စာမျက်နှာ - 9

25 5 0
                                    

1999ခုနှစ် 12လ 31ရက်။

ဒီနေ့က နှစ်သစ်ကူးနေ့လေ နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ပဲ မနက်ဖြန်ဆို 2000ခုနှစ်ကိုပြောင်းပြီ ကျွန်တော်ညနေထဲက ရီခီ အိမ်ကိုအပြေးသွားခဲ့တယ် ရီခီ့မေမေ ကညစာတွေအများကြီးချက်ပြုတ်ထားပြီးကျွန်တော့်ကိုပါအတူစားဖို့ခေါ်တာနဲ့ ကျွန်တော်လည်းမငြင်းလိုက်ပါဘူးလေ စားသောက်ပြီး ည 7နာရီလောက် ရီခီနဲ့ မြစ်နားတစ်လျှောက်စက်ဘီးပတ်စီးဖို့ထွက်လာခဲ့တယ် ကျွန်တော်ကတော့စက်ဘီးမနင်းတတ်ပါဘူး ရီခီ ရဲ့အနောက်မှာထိုင်ပြီးပဲလိုက်ခဲ့ရတာပေါ့ လေတစ်ချက်တစ်ချက်အဝှေ့မှာ
ရီခီ ဆီကနေကွတ်ကီးနံ့သင်းသင်းလေးရတယ် ပြီးတော့ကျွန်တော်တို့မီးရှုးမီးပန်းဖောက်တာတွေကိုတဝကြီးထိုင်ကြည့်ခဲ့ကြတယ် ညရဲ့အလှကပြည့်စုံပါရဲ့ ဒီနေ့လည်းကျွန်တော် ရီခီ ကိုဖွင့်ပြောဖို့စဥ်းစားမိလိုက်ပေမဲ့ပြောလိုက်ရင်ကျွန်တော်တို့ဆက်ဆံရေးများရပ်သွားနိုင်လားတွေးမိတာနဲ့တင် စကားလုံးတွေပြန်မြိုချလိုက်ရတယ် ငေးကြည့်ရတာနဲ့တင်နေသားကျနေတဲ့ကျွန်တော့်အတွက်ကတော့ သဘောကျတယ်လို့ပြောဖို့တောင်ခက်ခဲလိုက်တာ.....

မက်မွန်သီးလေးရဲ့ ဒိုင်ယာရီ[🐥🦊]Where stories live. Discover now