Part 10

120 4 0
                                    

နန်း တစ်လမ်းလုံး ဆရာမသိတိုင်း ဆရာ့ကိုငေးငေးကြည့်နေမိသည် ဆရာ့ဆီက နေ့ခင်းတုန်းကအဖြစ်အပျက်နှင့်ပတ်သတ်ရျ် ဖြေရှင်းချက် ကြားချင်နေမိသည်

သို့သော် ဆရာ့ဘက္က တစ်ခွန်းမှမဟ နန်းကြည့်နေတာတောင် သိမည်မထင် တကယ်ကျောင်းကမိန်းကလေးတွေ ဆရာ့ကိုပေးထားတဲ့ ဂုဏ်ပုဒ်နဲ့တကယ်လိုက်ပါသည်

ရုပ်ရှင်ထဲမှာဆို မင်းသားတွေက လုံးဝတည်ကြည်ပြီးအေးစက်တဲ့typeဆို အဲ့ထဲမှာ မင်းသားကို Ice Princeဘာညာ ဂုဏ်ပုဒ်ပေးတယ်မလား

ဆရာ့ကိုကျ ဂုဏ်ပုဒ်က IC Kidsတဲ့
ICက ဆရာ့ဌာန Industrial Chemistry
Kidsကျတော့ ဆရာတွေတပည့်တွေနဲ့ဆို မျက်နှာကအပြုံးမရှိပေမယ့် သူ့အဖွားတို့အမေတို့လာပြီဆို မျက်နှာက ကလေးလေးလိုတဲ့
ဒါကြောင့်ပေးထားတာတဲ့

သူ့ဂုဏ်ပုဒ်နဲ့လိုက်တာပေါ့ ကလေးတွေက လူကြီးဘာဆိုလိုချင်လဲမသိဘူးလေ နန်းမှာတော့ ဆိုင်မှာပစ္စည်းစီနေတည်းက သူဖြေရှင်းမှာစောင့်နေတာ ခုထိ သူအမှားမလုပ်ထားသလို....

ဒီလိုနှင့်တိတ်ဆိတ်ခြင်းအတိဖြစ်တဲ့ကားက ခြံထဲဝင်လာချိန်

ရဲရင့် တစ်လမ်းလုံး ဘယ်လိုစကားစရမလဲ စဉ်းစားနေသည် သို့သော်နည်းလမ်းမထွက်

ခြံထဲဝင်မှအရဲစွန့်ပြီး သူမကိုရှင်းပြဖို့ အားယူပြီး ကားရပ်တာနဲ့ပြောမို့ပင်

သို့သော် သူကားရပ်တာနဲ့ သူမက ဘယ်အချိန်ထဲက ကားပေါ်က ဆင်းဖို့ပြင်ထားသည်မသိ

သူကားရပ်ပြီး "နန်းသီ..."လို့ပဲ ဟရသေး

သူမရဲ့နာမည်တောင်မဆုံးသေး ဆင်းသွားတဲ့သူမ

သူလည်း အခန်းထဲရောက်မှ ပြောတော့မည်ဟု တွေးပြီး ကားစက်သတ်ပြီး အထဲဝင်လာတော့ ဧည့်ခန်းမှာ ထိုင်နေတဲ့အဖွားနဲ့သူမ

အဖွားနဲ့ကျတော့ သူကမတူ ချွဲနေလိုက်တာများ မသိတဲ့သူဆို သူက မြေးသမက် သူမကမှမြေးအစစ်ဖြစ်နေသလို

သူမဝင်သေးပဲ အပြင်ကနားထောင်နေတော့

"ဖွားဖွား မနက်ဖြန်ကျရင် နန်းတို့ဆိုင်ဖွင့်ပွဲနော် ဖွားဖွားလာရမယ်နော်"

"လာရမှာပေါ့ ဖွားဖွားမြေးလေးရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းပဲဟာကို"

"ဒါကြောင့် ဖွားဖွားကိုချစ်တာ မနက်ဖြန်ကျရင် ဖွားဖွားအတွက် နန်းက Resinနဲ့ ဘီးလေးလုပ်ပေးမယ်နော်"

"နန်းလေးက ကြီးပုအတွက်ကျရော မလုပ်ပေးဘူးလား"

"ကြီးပုဖုန်းcoverကမဲနေပြီ ဆိုတော့ နန်းက လုပ်ပေးမို့တွေးပြီးသားပါနော်"

"ဟယ် တကယ်လား ဒါဆိုကြီးပုတော့ ကြွားလို့ရပြီပေါ့ နန်းလေးလုပ်ပေးထားတာဆိုပြီး"

ရဲရင့်နားထောင်နေရင်း သူမ မလာခင်တုန်းက သူ့ကိုအချစ်မလျော့ဘူးဆိုတဲ့ကြီးပု အခုသူမလာတာ.ဘယ်လောက်မှမရှိသေးဘူး သူ့ကိုဘေးပစ်ထားတာ

"မြေးလေး ပင်ပန်းနေပြီမလား ရေသွားချိုး ပြီးရင်ထမင်းစားဖို့ အောက်ဆင်းလာခဲ့"

"ဟုတ် ဖွားဖွား"

နန်း ဧည့်ခန်းထဲက ထွက်လာတော့ ဧည့်ခန်းအပြင်မှာရပ်နေတဲ့ ဆရာကိုတွေ့တာပေါ့ နန်းကိုမရှင်းပြလို့ တမင်တကာမမြင်ချင်ယောင်ဆောင်ပြီး အပေါ်တက်သွားခြင်း

ဒေါ်အနီရင့် ရဲရင့်အဲ့မှာစရပ်နေတည်းကတွေ့နေတာပါ သူ့မြေးရဲ့မျက်နှာမှာဖြစ်ပျက်နေတဲ့အပြုအမူအမျိုးမျိုးကိုလည်း သူတွေ့နေရသည်

မြေးလင်မယားကို.ချစ်ချစ်ခင်ခင်မြင်ချင်နေတာ သူ့အပြစ်လား ဖြစ်နိုင်ရင် မြစ်လေးပါလိုချင်နေပြီ သူ့အသက်ကကြီးနေပြီလေ

"မိပု လာထမင်းပွဲသွားပြင်မယ်"

"ဟုတ်ကဲ့မမကြီး"

ဧည့်ခန်းထဲကထွက်လာတော့ အစတည်းကတွေ့နေတဲ့မြေးကို အခုမှတွေ့တဲ့ပုံစံဖြင့်

"မြေး ဒီမှာ ဘာရပ်လုပ်နေတာလဲ"

"ဘာမှမလုပ်ပါဘူး"ဆိုပြီး အပေါ်ကိုချက်ချင်းပြေးသွားတဲ့ရဲရင့်

ရဲရင့် သူအခန်းထဲဝင်လာတော့ သူမမရွိ

ရေချိုးခန်းထဲကရေသံကြားတော့ ရေချိုးနေသည်ဆိုပြီး သူမအပြင်ပြန်ထွက်လာမှာကို ထိုင်စောင့်နေရင်း

နန်းရေချိုးပြီး လဲဖို့အင်္ကျီယူတော့ မရှိ

နန်း ရေချိုးခန်းထဲ အမြန်ဝင်လာတာ လဲဖို့အင်္ကျီမေ့ခဲ့ နန်းအခုရေချိုးခန်းထဲမှာရှိတာက ရေချိူးသဘက်တစ်ခုတည်း

ဆရာမလာလောက်သေးပါဘူးဆိုပြီး တံခါးလေးအနည်းငယ်ဖွင့်ပြီး ကြည့်တော့ ရေချိုးခန်းဘက်တည့်တည့်ကြည့်နေတဲ့ဆရာ

"ဘာလုပ်နေတာလဲ ထွက်လာမှဖြင့်မထွက်လာပဲနဲ့"ပြောလိုက်တဲ့ရဲရင့်

သူ့မှာသူမထွက်လာမလားလို့ဆိုပြီး စောင့်နေတာ နာရီဝက်ရှိနေပြီလေ ဒါကြောင့် စိတ်မရှည်တော့လို့ အော်လိုက်ခြင်း

"ဟို ..ဆရာ..ဆရာ.."

ရဲရင့်လည်း ဆရာ ဆရာနဲ့ဆက်စကားမပြောတာကြောင့် စိတ်မရှည်ပဲ သူမဆီလျှောက်လာရင်း

"ဘာဖြစ်နေတာလဲ"ဆိုပြီး နန်းကိုဆွဲလိုက်တာကြောင့်

နန်းမှာ ဆရာဆွဲရာပါသွားပြီး ရေချိုးခန်းအပြင်ဘက်ရောက်ရှိသွားပြီ

နန်းမျက်နှာဘယ်လိုထားရမလဲမသိ

အခုနန်းမှာရှိတာက သဘက်တစ်ခုတည်းမလား ရှက်ရှက်နဲ့

"ဆရာအပြင်ထွက် သွား ဆရာအပြင်ထွက်"ဆိုပြီး နန်းလည်း ဆရာ့ကို အပြင်ဘက်တွန်းထုတ်နေပေမယ့် ဆရာကမလှုပ်

ရဲရင့် ပထမက သူမတမင်တကာ နေ့ခင်းကကိစ္စကြောင့် ထွက်မလာတာဟုထင်ပြီး အခန်းပြင်ဆွဲခေါ်လိုက်ခြင်း

အခုကျတော့ သူမ တဟိုဟိုဖြစ်နေတဲ့အကြောင်းအရင်းကို သိရပြီးတဲ့နောက်မှာတော့

သူမေလး တွန်းထုတ်နေတာကို သူသိပေမယ့် သူထွက်မသွားမိ

သူငေးမိနေတာက သူမရဲ့ပခုံးသားလေးများ

သူ့ရင်ခုန်နှုန်းလေးတွေလည်း အဆမတန်ခုန်နေလျက်

နန်းတွန်းထုတ်နေတာကို မသြားပဲ ကြောင်ရပ်နေတာကြောင့် နန်းလည်း ဆရာ့လက်ကို ကိုက်လိုက်တော့မှ

ရဲရင့် သူ့ကိုယ်သူမထိန်းနိုင်ပဲငေးမိနေတဲ့အချိန် သူ့လက်နာကျင်သွားမှ အသိဝင်လာပြီး သူမကိုကြည့်တော့

"ဆရာအပြင်ထွက်ပါ ဆရာအပြင်မထွက်ဘူးဆို နန်းငိုမှာနော်"

"မငိုနဲ့ မငိုနဲ့ ငါအပြင်ထွက်မယ်"ဆိုပြီး ထွက်သွားမှ

နန်းလည်း တံခါးပိတ်ပြီး တံခါးကိုမှီကာ

ဟွန့် ဘာမှန်းမသိ ဆရာနှာဘူးကြီး သူများကိုငေးကြည့်နေတာ

တဖက်မှာလည်း အပြင်ထွက်လာပြီး တံခါးကိုမှီရင်း သူ့ရင်ဘတ်ကို ဖိကာ

ငါဘာလို့ သူမကို အခုလိုငေးကြည့်နေမိရတာလဲ ဘာလို့ ငါ့ရင်တွေခုန်နေရတာလဲ သွားပြီ ငါအခုလိုငေးနေတော့ သူငါ့ကို တမျိုးထင်သွားပြီလား
ဟာ.... သွားပါပြီ ရဲရင့်သွေးရေ မင်းလည်း တစ်သက်လုံးထိန်းသိမ်းလာတဲ့ဂုဏ်သိက္ခာလည်း သူမနဲ့မှ လုံးလုံးကျ ဘာပဲဖြစ်ဖြစ် ကိုယ့်မိန်းမပဲဟာ ဘာမှမဖြစ်ပါဘူးတွေးရင်း သူ့နှုတ်ခမ်းမှာ အပြုံးပန်းတစ်ပွင့် ပွင့်လန်းသွားတာ အကွယ်ကချောင်းကြည့်နေတဲ့ ဒေါ်အနီရင့်နဲ့ဒေါ်ပုကလွဲ
ရဲရင့်လည်း သိမည်မထင်

အင်္ကျီဝတ်ပြီးတော့မှ ဆရာဝင်လာချင်ဝင်လာလို့ရအောင် နန်းတံခါးlockကိုပြန်ဖွင့်ပေးပြီး ထမင်းစားချင်စိတ်လည်းမရှိတာမို့ ကုတင်ပေါ်မှာ စောင်ခေါင်းထိခြုံပြီး.အိပ်လျက်

တကယ်တော့ နန်း ထမင်းမစားချင်တာထက် ရှက်နေတာဆို ပိုမှန်မည် ဗိုက်ကတော့ ဆာနေပါသည် တနေ့လုံးဘာမှမစားရသေးဘူးမလား

အခုစောင်ခြုံနေမှ ပိုမြည်လာတဲ့ဗိုက်ကြောင့် အလိုက်မသိတဲ့ဗိုက်အစုတ်ပလုတ်လေး မနက်ဖြန်မှ နင့်ကိုအဝကျွေးမယ် ဟုတ်ပြီလား အခုတော့မစားနဲ့အုံး အိပ်မယ်

ရဲရင့် သူမပြီးလောက်ပြီထင်ပြီး တံခါးဖွင့်တော့ ပွင့်နေတော့ သူလည်းဝင်ပြီး သူမကိုရှာတော့ ကုတင်ပေါ်မှာ ခုနကကိစ္စကြောင့်လားမသိ ထမင်းစားမယ့်သူက မစားပဲကုတင်ပေါ်ရောက်နေတာ

သူလည်းဘာမှမပြောသေးပဲအရင်ရေချိုးပြီးမှ

"နန်းသီရီ နန်းသီရိ"

ဆရာလာနှိုးနေတာကို နန်းသိပေမယ့် အိပ်ချင်ယောင်ဆောင်နေခြင်း

"မင်းမအိပ်သေးတာ ငါသိတယ် ထ ဒီနေ့ ထမင်းလုံးဝမစားရသေးဘူးမလား ထ စားမယ် မင်းမထဘူးဆို ငါ...."ဆိုပြီး ထပ်မပြောသေးပဲ အသံကိုဆွဲနေတဲ့ရဲရင့်

ပထမက မထပေမယ့် အဲ့ငါဆိုတဲ့အနောက်မှာ.နန်းကိုစာမေးမှာတို့အိမ်စာပေးမှာတို့.ကြောက်တာမို့ နန်းလည်းချက်ချင်းထတော့

"ဘာလဲ လန့်လိုက်တာ ထတော့လည်းချက်ချင်း ငါက မင်းမထဘူးဆို အဖွားကို မင်းအိပ်သွားပြီ သွားပြောမို့ပါ မင်းကဘာထင်လို့ထလာတာလဲ"

တကယ်တော့ ရဲရင့် သူမကိုစချင်နေတဲ့ ကိုယ့်စိတ်ကိုယ်နားမလည်

"ဘာထင်ရမလဲ ဆရာ့စိတ်က အစိုးမရဘူးလေ နန်းသာမထလာလို့ နန်းကိုအိမ်စာတွေပေး အတန်းထဲမှာလည်း နန်းကိုပဲစာတွေမေးနေရင် ဘယ်လိုလုပ်မလဲ ဒါကြောင့်ထလာတာ ထမင်းသွားစားပြီ"ဆိုပြီ ထွက်သွားတဲ့နန်း

နန်းထွက်သွားမှ ကိုယ့်အတွေးနဲ့ကိုယ်ရယ်နေမိတဲ့ရဲရင့် သူထင်တာက သူမလေးတခြားတွေးမယ်လို့ သူမတွေးလိုက်တာက သူက သူမကိုပဲမဲပြီး စာမေးမှာစိုးလို့တဲ့ 

Love's Theory (Love S2)Where stories live. Discover now