Part 8

41 1 0
                                    

"ဆရာရဲ လာပြီလား ထိုင်လေ"

"ဟုတ်ကဲ့"လို့ပြောပြီး ရဲရင့်လည်း ထိုင်လိုက်ရင်း

"ဒါက ဌာနကိုအသစ်ပြောင်းလာမယ့်ဆရာမသံစဉ်မေလေ ဆရာရဲ"

"အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"ဆိုပြီး အခုမှသိသလိုနှုတ်ဆက်လိုက်တဲ့ရဲရင့်

"ရဲရင့် ငါမေလေ နင်မမှတ်မိတော့ဘူးလား"

မေ မထင်ထားတဲ့ရဲရင့်ရဲ့အပြုအမူကြောင့်

မေ့ခမျာ ရဲရင့်နဲ့နီးစပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ရတာ အခုကိုယ့်ကိုကိုယ်ရဲရင့်နဲ့အဆင့်တူပြီလို့ တွေးနိုင်တော့မှ မြန်မာနိုင်ငံကိုပြန်လာပြီး ပါမောက္ခအဖြစ်နဲ့အလုပ်လုပ်ခဲ့တာ ရဲရင့်က ရန်ကုန်တက္ကသိုလ်ဆိုလို့ မေ့မှာပြောင်းရွှေ့ခွင့်ရအောင် ကြိုးစားခဲ့ရတာ

ထင်မှတ်မထားတဲ့ရဲရင့်ရဲ့တုံ့ပြန်မှုကြောင့် ...

"မမှတ်မိတာ Sorryပါ ကျွန်တော်ကကျွန်တော့်ကို လှည့်စားခဲ့တဲ့သူတွေဆို မှတ်မထားတတ်လို့"
ရဲရင့်စကားကြောင့် မတ်တပ်ရပ်နေတဲ့မေ ထိုင်လျက်သား...

ဘေးနားကဆရာ/ဆရာမတွေကတော့ သူတို့ရဲ့အခြေအနေကိုမသိ၍ ကြောင်ကြည့်နေလျက်

"ဆရာ ကျွန်တော့်ကို ဒီခေါ်တာက အသစ်ပြောင်းလာတဲ့ဆရာမသံစဉ်မေနဲ့ပဲ မိတ်ဆက်ပေးမို့လား တခြားကိစ္စရှိသေးလား"

"မရှိပါဘူး ဆရာရဲ"

"အော် ဟုတ် ဒါဆို ကျွန်တော် လုပ်စရာလေးရှိလို့သွားခွင့်ပြုပါအုံး"လို့ပြောပြီး ရဲရင့်ထွက်လာတော့

မေလည်း ရဲရင့်နောက်မှပြေးထွက်လာမိသည်

"ရဲရင့်.. ရဲရင့်.. ရဲရင့် ခဏနေပါအုံး"

ဦးနှောက်ကမုန်းဖို့တိုက်တွန်းပေမယ့် နှလုံးသားကငြင်းဆန်ဆဲ

ရှေ့သို့လှမ်းနေတဲ့ရဲရင့်ရဲ့ခြေလှမ်းတွေလည်း ရပ်တန့်လျက်

ရဲရင့်ရပ်သွားတော့ မေလည်း ရဲရင့်လက်ကိုကိုင်ပြီး

"ဘာလို့လဲ ရဲရင့် ငါက နင့်ကိုဘာလှည့်စားခဲ့လို့ နင်က ငါ့ကိုမေ့လိုက်တာလဲ"

"အဲ့တာက ငါ့ကိုမေးမယ့်အစား နင့်ကိုနင်မေး
ကြည့်ပါလားမေ"

"ကောင်းပြီ နင်ငါ့ကို တစ်ခုခုအထင်လွဲနေတာလို့ ငါယုံကြည်တယ် ငါတို့အေးဆေးစကားပြောရအောင် လမ်းမမှာရပ်ပြောနေတာမကောင်းဘူးလေ"

"ကောင်းပြီ"ဆိုပြီး
ရဲရင့်မောင်းမိတဲ့နေရာက အရင်တက္က့်ဆသိုလ်ကျောင်းသားဘဝက သူတို့တွေ့နေကျဆိုင်

ဦးနှောက်က ခိုင်းစေစရာမလိုပဲ အလိုလိုမောင်းမိခြင်း....

"နင်မှတ်မိသေးတာပဲ ရဲရင့် ဒီနေရာက ငါတို့ အရင်က လာနေကျဆိုင်လေးလေ ဒီမှာ ငါတို့နှစ်ယောက်ရဲ့အငွေ့အသက်တွေအများကြီးပဲ ငါလွမ်းနေခဲ့တာ ဒီဆိုင်လေးကို ငါဒီဆိုင်လေးကို မရောက်ဖြစ်တာ ၁၀နှစ်ရှိခဲ့ပြီ"

"ငါရောပဲ"

ဟုတ်ပါတယ် ရဲရင့် မေထွက်သွားတည်းက ဒီကိုလာရင် အတိတ်တွေကိုမြင်ပြီးလွမ်းနေမိမှာစိုးလို့ မလာဖြစ်ခဲ့တာ မေထွက်သွားတည်းက

ဆိုင်ထဲကိုတော့ မဝင်မိပေမယ့် ဆိုင်ရှေ့ကဖြတ်သွားတိုင်းတော့ ငေးကြည့်မိသား....

"ရဲရင့် နင် ငါနဲ့ပတ်သတ်ပြီး ဘယ်လိုကြားထားလဲ ငါမသိဘူး"

"ဘယ်လိုပဲကြားထားပါ ငါတို့က ခုမဖြစ်နိုင်တော့ဘူး နင့်မှာပိုင်ဆိုင်သူရှိနေပြီပဲ"

"ဘာကို ပိုင်ဆိုင်သူရှိရမှာလဲ ရဲရင့် ငါနင့်ကိုငြင်းပြီး နိုင်ငံခြားထွက်သွားတည်းက ဘယ်သူ့ကိုမှမကြိုက်ခဲ့ဘူး ငါစာတွေအလုပ်တွေ ကြိုးစားခဲ့တယ် ငါ နင့်ကိုငြင်းခဲ့ရတာကလည်း အခြေအနေမတူတဲ့ငါတို့ကို နင့်အမေသဘောမတူမှာစိုးလို့ အဲ့တာပြီးတော့ နင်နဲ့ငါ အရင်လိုအဆင့်အတန်းတွေတူပြီး နင့်အမေသဘောတူအောင် ငါကြိုးစားခဲ့တာ တနေ့မှငါနေ့ကို မမေ့ခဲ့ဘူး"

"ကျေးဇူးပါပဲမေ တနေ့မှ ငါ့ကိုမမေ့ပေးတဲ့အတွက် ဒါမယ့် ငါ့စိတ်ထဲမှာ နင့်ကို သူငယ်ချင်းမိတ်ဆွေတစ်ယောက်အနေနဲ့ပဲ စိတ်ရှိတော့တယ်"

အဖွားပြောတာနဲ့မေပြောတာ ကွာနေပေမယ့် ရဲရင့်ဘာမှထပ်မပြောတော့ အဖွားပြောတာအမှန်ဆိုလည်း သူ့အတွက် ပြောင်းလဲခွင့်မရှိဘူး ဘာလို့ဆို သူ့မှာမိန်းမရှိနေပြီမလား

သူ့အနေနဲ့ မိန်းမလုပ်သူ နန်းသီရိကိုချစ်လားဆိုတော့ သူမဖြေတတ် ဒါမယ့် ကိုယ်ဟာ ယောကျာ်းတစ်​ယောက်ဖြစ်တဲ့အတွက် ကိုယ့်မိန်းမအပေါ်တော့ သစ္စာရှိရမည်မဟုတ်လား.....

မေ သူမရှင်းပြလိုက်ရင် ရဲရင့်သူမကို အထင်လွဲတာတွေ ပြေပြီး မစခဲ့ရတဲ့ရဲရင့်နဲ့သူမရဲ့အချစ်ဇာတ်လမ်းကို ပြန်စနိုင်မယ်ထင်ခဲ့တာ

အခုတော့လက်တွေ့နဲ့အထင်က တခြားစီ

"ရဲရင့် နင်ငါ့ကို ဝေးကွာသွားလို့ သူငယ်ချင်းစိတ်ပဲရှိတယ်လို့ နင်ထင်နေတာ ငါယုံကြည်တယ် ငါသာ နင်နဲ့ပြန်.အနေနီးလာခဲ့မယ်ဆို ငါတို့နှစ်ယောက်ရဲ့သံယောဇဥ်တွေ ပြန်နွေးထွေးလာမယ်လို့ ဟုတ်တယ်မလား"ဆိုပြီး မျက်နှာမှာ ဖြူစင်တဲ့မျှော်လင့်ခြင်းတွေပြည့်နှက်နေကာရဲရင့်လက်ကိုကိုင်ပြီး ရဲရင့်ဆီကတောင်းဆိုနေသယောင်

ဘယ်လောက်ပဲ အသိစိတ်ကထိန်းချုပ်နေပေမယ့် မသိစိတ်ကတော့ သူမရဲ့အထိအတွေ့ကြောင့် ကြောင်အသွားလျက်

သူမကို သံယောဇဥ်ကျန်သေးတယ်ဆိုတဲ့ မသိစိတ်ကြောင့် လက်ကိုင်တာကို ကြောင်ပြီး ဘာမှမပြောမိသလို အသိစိတ်ကျ အရမ်းရဲတင်းလွန်းလာတဲ့သူမ

အရင်ကဆို သူမက ယောကျာ်းလေးရဲ့လက်တွေ ဘာတွေဆို မကိုင်ဖူးဘူးမလား
......

နှင်းတို့ ဆိုင်မှာ အလုပ်လုပ်နေရင်း နန်းက သူဘာမှမစားလာရဘူးဆိုရျ် ဆိုင်နဲ့နီးတဲ့ဆိုင်တစ်ဆိုင်မှာ မုန့်လာစားကြခြင်း

"နန်း ဘာစားမှာလဲ"

"သူ့လိုနောက်ကျတဲ့သူကို အရေးတကြီးကျွေးမွေးစရာမလိုဘူး ကျွေးတာစား"

"တခါလေးနောက်ကျတာကို အရေးတယူနဲ့ နင်တို့အကျင့်မကောင်းဘူး ဒါများသိ အိမ်မှာတည်းက တခါတည်းစားလာတယ် အဲ့မှာဆို ငါကြိုက်တာစားလို့ရ အခုတော့ဆိုင်နောက်ကျနေလို့ဆိုပြီးဘာမှမစားရပဲထွက်လာရသေး နင်တို့နှိပ်စက်တယ်"

"ဘယ်သူ ညကမပြန်ခင် စောစောလာမယ် ပြောသွားတာလဲ ဟမ်"

"နောက်ကျတာ ငါတစ်ယောက်တည်းမဟုတ်ဘူးလေ နှင်းလည်းပါတယ် နင်တို့က နှင်းကသူ့ဦးပါတယ်ဆိုပြီး ငါ့ကိုပဲ ဝိုင်းဆူနေကြတယ် တော်ပြီမခေါ်တော့ဘူး"ဆိုပြီး နန်းလည်း သူတို့ဘက်မလှည့်ပဲ ဆိုင်ထဲတစ်နေရာကို ကြည့်လိုက်တဲ့အခါမှ တွေ့မိတာက ဆရာ

ဆရာနဲ့မိန်းမတစ်ယောက် ထိုမိန်းမက ဆရာ့လက်ကိုကိုင်နေတာ

အိမ်မှာတုန်းက အဖွားကိုပြောတာက ကျောင်းသွားမယ်တဲ့အခုကျတော့ ဒါလားကျောင်းသွားတာ

ဒေါသလေးတော့ထွက်မိပြီး အဲ့ဝိုင်းကို စိုက်ကြည့်မိသား

နှင်းတို့လည်း နန်းက တစ်ဖက်ကို ငေးနေတာမို့ သူတို့လည်းလိုက်ကြည့်ရင်း....

ရဲရင့် သူ့အတွေးနဲ့သူကြောင်နေရင်းမှ

လူတိုင်းမှာဆဌမအာရုံဆိုတာရှိသည်မလား ကိုယ့်ကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေရင် သိနေသလိုမျိုးလေ

ဒါကြောင့် သူလှည့်ကြည့်လိုက်တော့ သူ့ရဲ့တပည့်တစ်ဖြစ်သောသူ့မိန်းမ

"နန်းသီရိ "ဆိုပြီး သူ့နှုတ်ကထွက်လိုက်တော့

ဆရာက နန်းကြည့်နေတာတွေ့ပြီး နန်းနာမည်ရေရွတ်လိုက်တော့ နန်းလည်း ထိုင်နေရာမှ ထလိုက်တော့ နန်းဘေးနားကဖြတ်သွားနဲ့သူတသ်ယောက်ကို တိုက်မိသွားသည်

မေ ရဲရင့်နှုတ်မှနန်းသီရိလို့ထွက်ပြီး သူ့အကြည့်နေရာကိုလိုက်ကြည့်မိတော့ ကောင်မလေးတစ်ယောက်

ထိုကောင်မလေးထလိုက်တော့ တိုက်မိတာက ကောင်လေးတစ်ယောက် အဲ့ကောင်လေးကို သေချာကြည့်မိမှ မေ့မောင်ဝမ်းကွဲ

ဒါကြောင့်မေလည်း ထို​နေရာကို ထသွားမိသလို

ရဲရင့်လည်း နန်းပြုတ်ကျသွားတာကြောင့် ထိုနေရာကို အလိုအလျောက်လျှောက်မိသား

နှင်းတို့ကလည်း

"နန်း ဘာဖြစ်သွားလဲ"

"ဘာမှမဖြစ်ပါဘူး"

ကောင်း မမခေါ်လို့ လာရာမှ အခုလိုတိုက်မိခြင်းကြောင့် ရှေ့မကြည့်နောက်မကြည့် ဒေါသထွက်မိသား

အော်ဖို့လုပ်နေတုန်းမှာပင် မျက်မှာမော့လာပြီး"sorryပါနော် နန်းအမှားပါ"လို့ပြောလိုက်တဲ့ကောင်မလေးကြောင့် ကောင်း အပြစ်မပြောနိုင်တော့ 

Love's Theory (Love S2)Where stories live. Discover now