ကောင်း မမခေါ်လို့ လာရာမှ အခုလိုတိုက်မိခြင်းကြောင့် ရှေ့မကြည့်နောက်မကြည့် ဒေါသထွက်မိသား
အော်ဖို့လုပ်နေတုန်းမှာပင် မျက်မှာမော့လာပြီး"sorryပါနော် နန်းအမှားပါ"လို့ပြောလိုက်တဲ့ကောင်မလေးကြောင့် ကောင်း အပြစ်မပြောနိုင်တော့
သူ့ထက်ငယ်မယ့်ပုံရမယ့်ကောင်မလေး
သူဆိုတာ သူ့ရဲ့girl friend typeကို သူ့ထက်အသက်ကြီးရမယ်လို့ သတ်မှတ်ထားတဲ့သူ
ဒါမှ သူက မမ မမဆိုပြီးချွဲလို့ရမှာမလား
ဘယ်လိုကောင်မလေးတွေပဲ သူ့ဆီလာကပ်လာကပ် သူ့ideal typeက မမဆိုပြီး ငြင်းလွှတ်တတ်တဲ့ကောင်း
အခုဒီကောင်မလေးကို တွေ့မှ ရင်တွေခုန်ပြီး သူ့ရဲ့ideal typeကိုပဲ ပြောင်းရမလို....
နန်း သူမှားလို့ တောင်းပန်တာကို တစ်ဖက်ကဘာမှပြန်မပြော သူ့ကိုပဲစိုက်ကြည့်နေတာကြောင့်
"ဒီက..."လို့ နန်းပြောလိုက်မှ တွေးလက်စအတွေးတွေကို လက်စသတ်ပြီး
"အော် ဟုတ်ကဲ့"
"ဘာမှမဖြစ်ဘူးဆို နန်းသွားပြီနော်"လို့ ထိုလူ့ကိုကြည့်ကာဖြေလိုက်ရင်းနဲ့
နှင်းတို့ဘက်လှည့်ကာ
"ငါဗိုက်မဆာတော့ဘူး ဆိုင်မှာပဲအလုပ်ပြန်လုပ်ရအောင်လေ"ဆိုပြီး ထွက်သွားတဲ့နန်း
နှင်းထွက်သွားတော့ သူ့သူငယ်ချင်းတွေပါ အနောက်ကထွက်လာရင်း
ခန့်လည်း သူ့ကလေးထွက်သွားတော့ သူပါထွက်သွားဖို့လုပ်ရင်း
ရဲရင့်က "ကျွန်တော့်ကို ဘယ်သွားလဲ လှမ်းပြောပေးလို့ရတယ်မလား"
ရဲရင့်ဆိုလိုတာကို ခန့်သိတာမို့ "အွန်း"လို့သာဖြေပြီး နှင်းတို့နောက်
မေ သူ့မောင်နားလာတော့
"ကောင်း ဘယ်လိုဖြစ်တာလဲ"
"မတော်တဆတိုက်မိတာပါ မမ"
"အော် အွန်း ရဲရင့် နင်သိတဲ့သူလားခုနက"
"အင်း ငါ့တပည့်တွေ မေ ငါ့မှာပြောစရာမရှိတော့လို့ သွားခွင့်ပြုပါအုံး"ဆိုပြီး မေပြန်ပြောတာတောင် နားမထောင် ထွက်သွားတဲ့ရဲရင့်
မေ့မှာတော့ ထွက်သွားတဲ့ရဲရင့်ကို ငေးကြည့်လျက်
"မမ ခုနကထွက်သွားတာ မမပြောပြောနေတဲ့သူလား"
"ဟုတ်တယ် ကောင်း"
"အော် ပိုက်ဆံရှင်းပြီး ကျွန်တော်တို့လည်း သွားကြမယ်လေ မမ"
"အင်း ကောင်း"
ကောင်း ခုနက သူ့ကိုတိုက်လိုက်တဲ့ကောင်မလေးမျက်နှာလေးကိုသာ အာရုံထဲစွဲနေလျက်
မမသာ မပါရင် ထိုကောင်မလေးနောက်ကို သူလိုက်မိမှာ သေချာသည်
အတွေးနှင့်အတူ သူကားမောင်းနေသလို
တစ်ဖက်မှာထိုင်နေတဲ့မေကလည်း
ရဲရင့် နင်အေးစက်သွားတယ်ဟာ
ငါလေ ထွက်သွားတဲ့၁၀နှစ်လုံး ဘယ်သူ့ကိုမှမချစ်ခဲ့ဘူး
နင့်ကိုသာ နေ့နဲ့ညအလိုက်လွမ်းနေခဲ့ရတာ
နင်ဖွင့်ပြောခဲ့တာကို ငါငြင်းခဲ့တဲ့နေ့
ဒီ၁၀နှစ်လုံး အဲ့နေ့ရောက်တိုင်း ငါ့ကမ္ဘာပျက်မတက် ငါခံစားနေရတာ
အခုတော့ ငါခံစားစရာမလိုတော့ဘူး ရဲရင့် ငါ့ရဲ့အခုအခြေအနေအရဆို နင့်အမေလည်း ငါ့ကိုဘာမှပြောမှာမဟုတ်တော့ဘူး
ငါ နင်မရှိတဲ့၁၀နှစ်လုံးကို နင်နဲ့ပျော်ရမယ်ဆိုတဲ့စိတ်လေးနဲ့ ခက်ခက်ခဲခဲ ငါရှင်သန်နေခဲ့ရတာ
ဒီနေ့တော့ ငါ့မှာနင်နဲ့တွေ့ရမယ်ဆိုပြီး ပျော်ခဲ့ပေမယ့် နင့်ဘက်က ဘာလို့ ငါ့ကိုအရင်လိုမဆက်ဆံတော့တာလဲ ရဲရင့်
နင့်နှုတ်က နန်းသီရိ လို့ခေါ်လိုက်တယ် ရဲရင့် အဲ့တာကရော ဘယ်သူလဲ နင်နဲ့ဘယ်လိုပတ်သတ်လဲ
ဒါမယ့် နင်နဲ့တစ်ခုခုတော့ရင်းနှီးမှာသေချာသည်
မေ.အခုလိုအခိုင်အမာပြောနိုင်တာက ရဲရင့်က မိန်းကလေးသူငယ်ချင်းဆိုလို့ မေတစ်ယောက်ပဲရှိဖူးသေးရျ်
ငါဆုတောင်းတယ် ရဲရင့် အဲ့မိန်းကလေးနဲ့နက်မပတ်သတ်ဖို့
နင့်ဘက်ကပဲ သူမကိုပတ်သတ်ချင်တာဖြစ်ဖြစ် သူမဘက်ကနင့်ကိုပတ်သတ်ချင်တာဖြစ်ဖြစ် ငါမလွှတ်ထားနိုင်ဘူး
နင်ကငါ့အပိုင်ပဲရဲရင့်
မရှိတဲ့မာန်ကိုတင်းရင်း တစ်ကိုယ်တည်းစကားတွေဆိုပြီး မေလည်း အတွေးနှင့်အတူ မျက်ရည်များကျဆင်းလာတာကို သူကိုယ်တိုင်တောင် သတိထားမိလို့သိမည်မထင်
ကောင်း အတွေးထဲ ပေါ်နေတဲ့သူမရုပ်လေးကြောင့် အာရုံလွှဲဖို့ တစ်ဖက်လှည့်ချိန်မှာ သူမြင်လိုက်တာက ခုနကကောင်မလေး ဆိုင်ပုံစံအခန်းထဲ ဝင်သွားတာ ထိုနေရာလေးကို သူ့ဦးနှောက်ထဲမှတ်ထားလိုက်ပြီး
အတွေးထဲမှာလည်း မနက်ဖြန်တော့ ဒီနေရာမှာ မင်းဘယ်သူလဲသိအောင် ကိုယ်လာစပ်စုရအုံးမှာပါလား.......
နန်းတကယ်ဒေါသထွက်မိသည်
ဆိုင်ကိုပြန်လာတော့လည်း နှင်းတို့မှာအလုပ်ကိုယ်စီလုပ်နေကြပေမယ့် နန်းမှာတော့ မလုပ်နိုင်
ကျန်တဲ့သူတွေအောက်ထပ်မှာ ပစ္စည်းစျေးတွေလိုက်ကပ်နေချိန် နန်းကတော့ အပေါ်ထပ်က ထမင်းစားခန်းမှာ တစ်ယောက်တည်း ထိုင်လျက်
စိတ်ထဲမှာတော့ အလိုမကျမှုတွေ အပြည့် ဘာကိုအလိုမကျတာလဲဆိုတာတော့ နန်းကိုယ်တိုင်လည်း အဖြေမထွက်ပေ
"ဦးအလုပ်လုပ်လေ ဘာလို့ဖုန်းသုံးနေတာလဲ"
ခန့် သူ့ကလေးရဲ့အမေးကြောင့်
"ပြန်ကြားရေးဝန်ကြီးလုပ်နေတာလေ ကလေးရဲ့"
"ပြန်ကြားရေးဝန်ကြီး"
"ဟုတ်တယ် ခုနက ကလေးတို့ရဲ့ဆရာက သူ့မိန်းမဘယ်သွားလဲဆိုတာ ပြောပြပေးပါဆိုလို့"
"အော် ဟုတ်လား မြန်မြန်ပို့လိုက်"ဆိုပြီး အားတက်သရောပြောလာတဲနှင်း
ခန့်ထင်တာက သူ့ဆရာကို နေရာပြောပြရင် စိတ်ဆိုးမယ်ထင်နေခဲ့တာ ခုတော့ အထင်နဲ့အမြင်တလွဲမို့
"ဆရာက ဘာပြန်ပြောလဲ ဦးခန့်ထည်ဝါ"ဆိုပြီး ခန့်အနားထပ်ရပ်လာတာကတော့ လွှာနဲ့ပျို
"သူလာနေပြီတဲ့"
ခန့်တကယ်နားမလည်နိုင်ပါ သူတို့ဘာလို့စိတ်မဆိုးလဲဆိုတာ
"နှင်းတို့က ဘာလို့ဆရာ့ကိုမြန်မြနိလာစေချင်ရတာလဲ"
"ပွဲကြည့်ချင်လို့"
သူ့ကလေးရဲ့စကားကို နားမလည်ရျ် သံယောင်လိူက်မိတော့
"ဆရာက အမြဲအော်လိုက်ဟောရ်လိုက် အရမ်းစည်းကမ်းတင်းကြပ်တယ် နန်းကလည်း စိတ်နဲ့အပြောက တလွဲစီ ဒါကြောင့် အဲ့နှစ်ယောက်ဘာဖြစ်မလဲသိချင်တာ"
"ဟုတ်တယ် ဦးခန့်ထည်ဝါ အခုတောင်ကြည့်ပါလား နန်းအပေါ်မှာတစ်ယောက်တည်းပဲ အဲ့တာဝမ်းနည်းနေတာ ပျိုတို့သွားနှစ်သိမ့်ရင်တော့ သူမခံစားဘူးပြောမှာ ဒါကြောင့်လွှတ်ထားတာ အခုဝမ်းနည်းနေတဲ့သူက ဆရာလာရင် လုံးဝငချေstyleဖြစ်သွားစေရမယ် အာမခံတယ်"
"ကောင်းပါပြီ မနက်ဖြန်ဆိုင်ဖွင့်ဖို့ဆို ဒီနေ့အပြီးသတ်ရမှာမို့ မြန်မြန်လုပ်ကြမယ်လေ"
"ဟုတ်"
ခဏအကြာတော့ ဝင်လာတဲ့ဆရာ
နန်းကိုလည်းမမေး သူဘာကူညီပေးဖို့လိုလဲတဲ့
ဒါကြောင့် အောင်သွယ်တော် နှင်းတို့ကပဲ ဆရာ့ကို အပေါ်ထပ်ကဂိုထောင်မှာ ပစ္စည်းစစ်ပေးပါပေါ့
နန်းကအပေါ်မှာရှိနေတာလေ
နှင်းတို့ သွားနားစွင့်တာ အဲ့နှစ်ယောက်ဘာမှမပြော ဒါကြောင့် နှင်းတို့ပဲ လက်လျှော့ပြီး အလုပ်ပြန်လုပ်လျက်
အလုပ်ပြီးသွားတော့
နှင်းနဲ့ဦးကတစ်ကား
နန်းနဲ့ဆရာကတစ်ကား
လွှာနဲ့ပျိုက တစ်ကား အသီးသီး
တစ်လမ်းလုံး သူမကို မနက်ကကိစ္စရှင်းပြချင်ပေမယ့် ဘယ်လိုရှင်းပြရမှန်းမသိ ဒါကြောင့်နှုတ်ဆိတ်လျက်
နန်းကတော့ သီချင်းကိုနားကြပ်တပ်နားထောင်ရင်း မျက်စိမှိတ်ထားလျက်
ကားက Air-conဖွင့် မှန်တံခါးပိတ်မောင်းတာဆိုတော့ အပြင်အသံတွေလည်း မကြားရတာမို့ တိတ်ဆိတ်မှုအတိ
![](https://img.wattpad.com/cover/374671637-288-k120579.jpg)
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...