စာမျက်နှာ -2

58 4 0
                                    

1999ခုနှစ် 7 လ 12ရက်။

ကျွန်တော်ဒိုင်ယာရီ မရေးတာအတော်ကြာသွားပြီပဲ ဒီနေ့တော့သိပ်မထူးခြားပေမဲ့ မရေးတာကြာလို့ရေးရအုံးမယ် ကျွန်တော်ကမနက်တိုင်းစောစောထလေ့ရှိတယ် ပြီးရင်မေ့မေ့ကိုမနက်စာလုပ်တာဝိုင်းကူပြီး ကျွန်တော်ရဲ့အစာပြေစာမုန့်ဘူးပါအမြဲပြင်ဆင်တယ် အမှန်တော့ ရီခီ အတွက်ပါပိုထည့်သွားချင်လို့လေ မေမေ့ရဲ့လက်ရာကအရမ်းကောင်း!!လူဆိုတာလည်းကောင်းတာလေးပဲဖြစ်ဖြစ် စားနေရရင် ရှိနေရင် ကိုယ်ချစ်ရတဲ့သူကိုမျှဝေပေးချင်တာ သဘာဝဘဲမလား စကားမစပ်ဒီနေ့လည်း ရီခီ ကအရမ်းချောတဲ့နေ့လေးတစ်နေ့ပဲ ဒီနေ့စာအတူလုပ်နေရင်းသူကရုတ်တရက်ကျွန်တော့်အနားကပ်လာတာလေ ကျွန်တော့်ရင်တွေခုန်လွန်းလို့ပေါက်ထွက်မတတ်ပါပဲဆို ဒါပေမဲ့လေ ကျွန်တော်တစ်ခါတစ်လေစဥ်းစားမိတယ် ရီခီ မှာလည်းသဘောကျနေတဲ့သူရှိမယ်လို့လေ မေးကြည့်ချင်ပေမဲ့ သူငယ်ချင်းဆိုတိုင်းလည်းသူမပြောပြရင် အတင်းလိုက်မေးလို့အဆင်မပြေဘူးလေ

မက်မွန်သီးလေးရဲ့ ဒိုင်ယာရီ[🐥🦊]Where stories live. Discover now