Part 7

39 1 0
                                    


နန်းလည်း မနေ့ကဆိုင်မှာလုပ်တာ ပင်ပန်းလို့ထင်တယ် မနက်ကျတော့ နောက်ကျမှ နိုးမိ

နန်းနိုးတော့ ဆရာမရှိတော့

ဒါမယ့် သိပ်ဂရုမစိုက်

နန်း ဆိုင်ကိုသွားဖို့ပြင်ဆင်ပြီးဆင်းလာတော့
ဆရာ့အဖွားက

"မြေးလေး ဘယ်သွားမို့လဲ"

နန်းဖြေဖို့ ပြင်နေတုန်းမှာပဲ

"ကျွန်တော် ကျောင်းကို ခဏသွားဖို့အဖွား"

ရဲရင့် သူထွက်လာရင်း အဖွားက မြေးလို့မေးလိုက်တော့ သူ့ကိုမေးတယ်ထင်၍ ဖြေလိုက်ခြင်းပင်

တကယ်ကျတော့..

"မင်းကို ဘယ်သူကမေးနေလို့လဲ ငါက ငါ့မြေးမလေးကိုမေးတာ"

ပထမ ဆရာကဖြေလိုက်တော့ နန်းလည်း နန်းကိုမေးတယ်မထင် ဆရာ့ကိုမေးတယ်ထင်ပြီး ကိုယ့်ကိုကိုယ်မဖြေလိုက်တာကောင်းတယ်လို့ တွေးနေတုန်းမှာပဲ အဖွားရဲ့စကားကြောင့် ထရယ်မိသည်

"မင်းကဘာရယ်တာလဲ"

"မင်းက ဘာအစွမ်းရှိလို့ ငါ့မြေးမလေးကို ဆူရတာလဲ"

အဖွားရဲ့စကားအောက်မှာ ရဲရင့်မျက်နှာဆူပုတ်လျက်

နန်း အဖွားနဲ့ဆရာပြောနေတာကို ကြည့်ပြီး ဆရာ့ရဲ့မျက်နှာအပြုအမူကိုကြည့်တော့

'အော် တည်ကြည်လွန်းတဲ့ဆရာမှာလည်း ဒီလိုသဝန်တိုတဲ့အချိန်ရှိပါလားပေါ့'

"သမီးလေး ဘယ်သွားမို့လဲ"

"နန်း ဆိုင်ကိုသွားမို့ အဖွား"

"ဆိုင်သွားမို့လား သွားလေ သမီးရဲ့"

ဒေါ်အနီရင့်က နန်းတို့ဆိုင်ဖွင့်ဖို့ပြင်နေတယ်ဆိုတာကို သိပြီးသားမို့ ဘာမှထပ်မပြောတော့

ဘာမှမသိသေးတဲ့ရဲရင့်ကတော့

"ဆိုင်သွားမို့.."ဆိုပြီး စကားကိုသံယောင်လိုက်ကာပြောလျက်

"ဘာဆိုင်လဲ နန်းသီရိ"

"ရဲရင့် အဖွားကို မင်း မြေးမလေးဘာလုပ်နေတယ်ဆိုတာကို မင်းမသိဘူးတော့ မပြောနဲ့နော်"

"ကျွန်တော်မသိဘူး ဖွား"

"နန်း Handmadeဆိုင်ဖွင့်ဖို့ပြင်နေတာပါ ဆရာ ဒါကြောင့်ပဲ နန်း မနေ့က ကျောင်းကို မလာဖြစ်တာပါ ဆရာ အဖွား နန်းသွားတော့မယ်နော်"

"သမီး ခဏနေအုံး"

"ဟုတ် ဖွား"

"ရဲရင့် မင်း ခု သမီးလေးကို ဆိုင်လိုက်ပို့လိုက် ပြီးရင် သမီးလေးပြန်လာတဲ့အခါကျ မင်းပဲ သွားကြိုရမယ် ပြီးတော့ နောက်နေ့ကစ သမီးလေးကျောင်းသွားရင် မင်းနဲ့အတူ တခါတည်းသွားရမယ်"

"ရပါတယ် ဖွား နန်း ကိုယ့်ဘာသာသွားလိုက်ပါမယ် ဆရာလည်း အလုပ်ရှိအုံးမှာပေါ့"

"မရဘူး ဖွားပြောတဲ့အတိုင်းပဲလုပ်ရမယ် ပြီးတော့ နှစ်ယောက်သား ခုကစ အခေါ်အဝေါ်တွေပြင်ရမယ်"

"ရှင်.."

"ဖွားကလည်း"

"နှစ်ယောက်စလုံး ဖွားစကားကို နားမထောင်ရင် ဘယ်မှသွားခွင့်မပေးဘူး နှစ်ယောက်စလုံးကို အခန်းထဲမှာ သော့ခတ်ထားမယ်''

"ဟုတ် အဖွား"လို့ နန်းကပြောလိုက်ပေမယ့်

ဆရာကတော့ "ဖွားက သားတို့ကို ဘယ်လိုခေါ်စေချင်လို့လဲ"

"ကြိုက်သလိုခေါ်လို့ရတယ် ခုလိုခေါ်နေတာကိုပဲမကြိုက်တာ တစ်ယောက်ကခေါ်တာဆရာ နောက်တစ်ယောက်ကနန်းသီရိ ဒါလား လင်မယားတွေ"

"ဒါဆို နန်းက ဆရာကို ဘယ်လိုခေါ်ရမှာလဲ ဖွား"

"တခြားသူတွေဘယ်လိုခေါ်လဲ လိုက်ကြည့်လေ သမီးရဲ့"

"နန်းအထင်တော့ နန်းရဲ့အခေါ်အဝေါ်က ပြောင်းစရာမလိုဘူးထင်တယ် ဆရာ့ရဲ့အခေါ်အဝေါ်ပဲပြောင်းရမှာ"

"မင်းလည်းမပြောင်းရင် ငါလည်းပြောင်းစရာမလိုဘူးလေ"

"သမီးက ဘယ်လိုထင်လို့လဲ အဖွားကိုပြော"

"ဒီလိုလေ ဖွားရဲ့ နန်းနဲ့ဆရာက အသက်၁၀နှစ်ကွာတယ် နှင်းနဲ့ဦးခန့်ထည်ဝါလိုပေါ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက် ဦးနဲ့ကလေးပေါ့ နန်းကကျ သူများနဲ့မတူချင်လို့ ဆရာလို့ခေါ်တာလေ အခေါ်အဝေါ်အဆန်းလေး ဆရာကတော့ နန်းကိုခေါ်ရင် အမြဲနန်းသီရိ နန်းသီရိနဲ့ဆရာ့ဘက်ကပဲ အခေါ်အဝေါ်ကမရင်းနှီးတဲ့ပုံပေါက်နေတာ နန်းပြောတာမှန်တယ်မလား ဖွား"

နန်းပြောတာကို နားထောင်ပြီး စဉ်းစားပြီးတဲ့ပုံလုပ်ပြီးမှ "ဟုတ်တယ် သမီးပြောတာမှန်တယ် သူပဲပြင်ရမှာ မင်းဘက်ကပြင်"

"ဒါဆိုလည်း ကျွန်တော်သူ့ကို နန်းလို့ခေါ်မယ် ကျေနပ်ပြီလား အဖွား လာသွားမယ် ငါနောက်ကျနေပြီ"ဆိုကာ နန်းလက်ကို ဆွဲခေါ်သွားတဲ့ဆရာ

ကားမောင်းနေရင်း "မင်းဘာလို့ ဆိုင်ဖွင့်တာ ငါ့ကိုမပြောလဲ"

"ဆရာမှမမေးတာ"

နန်းရဲ့စကားကြားပြီးတဲ့အခါမှာတော့ ရဲရင့်ပြောစရာစကားမရှိ

ကားမောင်းနေရင်း ဝင်လာတဲ့ဖုန်းကြောင့်
ရဲရင့်လည်း Bluetoothကို တပ်ရင်း

"ဟယ်လို"
.
.
.
.
.

နန်း ဆရာ ဖုန်းပြောရင်း ကားမောင်းနေတာကို ဘေးကနေကြည့်နေတော့ ချောသား

ရုတ်တရက်ပြုံးမိသွားတဲ့အပြုံးကို ဆရာက ကားကွေ့မို့ နန်းဘက်လှည့်လိုက်တော့ နန်းလည်း သူခိုးလူမိသွားသလို အမြန်ရုပ်တည်ပြီး လမ်းဘေးကိုငေးလျက်

နန်းပြုံးတာကိုတော့ ရဲရင့်မတွေ့မိခဲ့ရိုးအမှန်ပါ

ဆိုင်ရှေ့ရောက်တော့ ဆရာက ကားရပ်နေသလို ဘေးနားကယှဉ်ပြီး ကားရပ်လာသူကတော့ နှင်းတို့

"အော် ဆရာလာပို့တာလား မင်္ဂလာပါဆရာ"လို့နှုတ်ဆက်လိုက်ခြင်း

"ဆရာကိုပဲ နှုတ်ဆက်စရာလား ဒီကဆရာကတော်ကိုလည်း နှုတ်ဆက်ပါအုံး တပည့်လေး"ဆိုပြီး ကားပေါ်ကဆင်းလာတဲ့နန်း

သူမဘက်က သူ့ကိုယ်သူဆရာကတော်လို့သုံးလိုက်တော့ ရဲရင့် သူ့ရင်ထဲမှာဖြစ်ပေါ်သွားတဲ့အမည်မသိခံစားချက်တစ်ခု

"ဆရာကတော်က အချိန်မှမတိကျတာ အဲ့တော့မနှုတ်ဆက်နိုင်ပါဘူး"

"ဘာပဲပြောပြော ပထမက ငါတစ်ယောက်တည်းနောက်ကျတယ်ထင်တာ နင်ပါနောက်ကျတယ်ဆိုတော့ အတူတူအဆူခံကျတာပေါ့ နှင်း"

"No တို့တွေက အဆူမခံရအောင် ဦးကိုခေါ်လာတာ တနေကုန်ဆိုင်မှာခိုင်းဖို့ Volunteerခေါ်လာတော့ Bossပျိုက ဆူမှာမဟုတ်ဘူး"

နှင်းပြောလိုက်တာ ဟုတ်သည် ဦးခန့်ထည်ဝါပါလာတော့ ပျိုနဲ့လွှာတို့ သိပ်ဆူမှာမဟုတ် နန်းကိုတော့ဆူမှာ

"ဝိုင်းပြောပေးပါမမလေးရယ် On Goingကားကို အချိန်နဲ့တပြေးညီ ဘာသာပြန်ပြီး ပို့ပေးပါ့မယ်လို့ ဟိုကတင်ပြီးမကြာဘူး ချက်ချင်း မမလေးဆီ မြန်မာလိုရမယ်လေ အဲ့ခါကျ မမလေးEng subကိုပြန်စရာမလိုတော့ဘူး"

"အဲ့လိုဆိုရင်တော့ နည်းနည်းစဉ်းစားပေးပါ့မယ်"

"ဒါကြောင့်ချစ်တာ"ဆိုပြီး ခန့် သူကိုင်လာတဲ့ကလေးလက်ကို သူ့သူငယ်ချင်းကဆွဲပြီးထွက်သွားတော့ သူပဲကျန်ခဲ့

"ဆရာ နန်းကိုလာပို့တာလား"

"ဟုတ်တယ် ကျွန်တော်အပြင်သွားစရာရှိလို့ လမ်းကြုံလိုက်ပို့တာ"

"ဒါဆို ဆရာဝင်မထိုင်တော့ဘူးပေါ့ ခဏလောက်ဝင်လိုက်ပါ ကျွန်တော်တို့ရှိနေပေးတော့ သူတို့အားရှိမှာပေါ့"

"ကျွန်တော်နားလည်ပါတယ် ဒါမယ့်ကျွန်တော်ကျောင်းကိစ္စလေးရှိလို့ပါ ပြီးသွားရင် လာခဲ့ပါ့မယ်"

"အော် ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားတော့မယ်နော်"

"ဟုတ်ကဲ့"

ရဲရင့်ကလည်း ကားမောင်းပြီး ကျောင်းကဆရာတွေခေါ်တဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်သွားသလို ခန့်လည်းဆိုင်ထဲဝင်လျက်

မျှော်မှန်းထားတဲ့အတိုင်း ဒေါ်ပျိုကတော့ နန်းနဲ့နှင်းကိုပထမက ဆူနေတာပါ နှင်းကသူ့ဦးလည်း ဝင်လာရော ပထမနှစ်ယောက်စလုံးကိုဆူနေရာကနေ နန်းဘက်ကိုပဲစုပုံပြီး ဆူလာခြင်း

ဘက်လိုက်တဲ့ဟာလေးတွေ ဟွန့် လို့စိတ်ထဲကပြောရုံအပြင်မရှိ

ရဲရင့် ဆရာတွေခေါ်လို့သွားတော့ သူတို့ပြောတဲ့ဝိုင်းရောက်လို့ကြည့်လိုက်တော့ ထိုင်နေတဲ့သူက မေ... 

Love's Theory (Love S2)Where stories live. Discover now