Part 3

50 1 0
                                    

"မေ ငါနင့်ကိုချစ်တယ်"

"Sorryပဲ ရဲရင့် ငါ့အတွက် အချစ်ကို စဉ်းစားဖို့ အချိန်မပေးနိုင်သေးဘူး ငါ့မှာဘဝရည်မှန်းချက်တွေရှိသေးတယ်"

ရဲရင့်ရယ် နင့်ဆီက ဒီစကားကြားရတာ ငါပျော်ပါတယ်ဟာ ဒါမယ့် ငါတို့နှစ်ယောက်ရဲ့ဘဝဟာ
အရင်လို မတူတော့ဘူးဟ ငါ့ရဲ့အခုအခြေအနေနဲ့ဆို နင်နဲ့ငါက မိုးကောင်းကင်နဲ့မြေကြီးလိုဖြစ်သွားခဲ့ပြီဟ ငါ့ဘက်က ငါ့ကိုယ်ငါနိမ့်ကျတယ်လို့မတွေးပဲ နင့်ကိုလက်ခံရင်တောင် နင့်အမေက ငါ့လို အခြေကြီးပျက်တစ်ယောက်ကို သူ ရွှေပေါ်မြတင်မွေးလာတဲ့သားနဲ့ သဘောတူပါ့မလား မဖြစ်နိုင်တော့ပါဘူး ရဲရင့်ရယ် ဒါမယ့် ငါနင့်ကို မချစ်ခဲ့တာမဟုတ်ပါဘူး ချစ်ခဲ့ပါတယ် လက်လွှတ်တာလား လက်မလွှတ်ပါဘူး ခဏတာပါပဲ ငါ နင်နဲ့အဝေးမှာခဏနေပြီး နင့်အမေသဘောတူနိုင်လောက်တဲ့သူအဆင့်ဖြစ်မှ ငါနင့်ဆီပြန်လာခဲ့ပါ့မယ် အဲ့အချိန်ထိတော့ စောင့်ပေးပါ ရဲရင့် ငါယုံကြည်တယ် ဖူးစာသာစစ်ရင် ငါတို့နှစ်ယောက်ပြန်ဆုံမှာကိုပေါ့...............

ဒါက မေ့ရဲ့ရင်တွင်းမှာသာပြောဖြစ်လိုက်တဲ့စကားတွေပါ လက်တွေ့မှာတွေ မပြောမိခဲ့

မေ့ရဲ့အငြင်းကိုကြားလိုက်ရတဲ့ရဲရင့် သူ့အကြည့်တွေမှာ ဝမ်းနည်းကြေကွဲမှုတွေအပြည့် မေသိတာပေါ့ ရဲရင့်ဆိုတာ မေနဲ့ငယ်ငယ်လေးတည်းက ငယ်ပေါင်းကြီးဖော်တွေ ရဲရင့်ဝမ်းနည်းတော့ မေလည်းဝမ်းနည်းတယ် မေကမိန်းကလေးလေ ပိုငိုချင်တာပေါ့ ဒါမယ့် ငိုလို့မဖြစ် ဒါကြောင့် မေအံကြိတ်ပြီး မေ့သာ ဝမ်းနည်းတဲ့အကြည့်နဲ့စိုက်ကြည့်နေတဲ့ရဲရင့်ကို

"ငါပြန်တော့မယ်နော် ရဲရင့် အချိန်လည်းလင့်နေပြီဆိုတော့လေ နင်လည်းပြန်တော့"

စကားပြောရင်း ငိုသံများပါ ပါလာတာမို့ မေလည်း ချက်ချင်း ရဲရင့်ကိုကျောခိုင်းလိုက်ပြီး သူ့အဝေးကို လှမ်းဖို့ပြင်နေတဲ့ခြေလှမ်းတွေ

လေးလံလွန်းလှသည် ဒီခြေလှမ်းတွေကို မေရပ်တန့်ပြီး ဖြစ်နိုင်ရင် ရဲရင့်ရဲ့ရင်ခွင်ထဲကိုပဲ တိုးဝင်ချင်တာပါ ဒါမယ့် အချိန်မကျသေးလို့ပါရဲရင့်ရယ်.........

ရဲရင့် သတ္တိအကုန်စုပြီး မေ့ကို ဖွင့်ပြောလိုက်ခြင်းပါ

သို့သော်မထင်မှတ်ထားတဲ့မေ့ရဲ့အငြင်းကြောင့် သူမခံစားနိုင် ယောကျာ်းတန်မဲ့ မျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေနဲ့ မေ့ကိုစိုက်ကြည့်နေမိသည်

သူ့ရဲ့အားအနည်းဆုံးအချိန်ကို သူချစ်ရသူကို
ပြနေမိသည့်အတွက် ရဲရင့် ကိုယ့်ကိုယ်ကိုလည်း စိတ်နာမိသည် မေ ဘာလို့ သူ့ကိုငြင်းရလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း သူစဉ်းစားလို့မရ

သို့သော် သူ့အတွက် သူချစ်ရသူရဲ့စကားကို လိုက်နာမယ်လို့ ဆုံးဖြတ်ချက်ချပြီး အခုလိုဖွင့်ပြောခြင်းမလား အခုမေက သူ့ကိုငြင်းတော့ သူဘာမှဆက်ပြီး မေ့ကိုမရစ်တော့ဖို့ ဆုံးဖြတ်ပြီး သူချစ်ရတဲ့မေ့ကို နောက်ဆုံးအကြိမ်မမေ့အောင် ရင်ထဲစွဲအောင် စိုက်ကြည့်နေမိခြင်းပင်

သူ့ကိုစကားပြောလိုက်တဲ့ မေ့ရဲ့အသံမှာ ငိုသံသဲ့သဲ့ပါနေသလို သူ့ကိုကျောခိုင်းပြီး လှမ်းနေတဲ့မေ့ရဲ့ခြေလှမ်းတွေက လေးပင်လွန်းတာကြောင့် မေသူ့ကိုငြင်းတာက သူမစိတ်ဆန္ဒမဟုတ်ဘူးလားဆိုတဲ့မျှော်လင့်ချက်မြက်ပင်လေးက မလာခင်က သေချာဆုံးဖြတ်ထားတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တွန်းလှန်ပြီး သူမေ့ကို နောက်ကျောမှလှမ်းဖက်လိုက်ကာ မေ့မျက်နှာကိုကြည့်တော့ မေငိုနေသည်

"မေ ဘာလို့ငိုနေတာလဲ"

မေရုတ်တရက်အနောက်က လှမ်းအဖက်ခံလိုက်ရတာကြောင့် ကြောင်သွားပေမယ့် အသံကြားလိုက်ကာမှ

"ငါလား မငိုပါဘူး မျက်လုံးထဲသဲဝင်သွားလို့ ရဲရင့် ငါ့ကိုလွှတ် တခြားသူတွေမြင်သွားရင် မကောင်းဘူး"

ရဲရင့် ကျောခိုင်းနေတဲ့မေ့ကို သူ့ဘက်လှည့်ခိုင်းလိုက်ကာ ပခုံးနှစ်ဖက်ကို တင်းကျပ်စွာကိုင်ကာ

"တကယ်လား မေ နင့်မျက်လုံးထဲ တကယ်သဲဝင်သွားတာလား ငါတော့လေတိုက်တာလည်း မခံစားမိပါဘူး"

"လေမတိုက်လည်း သူ့ဘာသာဝင်ချင်လို့ဝင်သွားတာပေါ့"ဆိုပြီး မေ ရဲရင့်ကို သေချာစိုက်ကြည့်ပြီး မဖြေရဲသလို အသံကလည်း ရှိုက်သံနှောနေတဲ့ ထစ်ထစ်အအ

"မလ်ိမ်တတ်ပဲ မလိမ်ပါနဲ့မေရာ ငါ့ကိုချစ်ရင်ချစ်တယ်ပြောပါလားဟာ ငါသိတယ် နင်ငါ့ကို မမုန်းဘူးဆိုတာ"

"ငါနင့်ကို မမုန်းဘူး ရဲရင့် ချစ်ပဲမချစ်တာ"

"မေရာ ငါ့ကိုမလိမ်ပါနဲ့ဟာ ငါတကယ်မခံစားနိုင်လို့ပါဟာ"

"ငါမလ်ိမ်ဘူး ရဲရင့် လိမ်စရာလည်းအကြောင်းမရှိဘူး ရဲရင့် နင်ငါ့အကြောင်းလည်းသိသားနဲ့ ငါလိုချင်တာဆိုရအောင်ယူတတ်တဲ့လူလေ ငါသာ နင့်ကိုတကယ်ချစ်ရင် နင်အခုလိုဖွင့်ပြောရင် ငါကချက်ချင်းလက်ခံမှာပေါ့ ငါမချစ်လို့ နင့်ကို ငြင်းတာပေါ့ ရဲရင့် ငါ့နောက်ဆက်မလိုက်ပါနဲ့
ရဲရင့် ငါသွားတော့မယ်"

မေ ရှိုက်သံနဲ့ငိုသံနှောနေတဲ့အသံကို မနည်းပြန်ထိန်းပြီး ရဲရင့်ပြောစေချင်တဲ့အတိုင်း သူ့မျက်လုံးကိုတည့်တည့်ကြည့်ကာပြောလိုက်တော့ ရဲရင့်ဘာမှပြန်မပြောနိုင်တော့

မေလည်း ရဲရင့် သူမကို ဘာမှပြန်မပြောနိုင်ခင်မှာပဲ လှည့်ထွက်လာခဲ့သည်

ဒီတစ်ခါတော့ ရဲရင့်ဘာမှမပြောနိုင်တော့

ကောင်းကင်ကြီးကပဲ ရဲရင့်နဲ့မေ အသီးသီးငိုနေတာကို တခြားလူမမြင်စေချင်လို့လားမသိ မိုးများ သဲကြီးမဲကြီးရွာသွန်းလျက်..........

အဲ့နေ့က နှစ်ယောက်စလုံး မိုးများရွှဲကာ ကိုယ့်အိမ်ကို ပြန်ကြလျက်

နှစ်ယောက်စလုံးက ချမ်းသာတဲ့အသိုင်းအဝိုင်းထဲကပါ

မေကပထမချမ်းသာပေမယ့် လူယုံသတ်ရင်သေသည်ဆိုတာကအမှန်မလား မေ့အဖေရဲ့ယုံကြည်ရတဲ့အတွင်းရေးမှူးက မေ့အဖေလက်မှတ်အတုထိုးပြီး ကုမဏီကို တခြားသူကိုရောင်းလိုက်တာကြောင့် ရုတ်တရက် မေတို့အိမ်အခြေအနေက နေ့ချင်းညချင်းပြောင်းလဲလျက်

နဂိုတည်းက နှလုံးရောဂါအခံရှိတဲ့ဖေဖေ ထိုသတင်းကြားတော့ နှလုံးဖောက်ပြီး မေနဲ့မေမေ့ကိုထားခဲ့သလို မေမေကလည်း ဖေဖေ့စိတ်နဲ့အိပ်ရာထဲလှဲကာ နောက်ဆုံးတော့ မေ့ကိုထားခဲ့ပြန်ပြီ

မေတစ်ယောက်တည်းကျန်ခဲ့တော့ အနည်းငယ်ကျန်တဲ့လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချကာ အခု တိုက်ခန်းလေးတစ်ခန်း ငှားနေနိုင်ခြင်း

အရင်ကမေလာရင် သမီးလေး သမီးလေးနဲ့ဖြစ်နေတဲ့ရဲရင့်အမေက မေ့အခြေအနေအဲ့လိုဖြစ်တည်းက မေ သွားလည်ရင် အရင်လိုမဟုတ်တော့ သိသိသာပြောင်းလဲသွားတာမို့ မေ သတိထားမိကာ အခုလိုရဲရင့်ကိုငြင်းဖို့ ဆုံးဖြတ်ချက်ချမိသွားခြင်းပင်

မေနဲ့ရဲရင့်နှစ်ယောက်စလုံးက အပြုအစုနဲ့နေလာတာဆိုပေမယ့် ရဲရင့်ကပိုနုသည်

နှစ်ယောက်စလုံး မိုးရေမိတာခြင်းအတူတူကို ရဲရင့်ညရောက်တော့ အပြင်းဖျားပြီး
တစ်အိမ်လုံးရဲ့ရတနာမို့ ရဲရင့်ဖျားတော့ အမေရောအဖွားရောဘေးနား တစ်ညလုံးငုတ်တုတ်

မနက်နိုးတော့ သားနေမကောင်းပေမယ့် ကုမ္ပဏီမှာအရေးကြီးအစည်းအဝေးမို့ ဒေါ်သွေးရင့်ချို ခဏထွက်သွားသလို

အဖွားလုပ်သူဒေါ်အနီရင့်ကတော့ မြေးဖြစ်သူနိုးရင်စားဖို့ ဆန်ပြုတ်ကို သူကိုယ်တိုင်ထချက်လျက်

တီ.....တီ......တီ......

ဖုန်းရဲ့vibrateကြောင့်ရဲရင့်နိုးလာပြီး ကိုင်လိုက်ကာ

"ဟယ်လို"

"ရဲရင့် မေထွက်သွားပြီ"

"ဘာ မေထွက်သွားပြီ"

"ဟုတ်တယ် ဒီမနက်လေယာဉ်နဲ့"

"မေက လေယာဉ်နဲ့ဘယ်ကိုသွားတာလဲ"
"အဲ့တာတော့ ငါလည်းမသိဘူးကွ သူ့သူငယ်ချင်းတစ်ယောက်ပြောတာ"

"အခုမှသွားတာလား လေယာဉ်ပေါ်တက်သွားပြီလား"လို့ တစ်ဖက်ကိုလှမ်းမေးရင်းနဲ့အတူ ရဲရင့်အိမ်အောက်ထပ်သို့ ပြေးဆင်းလာပြီ

"လေယာဉ်ချိန်ကတော့ ၉နာရီမှတော့ အခုမှ၈ခွဲပဲရှိသေးတယ်ဆိုတော့ မထွက်လောက်သေးဘူးကွ ဒါမယ့် သူ့အိမ်ကထွက်သွားတာက မနက်၆နာရီတည်းကတဲ့ သူနဲ့အတူနေတဲ့သူငယ်ချင်းပြောတာ"

"အင်း ငါလိုက်သွားလိုက်မယ်"

"ပြီးရော ပြီးရော"

ဒေါ်အနီရင့် မြေးလုပ်သူအတွက်ဆန်ပြုတ် ပြုတ်ပြီးတော့ အပေါ်တက်ဖို့ မိးဖိုခန်းထဲမှထွက်လာဖို့ရှိသေး အပေါ်က ပြေးဆင်းလာတဲ့မြေးကြောင့်

"မြေးလေး ဘာဖြစ်တာလဲ ဘယ်သွားမို့လဲ နေမကောင်းသေးဘူးလေ မြေးလေး"

ရဲရင့်အဖွားပြောတာကြားပေမယ့် ဂရုမစိုက်နိုင်သေး သူအခုရောက်ချင်နေတာက
လေဆိပ်မလား

ကားထုတ်ပြီး သူ့ကားဦးတည်ရာက လေဆိပ်ဆီ

နေမကောင်းနေတဲ့မြေးက အပြေးအလွှား သူမပြောတာဂရုမစိုက်အား ကားထုတ်ပြီး ထွက်သွားတာကြောင့် သူမပါအနောက်က Driverနှင့်အတူ မြေးနောက်ကိုလိုက်လျက်

ရဲရင့် လေဆိပ်ကိုရောက်တော့ ၉နာရီထိုးဖို့ ၅မိနစ်အလို ကားကိုလွတ်တဲ့နေရာမှာ parkingကျမကျ မသိ ရပ်လိုက်ပြီး လေဆိပ်ထဲပြေးဝင်ကာ သူမကိုရှာဆဲ

ရဲရင့် အခုမေ့ကိုလိုက်ရှာတာက သူ့ကိုလက်ခံခိုင်းဖို့မဟုတ်ပါ သူဒီလိုဖွင့်ပြောတာကို မျက်နှာပူရုံနဲ့ သူမကို ထွက်မသွားခိုင်းဖို့ တကယ်သွားသင့်တာက သူမလား

သို့သော် သူနောက်ကျသွားခဲ့ပြီ သူဘယ်လိုရှာရှာမတွေ့ခဲ့ နောက်ဆုံးတော့ လေယာဉ်ထွက်ပြီဆိုတဲ့အသံကိုကြားတော့မှ သူလက်လျှော့လိုက်တော့သည်

အဖွားလုပ်သူလိုက်လာတာတွေ့ပြီး အဖွားဖြစ်သူကို ဖြစ်ပျက်မျှပြောပြကာ ငိုကြွေးလျက် သူ အိမ်သို့ ပြန်လိုက်ပါခဲ့သည်

ဒေါ်အနီရင့် တခါမှမငိုဖူးသည့်မြေးက အခုလိုသဲကြီးမဲကြီးငိုနေ၍ ထိုမိန်းကလေးကို ဒေါသထွက်နေမိသည်

သူ့မြေးမှာ ဘာမှစွန်းထင်းတာမရှိ အရာရာပြည့်စုံတဲ့သူ ထိုလိုပြည့်စုံတာကိုမှငြင်းလွှတ်၍

ဒေါ်သွေးရင့်ချိုကတော့ သားလုပ်သူဖျားပြီး ဝမ်းနည်းနေတာကို မကြည့်ရက်ပေမယ့် သူမ သဘောမတူသည့်သူက သားဘေးနားက သူမဘာမှလုပ်စရာမလိုပဲ ထွက်သွားတာကြောင့် ပျော်ရမလို

ရဲရင့် တဖြည်းဖြည်းနေသားကျလာပြီ

မေ့သူငယ်ချင်းတွေဆီက သူကြားရတာတော့ မေကသူမရဲ့အခြေအနေနဲ့ဆို သူ့အမေသဘောမတူမှာစိုးလို့ သူ့ကိုငြင်းခဲ့တာတဲ့

အဲ့အချိန်ကစ သူ့စိတ်ထဲ မေ သူ့အနားပြန်လာဖို့သာတွေးခဲ့ပြီး အချစ်ကို ထပ်ကာမစူးစမ်းတော့ စာကိုသာဂရုစိုက်ကာ အခုလိုအသက်ငယ်ငယ်နဲ့ ပါမောက္ခဖြစ်လာခဲ့ခြင်း

မေ သူ့ဘေးနားကထွက်သွားတဲ့၁၀နှစ်အတွင်းမှာ သူပြောင်းလဲသွားခဲ့ပြီ သူအရင်လို အပြုံးများတဲ့လူသားမဟုတ်တော့ပေ

ဒီ၁၀နှစ်အတွင်း မွေးနေ့ဆိုပြီး သူမလုပ်ခဲ့ပေမယ့် သူ့မွေးနေ့တိုင်းဘုရားသွားပြီး သူဆုတောင်းခဲ့မိတာက မေ သူ့အနားပြန်လာမို့

ဒါက ဒီ၁၀နှစ်အတွင်း အဖြစ်ချင်ဆုံး သူ့ရဲ့ဆန္ဒပေါ့

ရဲရင့် အတိတ်ဆီသို့ အတွေးရောက်နေရင်း

"မြေးလေး ဘာတွေတွေးနေတာလဲ"ဆိုသည့် အဖွားလုပ်သူရဲ့အသံကြောင့် လက်ရှိဘဝသို့

"ဘာမှမတွေးပါဘူး အဖွား"

"အော်မသိပါဘူး အဖွားရောက်နေတာကြာပြီ မြေးကအဖွားကိုမတွေ့တော့ တစ်ခုခုများတွေးနေတာလားလို့

Love's Theory (Love S2)Where stories live. Discover now