲ့ နင့်ရဲ့ကိုကိုပဲဂရုစိုက် ငါတို့ဘုရားလာရတဲ့အကြောင်းအရင်းကို မမေ့နဲ့အုံးလေ"

"အဲ့ဟာလေးတွေ ဝင်ရှုပ်လို့ ဘယ်လိုလဲ ရှင်း ငါလှရဲ့လား ကိုကိုကြွေလောက်လား"

"ကြွေပါ့ ကြွေပါ့ တို့Rosyရဲ့အလှမှာ မကြွေတဲ့ကောင်လေး ဘယ်နှယောက်ရှိဖူးလို့လဲ"

"ကိုကိုက သူတို့နဲ့မတူလို့ ခက်နေတာပေါ့ဟ"

"လာပါ ဘုရားပေါ်တက်ဖို့က အဓိက လာသွားမယ် သွားမယ် အဆင်ပြေရင် နင်ပေးထားတဲ့ကတိအတိုင်း GUCCIအိတ်တစ်လုံးဝယ်ပေးရမှာနော်"

"နင့်သတင်းသာမှန်ပါစေ မှန်တယ်ဆို GUCCIရဲ့ရိုးရိုးအိတ်မပြောနဲ့ LIMITED EDITIONအိတ်ဝယ်ပေးမယ်"

"ဒါတွေကြောင့်ပဲ တို့Rosyကို ကိုကိုကကြိုက်မှာပါ"

"ဟဲ့ ကိုကိုဆိုတာ ငါတစ်ယောက်ပဲခေါ်ခွင့်ရှိတာ နင်ခေါ်ခွင့်မရှိဘူး"

"အွန်း အွန်း ငါမှားတာ မှားတာ တောင်းပန်တယ် ဟုတ်ပြီလား နင့်ရဲ့ကိုရဲရင့်သွေးက နင့်ကိုပဲကြိုက်မှာ"

"အဲ့လိုမှပေါ့ သွားမယ်"

.......................

နှင်းတို့က Toiltetဝင်နေဆဲ နန်းတစ်ယောက်ပဲ အကုန်ပြီး၍ အပြင်မှာစောင့်နေတုန်း

ကလေးတစ်ယောက်ကပြေးသွားတော့ အဖွားတစ်ယောက်ကိုတိုက်မိပြီး လဲကျမလိုဖြစ်သွားလို့ နန်းလည်းမှီရာ ဆွဲလိုက်တော့

ထိုအဖွားတော့ ဘာမှမဖြစ်သွား

နန်းတော့ ထောင်ထားတဲ့တံမြက်စည်းနဲ့ခါးထိသွားသည်

နန်းဆိုတာ နုနုနယ်နယ်မလား အခုလိုရုတ်တရက်ထိသွားတော့ "အား......."

နာနေတဲ့ခါးကို ဖိလိုက်ပြီး အဖွားကိုပြန်မတ်ပေးကာ "အဖွား ဘာဖြစ်သွားလဲဟင်"

"အဖွားဘာမှမဖြစ်ပါဘူး မြေးမလေးရောဟင် ခုနက အော်လိုက်တယ်"

"အဲ့..ဟီး သမီး ဒီတံမြက်စည်းနဲ့ခါးထိသွားတော့ နာပြီး အော်လိုက်တာ ဖွား"

"အေ.. ဟုတ်လား အခုရောနာသေးလား မြေးလေး."

"မနာတော့ပါဘူး အဖွား ရပါတယ် အဖွား အဖော်တွေဘာတွေမပါဘူးလားဟင် သန့်စင်ခန်းဆိုတော့ ချော်လဲချော်တတ်တယ် ကလေးတွေလည်း ပြေးတတ်တော့ အခုလိုဖြစ်မှာလည်း စိုးရတယ် သမီးအဖွားမိသားစုထံ လိုက်ပို့ပေးမယ်လေ"

"ကျေးဇူးပဲနော် မြေးလေး အဖွားက မြေးနဲ့လာတာ အဖွားမြေးက ဓာတ်လှေကားနားမှာစောင့်နေတာ အဖွားကို"

"အော် ဟုတ်လား သမီးတို့လည်း ဘုရားပေါ် ဓာတ်လှေကားနဲ့တက်မှာ အဖွား တူတူသွားမယ်လေ ခဏလေးနော် စောင့်လို့ရတယ်မလား သမီးသူငယ်ချင်းတွေ ထွက်လာတော့မှာ မဟုတ်ရင်လည်း သမီးလိုက်ပို့ပေးမယ်လေ"

"ရပါတယ် မြေးရဲ့ မြေးအဆင်ပြေသလိုပေါ့"

"ဟုတ် အဖွား"ဆိုပြီး နန်းရဲ့စကားအဆုံးမှာ အသီးသီးထွက်လာကြတဲ့ နှင်း ပျို လွှာ

"ဘာဖြစ်လို့လဲ နန်း"

"ဘာမှမဖြစ်ပါဘူး လာသွားကြမယ်လေ"

"အွန်း"

ဘာမှမသိသေးတဲ့ နှင်းတို့ကတော့ ဒီတိုင်းသွားနေပေမယ့် နန်းကတော့ စိတ်ထဲမှာ အဖွားရဲ့မြေးကို အပြစ်တင်နေမိသည် အဖွားတစ်ယောက်ကို အခုလို လွှတ်စရာလား မိန်းကလေးဆိုရင်လည်း အတူလိုက်ပေးပြီး ယောကျာ်းလေးဆိုရင်တောင် အရှေ့မှာစောင့်နေသင့်တာလေ

နန်းတို့ ဓာတ်လှေကားဝင်ပေါက်ရောက်တော့ မတ်တပ်ရပ်နေတဲ့ဆရာ သူ့ဘာသူလာတာနေမှာပေါ့ဆိုပြီးပဲ တွေးကာ ထပ်မတွေးတော့

သို့သော် ဆရာကတော့ နန်းတို့ဆီကို တည့်တည့်လျှောက်လာနေသလို

"နှင်းတို့ ဆရာက ငါတို့ဆီလာနေသလိုပဲနော်"

"ဟုတ်တယ် ငါလည်း အဲ့လိုထင်နေတယ်"

"ငါတို့ အတန်းပြေးလာတာမှမဟုတ်တာ ဆရာ့ကိုကြောက်စရာဘာမှမရှိဘူး"

"အင်းလေ ဆရာက ငါတို့ဆီမဟုတ်ပဲ ငါတို့နောက်ကလူတွေဆီသွားတာလည်း ဖြစ်နိုင်တာပဲ"

"အင်း..."

ဘယ်လောက်ပဲလောင်းကျော်ဆိုပေမယ့် ရဲရင့်သွေးကိုတော့ သူတို့လေးယောက်လုံးကြောက်သည်က အမှန်ပင်

ဒါကြောင့် ခုလို တိုးတိုး တိုးတိုးပြောနေခြင်းပင်

ဒေါ်အနီရင့် မြေးလုပ်သူက သူ့ဆီလာနေသည်ကို တစ်ယောက်တစ်ပေါက်ခန့်မှန်းချက်ဖြင့် တိုးတိုးပြောနေတာကြောင့် သူ့မြေးရဲ့တပည့်မှန်းသိပြီး သူ့မြေးကို ကြောက်မှာကိုလည်း စဉ်းစားနေစရာမလိုပေ...

"အဖွား ဘာလို့ကြာနေတာလဲ"

"အဖွား......"ဒါကတော့ နန်းတို့လေးယောက်လုံးဆီက ထွက်လာသော သံယောင်လိုက်ခြင်းပေ

"ဟုတ်တယ် ဒါအဖွားမြေးလေ သမီးတို့ရဲ့"

"အော် ဟုတ် ဆရာမင်္ဂလာပါ"လို့ နှုတ်ဆက်လိုက်တဲ့လေးယောက်

"ဘယ်လိုလဲ ဖြေနိုင်လား"လို့ရဲရင့်သွေးရဲ့အမေးနောက်မှာ နန်းချက်ခြင်းအဖြေမပေးနိုင်သေး
အကြောင်းသိ နှင်းတို့ကတော့ ရယ်နေလျက်

"ကိုကို ဘုရားကိုဘာလာလုပ်တာလဲ"ဆိုပြီး Rosyလည်း ကိုကို့လက်ကိုဆွဲပြီး ပြောရင်း ကိုကို့ဘေးနား ဘယ်ကောင်မလေးတွေလဲဆိုပြီး ကြည့်ကာမှ ခုနကကောင်မလေးတွေ

"ကိုကိုကနော် ဘုရားလာတာ Rosyကိုတောင်မပြောဘူး နှစ်ယောက်စလုံး ဘဝဆက်တိုင်းဆုံရအောင် ကုသိုလ်တူတူလုပ်ချင်တယ်ဆိုမှပဲ"

သူ့လက်ကိုကိုင်ပြီး ဘေးလူကြားရင် သမီးရည်စားလို့ထင်လောက်တဲ့စကားတွေကို Rosyကလာပြောနေတာမို့ ရဲရင့်သွေးလည်း စိတ်ညစ်ရသည်

သို့သော်ငြင်းခွင့်မရှိ သူ့အမေစီစဉ်ထားသောအရာမလား သူ့ဘဝမှာ မလုပ်နိုင်ဆုံးအရာတစ်ခုက သူ့အမေအမိန့်ဖီဆန်ခြင်းပင်... ဒါကြောင့်

"အဖွားက ခုမှရန်ကုန်လာလို့ ဘုရားလိုက်ပို့တာ"

သူတို့ဟာနဲ့သူတို့ရှုပ်နေတာမို့ နန်းတို့လည်း "ဒါဆို နန်းတို့ကိုခွင့်ပြုပါအုံးနော် အဖွားနဲ့ဆရာသွားခွင့်ပြုပါအုံး"ဆိုတဲ့ နန်းရဲ့ခွင့်တောင်းသံနှင့်အညီ နှင်းတို့ကလည်း ခေါင်းတွေဦးညွတ်ပြီး ထွက်သွားတော့မှ

"အဖွား ရန်ကုန်လာမယ်ဆို Rosyကိုပြောရောပေါ့ Rosyလာကြိုမှာပေါ့"

"ညည်း ငါ့ဘေးနားမရှိရင်ကို ငါ့အတွက်ဆီးချိုရောသွေးတိုးရော မတက်ဘူး မြေးလေးလာ အဖွားတို့ ဘုရားပေါ်တက်ကြရအောင်"

"ဟုတ်ကဲ့အဖွား"ဆိုပြီး ရဲရင့်သွေးလည်း Rosyဆိုတဲ့သူမဘေးနားက ရှောင်ပြေးဖို့အခွင့်အရေးကို လက်လွှတ်မခံ ချက်ချင်း သူမလက်ကိုဖယ်ကာ အဖွားနောက် ကောက်ကောက်ပါအောင် လိုက်လျက်

သူ့မှာ Rosyဆိုသော တစ်ယောက်ကို လုံးဝမကြိုက် ခေါင်းအစခြေအဆုံး အကုန် သူမကြိုက်သည့်style

သို့သော် မေမေ့ကို သူမက ဘယ်လိုမြှူဆွယ်နိုင်သည် မသိ မေမေက သူမမှသူမ ဒါကြောင့် သူ့မှာငြင်းရခက် သို့သော် အဖွားကတော့ သူမကိုမကြိုက် အဖွား သူမကို မကြိုက်တာကပဲ သူ့အတွက်အားကိုးရှိနေသလို အဖွားရှိရင်တော့ သူ့အတွက်အနေချောင်မြဲပါ..........

Rosyအဖေကချမ်းသာသည် သူ့ရဲ့စည်းစိမ်ဥစ္စာများနဲ့ ကိုကို့အမေကို ဖြားယောင်းထားရသည်

Rosyဘဝမှာ ချစ်ခဲ့ဖူးတဲ့ယောက်ျားဆိုလို့ ကိုကိုတစ်ယောက်ပဲရှိတာမလား ဒါကြောင့် အမြဲ ကိုကို့ဆီက Rosyကို မလိုလားသည့်ပုံရိပ်တွေ မြင်နေရပေမယ့် တစ်ခုတည်းသော အားကိုးစရာ ကိုကို့အမေကိုသာ ဖက်တွယ်နေပြီး မိန်းကလေး သိက္ခာမဲ့နေသလို အရှက်မရှိတဲ့ပုံဖြင့် လိုက်ကပ်နေရခြင်း

Rosyဆိုတာ ဘယ်သူ့ကိုမှ သူမနဲ့တန်းတူတယ်လို့ မမြင်ဖူးသည့်သူ
အရာရာကို ငွေနှင့်သာ ပိုင်းဖြတ်သူ သူမ၏အပေါင်းအသင်းတွေကလည်း သူမရဲ့ငွေကြောင့်
သူမရဲ့တစ်ဘဝလုံးမှာ90ရာခိုင်နှုန်းလောက်ကသာ ငွေဖြင့်ဆုံးဖြတ်ခြင်း
သူမရဲ့ပညာအရည်အချင်းကအစ သူမရဲ့အပေါင်းအသင်းအထိ

သို့ပေမယ့် ရဲရင့်သွေးဆိုရင်တော့ သူမနှင့်မတူ ပြောင်းလဲပြီး ရဲရင့်သွေးသဘောသာ

ထို့အပြင် ရဲရင့်သွေးနားကပ်လာတဲ့မိန်းမမှန်သမျှကို သူဘယ်တော့မှ အလွတ်မပေးတတ်

ခုနကကောင်မလေးတွေကို သူမလိုက်နှောင့်ယှက်သည်ကလည်း သူမရဲ့ပင်ကိုယ်စိတ်ကြောင့်ပါသလို ရဲရင့်သွေးနဲ့ရင်းနှီးနေခြင်းကြောင့်

ဓာတ်လှေကားရလာလို့ နှင်းတို့တက်လိုက်တော့ ဆရာနှင့်သူ့အဖွားအပြင် ခုနကparkingကိစ္စ စကားများထားတဲ့မိန်းမနဲ့သူ့သူငယ်ချင်းပါ ပါလာသည်

ဓာတ်လှေကား လူမပြည့်တာမဟုတ် ပြည့်ပါသည် ထိုမိန်းမကတော့ ပိုလွန်းစွာ ဆရာ့နားကိုကပ်နေသည်ကြောင့် နန်းတို့လေးယောက်လုံး အချင်းချင်းမျက်လုံးပြူးမျက်ဆန်ပြူးပြလျက်
..................

"ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား ကလေး"

"တစ်ဝက် တစ်ဝက်စီ"

"ဘယ်လို"

"ဟုတ်တယ် သူငယ်ချင်းတွေနဲ့တွေ့လို့ပျော်ပေမယ့် နည်းနည်းအခန့်မသင့်စရာလေးတွေရှိလို့"

"ဟုတ်လား ကလေးပျော်အောင် ကိုယ်ဘာလုပ်ပေးရမလဲ"

"အွန်း................Spicyစားချင်တယ်"

"အဲ့တာ ကလေးနဲ့မတည့်ဘူးလေ"

"ဦးကလည်း မသိရင် ဘာပြောပြောလုပ်ပေးမယ့်ပုံနဲ့ အခုကျတော့"

"မေမေ ဘာဖြစ်နေတာလဲဟင် နှုတ်ခမ်းဆူထားတယ်ဆိုတော့ ဖေဖေကအလိုမလိုက်ပြန်ဘူးလား"

"တွေ့လား မင်းကောက်တတ်မှန်း ကလေးတောင်သိနေပြီ"

"နှင်းလေးလာ မေမေတို့အပေါ်တက်ကြမယ်"ဆိုပြီး ခန့်စကားကို ဂရုမစိုက် နှင်းလေးလက်ကိုဆွဲကာထွက်သွားတဲ့နှင်း

ဒါကြောင့် သူ့စကားသူရုတ်သိမ်းကာ သူကိုယ်တိုင်ခေါက်ဆွဲပြုတ်ပြီး သူ့မိန်းမလေးရှိရာအခန်းဆီသို့

"စိတ်ကောက်မနေနဲ့တော့ ဒီမှာခေါက်ဆွဲ ကိုယ်တိုင်ပြုတ်လာတာနော် သမီးလေးက အိပ်သင့်ပြီလာ ဖေဖေသိပ်မယ်"

"ဟုတ်ကဲ့"

ခန့်လည်း သမီးလေးကိုသိပ်ဖို့ပြင်နေသလို နှင်းကလည်း သူ့ခေါက်ဆွဲစားဖို့ စာကြည့်ခုံမှာနေရာယူလျက်

နှင်းခေါက်ဆွဲစားဖို့ခပ်လိုက်ရင်း ပါးစပ်ထဲထည့်ခါနီးမှ အန်ချင်သလိုလိုဖြစ်လာတာကြောင့် ရေချိုးခန်းထဲကိုပြေးလျက်

"နှင်း ဘာဖြစ်လို့လဲဟင်"ဆိုပြီး ခန့်လည်း ကလေးသိပ်နေရင်းမှထကာ နှင်းဆီသို့

"နှင်းအစားမှားလို့ဖြစ်မယ်ထင်တယ်"

"ဟုတ်လား ဒါဆိုဆက်မစားနဲ့တော့ ဆေးသောက်ပြီး အိပ်မယ် လာ"

"ဟုတ်"...

..................

"သားကို အချိန်ခဏလောက်ပေးပါအုံး မေမေ"

"မင်းကတစ်ယောက်တည်းရှိတဲ့ ဒီအမေကို စိတ်မချမ်းသာစေချင်ဘူးလားဟင် ငါ့မှာပင်ပင်ပန်းပန်းနဲ့မင်းကို အခုလိုဖြစ်အောင် ပျိုးထောင်လာခဲ့ရတာ လွယ်တယ်များမှတ်နေလား အင်းပေါ့လေ အတောင်စုံသွားတော့ မင်းကအမေ့စကားကိုတောင် နားမထောင်ချင်တော့ဘူးပဲ"

"မဟုတ်ပါဘူး မေမေကလည်း သားကအခုမှလုပ်ငန်းခွင်ဝင်တာလေ ဒါကြောင့်အိမ်ထောင်မပြုချင်သေးတာပါ"

"ဘာဆင်ခြေမှလက်မခံဘူး Rosyမှာ ဘာမကောင်းကွက်ရှိလို့လဲ ရုပ်လေးလည်းချော ပညာလည်းတော် ဥစ္စာလည်းပေါ အိမ်မှုကိစ္စလည်းနိုင်နင်း ဒီခေတ်မှာ ဒီလိုမိန်းမမျိုးဘယ်မှာရှာလို့ရလို့လဲ"

"မေမေပြောတာမှန်ပါတယ် Rosyက အကုန်
ပြည့်စုံပါတယ် ဒါပေမယ့် သားက"

"ဘာဒါပေမယ့်လဲ ငါနှစ်လအတွင်း မြန်မာနိုင်ငံကို ပြန်လာခဲ့မယ် ငါပြန်လာတဲ့အခါကျ မင်းRosyနဲ့လက်ထပ်ရမယ်"ဆိုပြီး ဖုန်းချသွားတဲ့ဒေါ်သွေးရင့်ချို

နာမည်နှင့်လိုက်အောင် သွေးသားတော်စပ်သူတွေကိုချစ်သည်(သွေး)
သူမကြိုက်တဲ့သူများအပေါ်တော့ရင့်ရင့်သီးသီးဆက်ဆံသလို(ရင့်)
သူသဘောကျသည်ဆိုပါကပျားသကာထက်ချိုသာလွန်းသည့်သူမ(ချို)

ယောကျာ်းလုပ်သူရောသူမရောက မိသားစုလုပ်ငန်းကိုယ်စီရှိကြပြီး ကိုယ့်မိသားစုဟာ ကိုယ်ဦးဆောင်နေနိုင်ကြသူ ယောကျာ်းလုပ်သူကနှလုံးသွေးကြောပေါက်ပြီး ရုတ်တရက်သေဆုံးသွားတာကြောင့် အသက်ငယ်ငယ်နဲ့မုဆိုးမဘဝခံယူခဲ့ရတဲ့အပြင် နောက်ယောကျားဆိုတာ ယောင်လို့တောင်စိတ်မကူးပဲ ယောကျာ်းဖြစ်သူလုပ်ငန်းရော သူမရဲ့လုပ်ငန်းကိုရော နှစ်ခုစလုံးကို နောက်ကောက်မကျအောင် စီမံခန့်ခွဲနိုင်တဲ့အပြင် နို့တိုက်အရွယ်သာရှိသေးတဲ့သားကိုပါ ငယ်ရွယ်ပြီးထက်မြက်သောသူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ခဲ့တဲ့သူ

အဲ့လိုမျိုးတစ်ယောက်တည်း အလုပ်များစွာကိုအုပ်ချုပ်ခဲ့ရတယ်ဆိုတာကပဲ သူမအတွက် သားကိုအမြဲချုပ်လို့ရတဲ့ချုပ်ကွက်ပေ

အခုလည်း သားကို ဒီအကွက်နှင့်ချုပ်လျှင် အောင်မြင်မှာကြိုသိနေ၍ ပျော်နေခြင်းပင်

တစ်ဖက်က အမေလုပ်သူပျော်နေပေမယ့် ရဲရင့်သွေးမှာတော့သက်ပြင်းများချကာ အတွေးက သူဖြစ်ချင်ခဲ့သောအတိတ်သို့

Love's Theory (Love S2)Where stories live. Discover now