1999ခုနှစ် 11လ 2ရက်။
ကျွန်တော်တို့နှစ်သစ်ကူးဖို့တစ်လပဲလိုတော့တယ် အချိန်တွေတဖြေးဖြေးကုန်လာတာနဲ့အမျှ ကျွန်တော်ရင်တွေခုန်လာလေပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကလည်းနီးကပ်လာပြီလေ ကျွန်တော့်မှာနယ်မြို့လေးကနေတခြားမြို့ကြီးဆီမှာကျောင်းတက်နိုင်ရမယ်လို့စိတ်ကူးရှိတယ် ရီခီ ကောဘယ်လိုအတွေးရှိလည်းမသိပေမဲ့ကျွန်တော်တို့နှစ်ယောက်ကျောင်းအတူတူတက်နိုင်ရင်ကောင်းမယ် ကျွန်တော်မြန်မြန်လည်းဖွင့်ပြောချင်မိတယ် ဒါပေမဲ့အခုချိန်ကစောသေးတယ်မလား ကျွန်တော်တို့နှစ်ယောက်လုံးသေချာပေါက်သင်ကြားရေးဘက်မှာပဲအာရုံစိုက်နေသင့်တယ် ဒီနှစ် နှစ်သစ်ကူးကျရင် ရီခီ နဲ့အချိန်အတူကုန်ဆုံးနိုင်ရင်ကောင်းမှာပဲ