1999ခုနှစ် 6လ 24ရက်။
ဒီနေ့ကကျွန်တော်ရဲ့ 18 နှစ်ပြည့်မွေးနေ့ ကျွန်တော့်ရဲ့တစ်ဦးတည်းသောသူငယ်ချင်း နီရှီမူရာ ရီခီနဲ့ညစာအတူစားခဲ့တယ် သူငယ်ချင်းဆိုပေမဲ့ကျွန်တော့်ဘက်ကတစ်ဖတ်သက်ကြိတ်ချစ်နေရတဲ့သူပေါ့ ဒီနေ့ကတော့ကျွန်တော်အပျော်ဆုံးနေ့တစ်နေ့ပဲ ဘာလို့ဆို ရီခီ နဲ့အတူအချိန်ကုန်ဆုံးရတဲ့အပြင် မွေးနေ့လက်ဆောင်အဖြစ် မက်မွန်သီးသော့ချိတ်လေးပါလက်ဆောင်ရလိုက်သေးတယ် ချစ်ဖို့အရမ်းကောင်းတာပဲ ရီခီကလေ ကျွန်တော်အဲ့သော့ချိတ်လေးကိုကျွန်တော်ရဲ့ Flim camera အသေးလေးမှာချိတ်ထားမယ် cameraထဲမှာလည်းတစ်ဝက်လောက်က ရီခီရဲ့ပုံတွေပဲများပါတယ် မေးစေ့နားကမှဲ့လေးကတော့ကျွန်တော်အကြိုက်ဆုံး ချစ်ရတဲ့သူကိုကျွန်တော့်ကိုယ်ပိုင် space လေးထဲမှာသိမ်းဆည်းထားတာအကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ ဒီနေ့တော့အရမ်း အရမ်းပျော်!!!!!!!!!