Part 5

41 1 0
                                    

နန်း သီချင်းနားထောင်နေရင်း နှင်းတို့က ခြံရှေ့ထွက်လာခဲ့အုံးဆိုရျ် အိမ်ဘေးကသာထွက်လာခဲ့ပြီး ခြံထဲမှာရပ်ထားတဲ့ကားကိုကြည့်တော့ ရင်းနှီးနေသလို ဒါမယ့်သိပ်မစဥ်းစား

နှင်းတို့ဆီကိုပဲသွားချင်တာမလား

ခြံရှေ့မှာကားရပ်ထားတဲ့မမလေးတွေ

"ဘာလဲပြော"

"အပြင်သွားမို့ နင့်လာခေါ်တာလေ"

"ငါဒီနေ့ အပြင်ထွက်လို့မရဘူးလေ နောက်နေ့မှသွားကြမယ်လေ"

"ဒီနေ့က ရိုးရိုးအပြင်ထွက်တာမဟုတ်ဘူး"

"နင်ကရိုးရိုးမထွက်ရင် ဆန်းဆန်းထွက်ချင်လို့လား နှင်း"

"ငါပြောတာလောသွားလို့ ပထမက ဒီတိုင်းအပြင်ထွက်တာဟ ဒါမယ့်ဒီနေ့က ကိုကိုတို့က ငါတို့အတွက်ဆိုင်ခန်းတွေ့ထားတယ် ကြိုက်မကြိုက်လာကြည့်ဆိုလို့ နင့်ပါအရခေါ်တာ"

"ဆိုင်ခန်းရပြီလား ဒါဆိုသွားကြည့်ရမှာပေါ့ လာအိမ်ထဲလာ အမေ့ကိုဝိုင်းပြောပေး"

"ပြောပေးမို့လာတာပဲ"ဆိုပြီး ကားစက်သတ်ကာ ​နန်းနှင့်အတူအိမ်ထဲဝင်လာတဲ့နှင်းတို့

ပထမက တက်ကြွတဲ့ခြေလှမ်းများဖြင့်ဆိုသော်လည်း ဧည့်ခန်းမှာထိုင်နေတဲ့ ရဲရင့်တို့ကိုတွေ့ပြီးနောက်မှာတော့ တစ်နာရီမိုင်၂၀နှုန်းမှ တစ်နာရီ၁မိုင်နှုန်းအဖြစ်သို့ပြောင်းလဲသွားတဲ့ ခြေလှမ်းများ

နန်းရဲ့အမေက နန်းတို့ဝင်လာတော့

"သမီးတို့လာထိုင်".ဆိုပြီးဖိတ်ခေါ်လိုက်ပေမယ့် ဆရာကတော့မျက်နှာပူနေပုံ

ပျိုကပဲ "နန်းကို သမီးတိူ့ခေါ်သွားလို့ရမလားဟင် အန်တီ သမီးတို့ဆိုင်ခန်းကြည့်စရာရှိလို့"

"ဆိုင်ခန်းဆိုတော့ သမီးတို့ ဟိုတခါပြောတဲ့ဟာလား"

"ဟုတ်တယ်ဖေဖေ အဲ့တာအခုသွားကြည့်မို့"

"အဲ့တာလည်း အရေးကြီးကိစ္စပဲ သွားရမှာပေါ့ ဒါမယ့် ​ဖေဖေ့မှာ အဲ့ထက်အရေးကြီးတဲ့ကိစ္စရှိတယ် အရင်နားထောင်ပြီးမှ သွား"

"ဟုတ်ကဲ့ဖေဖေ"

"သားရဲရင့်အခု အိမ်ကိုလာတာက သမီးကိုလာမြန်းတာ"

"ရှင်...."ဆိုပြီး ထွက်သွားတာက ကာယကံရှင်နန်းတစ်ယောက်တည်းမဟုတ် နှင်းတို့သုံးယောက်ပါအပါ

"မေမေ ဒါကမဖြစ်နိုင်ဘူးထင်တယ်နော် သမီးနဲ့ဆရာက လုံးဝ.မဖြစ်နိုင်ဘူး မေမေ သဘောမတူနဲ့နော်"

အဖေ့ဘက်ကပြောလာတာမို့ သဘောတူသည့်ဟန်ရှိတယ်ဆိုပြီး အမေ့ဘက်လှည့်စစ်ကူတောင်းတဲ့နန်း

ရှေ့နေငှားကာမှ ထောင်လုံးလုံးကျရတဲ့နန်းအဖြစ်ပေ

"မိဘက ကောင်းလို့စီစဥ်တာကို နင်ကဘာလာပြောနေတာလဲ မိနန်း ဟမ် ဟိုမှာ လူကြီးတစ်ယောက်လုံးပါတာတောင် အားနာစရာကြီး"ဆိုပြီး ထိုင်နေရာမှ နန်းနားကပ်လာပြီး မသိမသာ ဗိုက်ခေါက်ဆွဲလိမ်ပြီး တိုးတိုးပြောလိုက်တဲ့အမေ

နန်း ဗိုက်ခေါက်ဆွဲလိမ်ခံနေရတာကိုတော့ နန်းအဖေ ဆရာနဲ့ ဆရာ့အဖွားတော့ မြင်မယ့်ပုံမပေါ်

နန်းအနားကပ်နေတဲ့ နှင်းတို့သာမြင်ပြီး

နှင်းကပဲ
"နန်းကလည်း လက်ခံလိုက်ပါဟာ ဆရာက ချောလည်းချောတာပဲဟာ နင့်အတွက်ဘာမှအရှုံးမရှိပါဘူး"

"နှင်းကလည်း နင့်အတိုင်း ငါ့ကိုမလုပ်နဲ့ ငါက အဖေအမေပြောစကားနားထောင်ပြီး အဖိုးကြီးကြိုက်မယ့်သူမဟုတ်ဘူး"

နှင်းပြောတာက နန်းကြားရုံပါ နန်းပြောတာကတော့ ဆရာတို့ပါကြားလောက်သည်

မနာခံတဲ့သမီးဖြစ်သူကြောင့် ခုနကလိမ်ဆွဲတာထက် ပိုပြီးဆွဲလိုက်ပြီး

"ဘယ်မိဘက ကိုယ့်သမီးကို အဖိုးအရွယ်နဲ့ပေးစားမှာလဲ သားရဲရင့်ကိုကြည့် ငယ်ငယ်လေးနဲ့ပါမောက္ခဖြစ်နေတာလေ ဘယ်မှာမိန်းမလိုက်စားလဲပြော အရက်သေစာ ဆေးလိပ် ဘာတွေလည်း မသောက် မိဘက ကောင်းမွန်တဲ့လူကိုမို့ နင့်အတွက်လက်ခံပေးတာကို ညည်းငြင်းမယ်မထင်နဲ့ ညည်းကိုကျန်တဲ့ကိစ္စတွေမှာ အလျှော့ပေးထားတယ် ဒီလိုတစ်ဘဝစာအရေးမှာတော့ အမေတို့ကိုယ်တိုင်ပဲဆုံးဖြတ်ပေးမယ် "

"အမေကလည်း သမီးကသမီးကိုချစ်တဲ့သူပဲလိုချင်တာ ဆရာကသမီးကိုချစ်တာရော ဟုတ်လို့လား အမေကလည်း တစ်ဘဝစာနော် မချစ်တဲ့သူနဲ့သမီးကနေရမှာလား"

"အန်တီခဏလေးနော်"ဆိုပြီး ရဲရင့်အဖွားဘက်လှည့်ကာပြောရင်း

နှင်းတို့ဘက်လှည့်ကာ "လေးယောက်စလုံးလိုက်ခဲ့"

နန်းအမေရဲ့ သြဇာပြင်းတဲ့အသံအောက်မှာ လေးယောက်စလုံး "ဟုတ်"ဆိုတဲ့အသံနှင့်အတူ ဆိုတဲ့အသံနှင့်အတူ လေးယောက်စလုံး နန်းအမေနောက်လိုက်သွားလျက်

နန်းတို့လေးယောက်ကြောင့် မိဘတွေခင်လာခဲ့ပေမယ့် တစ်ယောက်ရဲ့မိဘစကားက သူတို့ကျန်လူတွေအတွက်လည်း ကိုယ့်မိဘတွေရဲ့စကားလိုပါပဲ

အခန်းထဲရောက်လာတော့

"သမီးတို့သူငယ်ချင်းကိုကြည့်ပြောအုံး"

"ဟုတ်ကဲ့အန်တီ "

"နင်တို့နော် ငါ့ကို မကောင်းကျောင်းမပို့နဲ့"

"ဟဲ့နန်း နင်ကပဲပြောရတယ်ရှိသေး ဦးခန့်ထည်ဝါ ငါ့ယောကျာ်းမဖြစ်ခင်က သူ့ကိုကြိုက်တဲ့ထဲ နင်လည်းပါတယ်နော် ခုမှ ငါ့ကိုလာပြီး အဖိုးကြီးမပြောနဲ့ ပြီးတော့ ငါ့ဦးနဲ့ယှဉ်ရင် နင့်ဆရာက ပိုချောပါတယ်နော် "

"အေးလေ တစ်ကျောင်းလုံးမှာ kingတွေ princeတွေထက် နာမည်ပိုကြီးတဲ့ပါမောက္ခကို ပိုင်ဆိုင်ရမယ့်အရေးနော် နင်လက်မလွှတ်သင့်ဘူး"

"ဟုတ်တယ် နန်း ဆရာက အန်တီပြောသလို ဘာမှမရှုပ် မသောက်စားဘူးနော် ဒီလိုလူခုခေတ်မှာရှာရခက်တယ်"

"နင်တို့က နင်တို့မယူရတိုင်း"

"ငါယူရင် ငါ့ဦးကခွင့်ပြုမှာမဟုတ်လို့" ပြောလိုက်တဲ့နှင်း ဒီစကားသာ ခန့်ကြားမယ်ဆိုရင်တော့ နှင်းဘဝမတွေးရဲစရာ

"ငါ့လာမတောင်းလို့ "ဟုပြောလိုက်တာ လွှာ

"ငါက နှင်းရဲ့အကိုတွေရှိလို့ မယူတာ" ဟု ပြောတာကပျို

"နင်တို့ပြောတာမှန်ပါတယ် ဆရာကချောတယ် အပြစ်ပြောစရာလည်းမရှိဘူး ဒါမယ့် သူစာသင်တဲ့ချိန် နင်တို့လည်းသိတာပဲဟာ လုံးဝကြောက်စရာလေ လက်ထပ်မယ်ဆို ငါအေးဆေးနေရပါ့မလား ပြီးတော့ ငါကခုMaster တက်နေတဲ့သူ ဆရာကစာသင်တဲ့ပါမောက္ခ အများအမြင်သင့်တော်ပါ့မလား ငါအခုဘွဲ့တစ်ခုရပြီးပေမယ့် နောက်ဘွဲ့အတွက်တက်နေတုန်းဆိုတော့ အဲ့ဘွဲ့ရမှလက်ထပ်ချင်တယ် ဖိတ်စာလေးမှ ငါ့ဘွဲ့လေးတွေ ထည့်ချင်တဲ့သဘောပေါ့"

"ဒါများ နင့်အမေတို့နဲ့ညှိနှိုင်းကြည့်ပေါ့ဟ နင်သာပြေပြေလည်လည်ပြောရင် အန်တီတို့က ခွင့်ပြုမှာပါ ဟုတ်တယ်နော် အန်တီ"

နန်းအမေကတော့ ဘာမှမပြော နန်းကိုသာကြည့်လျက်

"အခုတရားရုံးမှာလက်မှတ်ထိုး မင်္ဂလာဆွမ်းကျွေးပဲလုပ်ပြီး သမီးMasterတက်မှ လက်ထပ်လို့ရလားမေမေ"

"သမီးဆရာ ကိုမေးလေ ဒါမယ့်မောင်ရဲရင့်ကိုမငြင်းရဖူးနော် အမေတို့က သမီးကို မိန်းကလေးရှင်ဖြစ်ရက်နဲ့အတင်းထိုးပေးတာမဟုတ်ဘူး အရင်ထဲက သမီးအဖေကသူ့တပည့်ကို အကဲခတ်ပြီးသဘောကျနေတာ ဒါမယ့်သမီးအဖေက သမီးငြင်းရင်ဘယ်တုန်းက လက်ခံဖူးလို့လဲ သူ့တပည့်လဲမျက်နှာမနာဘူး ငြင်းလွှတ်မှာ ပြီးရင်တော့ကြိတ်ဝမ်းနည်းနေမှာ"

အဲ့တာတော့ဟုတ်သည် majorရွေးတုန်းက ဖေဖေရွေးချင်တဲ့ပညာရေးလိုင်းမရွေးပဲ IC ရွေးလိုက်တာ အဖေကရှေ့တင်ဘာမှမပြောပေမယ့် နောက်ကွယ်မှာကျ ကြိတ်ငိုနေတာ သူ့သမီးက သူ့လိုင်းမလိုက်ပါလားဆိုပြီး အဲ့တာကြောင့် နန်း ဖေဖေ့စိတ်ကြိုက် Masterထပ်တက်ပြီး တက္ကသိုလ်tutorလုပ်ဖို့ စဥ်းစားထားခြင်း

ဒါကြောင့်ပဲ နန်းဆရာနဲ့လက်ထပ်ဖို့ခေါင်းငြိမ့်ပြီး ဧည့်ခန်းကိုပြန်ရောက်တော့

"သမီးလက်ခံပါတယ် ဖေဖေ"

ခုနကကျ သူ့ကိုအသည်းအသန်ငြင်းတဲ့မိန်းကလေးက သွားတာမှမကြာ ပြန်လာတော့ လက်ခံတယ်တဲ့လား....

"ဒါမယ့် သမီးတောင်းဆိုစရာတစ်ခုရှိတယ် အခုချိန်မှာ စေ့စပ် လက်မှတ်ထိုး ဆွမ်းကျွေး အဲ့လောက်ပဲလုပ်ပြီး သမီးMasterတက်မှ လက်ထပ်ပွဲကို လုပ်လို့ရမလားဟင် တခြားသဘောမဟုတ်ပါဘူး ဒီMasterကိုဆက်တက်တည်းက မင်္ဂလာဆောင်ဖိတ်စာကျ ကိုယ်တက်တဲ့ဘွဲ့နာမည်တွေအကုန်ပါစေချင်လို့ပါ ဆရာသဘောတူလားဟင်"

"မင်းသဘောပါ"

ဒေါ်အနီရင့် သူတောင်ဘာမှမပြောရသေးခင် ဝင်ပြောလိုက်တဲ့မြေးကြောင့် မျက်စောင်းများ....

ဒေါ်အနီရင့်အိမ်မှာ မြေးဖြစ်သူကို ချွေးမလေးကျောင်းပြီးမှမင်္ဂလာပွဲခမ်းခမ်းနားနားလုပ်မယ်လို့ သဘောတူခဲ့ပေမယ့် အတည်မဟုတ် လက်ထပ်ပွဲခမ်းခမ်းနားနားကျင်းပမို့ အခုတော့ မြေးချွေးမ​ဖြစ်သူကပါ တောင်းဆိုလာသည်မို့ သူမခေါင်းငြိမ့်ရတော့မည်

အဲ့လိုနှင်း နန်းနဲ့ဆရာ့ရဲ့လက်ထပ်ပွဲဆောင်ရွက်မှုတွေက အကျဥ်းချုံးဖြင့် ပြီးဆုံးလျက်

"မြေးလေး အပေါ်ထပ်မှာမြေးအခန်းလေ သွားအနားယူတော့"

"ဟုတ် အဖွား"

တကယ်တော့ မင်္ဂလာဆွမ်းကျွေးကို ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး နေ့ခင်းကျ တရားရုံးမှာလက်မှတ်ထိုးတော့ ညနေတည်းက နန်း ဆရာတို့အိမ်ရောက်နေခြင်းပင် ဆရာက ပြန်လာတည်းက အခန်းထဲဝင်သွားပေမယ့် နှင်းမဝင်ချင်လို့ အောက်မှာ ယောင်လည်လည်လုပ်နေခြင်း

အခုညမိုးချုပ်ပြီဆိုတော့ အဖွားကသွားနားခိုင်းနေပြီ ရှောင်ပြေးလို့မရ ဒါကြောင့်အခန်းထဲသို့ စိတ်ပျက်စွာ

"ဝင်လာပြီလား ပြောစရာရှိလို့"

"ဟုတ်ကဲ့ဆရာ"

"ကျောင်းမှာ ငါ့ကို အရင်လိုပဲဆက်ဆံပါ ငါတို့လက်ထပ်ထားတာ လူမသိစေနဲ့"

"ရပါတယ်ဆရာ ဒါဆိုနန်းလည်း တစ်ခုပြောချင်လို့ နန်းအိပ်ရာပေါ်အိပ်မယ် ဆရာကြမ်းပြင်မှာအိပ်ပါ ဒါလက်ထပ်ထားတဲ့မိန်းမ မပြောသင့်တဲ့စကားမှန်းသိပါတယ် ဒါမယ့်ဆရာကတောင် ဆက်ဆံရေးကို လျှို့ဝှက်ချင်တယ်ပြောလို့ နန်းဘက်ကလည်း ကြိုတင်ကာကွယ်တဲ့သဘောပါ"

"မင်းပြောတာ ငါသဘောတူပါတယ် ဒါမယ့် မင်းထင်နေတဲ့အတိုင်း ငါအဲ့လိုလူစားမျိုးမဟုတ်ဘူး ကျောင်းမှာငါတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကိုထုတ်မပြခိုင်းတာက မင်းအတွက် ကသိကအောက်ဖြစ်မှာစိုးလို့ပါ"

"နန်း နားလည်ပါတယ်ဆရာ ဒါဆိုနန်းအိပ်ပြီနော်"

နန်းဆိုတာ ပွင့်လင်းရင်လည်း အဲ့လိုပါပဲ

နန်းလက်ထပ်ပွဲကို မလုပ်ချင်သေးဘူးဆိုတာက နန်းရဲ့နာမည်နောက် ဘွဲ့နှစ်ခုလုံးထည့်ချင်လို့

ဆရာ့လိုတော့ နန်းနဲ့ပတ်သတ်မှုကို လျှို့ဝှက်မယ်လို့မတွေးခဲ့ ဆရာ့ဘက်က မပြောပြချင်မှတော့ နန်းအတွက် ပိုတောင်လွတ်လပ်သေး

ဆရာ့စကားနဲ့ဆရာပေါ့ အခု ဆရာကိုယ်တိုင်ပဲဖုံးကွယ်ချင်သလို ဆရာကိုယ်တိုင်ကပဲ နန်းကဆရာ့မိန်းမပါလို့ ထုတ်ပြောလာစေအောင် နန်းလုပ်ပြမယ် လို့တွေးပြီး အိပ်ပျော်သွားသူက နန်း

ရဲရင့် ဖွင့်မပြောစေချင်ဘူးဆိုတာက သူအစခံရမှာကြောက်လို့ သူ့ကို ထိုကောင်မလေးနဲ့လိုက်စတုန်းက သူပဲအတည်စကားအကုန်ငြင်းခဲ့တာမလား အခုလက်ထပ်တာသိကြည့်ပါလား သူ့စကားနဲ့သူအစခံရမှာ

ဒါကြောင့် ဖုံးကွယ်ထားခိုင်းခြင်း အခုသူမကတော့ သူ့ကိုတမျိုးမြင်ပြီး စိတ်ဆိုးသွားလေပြီလားမသိ

အခုမှ အစားကိုကုန်အောင်စား စကားကိုအကုန်မပြောနှင့် ဆိုတာ ကိုယ်တိုင်ခံဖူးပြီးနားလည်လာတယ်လို့တွေးရင်း ဗီဒိုထဲကအိပ်ရာခင်းခေါင်းအုံးစောင်အပိုကိုထုတ်ပြီး ကုတင်ဘေးခင်းကာ သူလည်း အိပ်စက်ရင်း 

Love's Theory (Love S2)Where stories live. Discover now