1999ခုနှစ် 9လ 26ရက်။
ဒီနေ့မနက်အစောကြီးထဲက ထပြီးကျွန်တော်တစ်ယောက်တည်းဂယက်ထနေလို့ မေမေကတောင်လှမ်းအော်တဲ့အထိပဲ ဒီနေ့က ရီခီ နဲ့နှစ်ယောက်ထဲ Dateရမှာဗျ ကျွန်တော်ကတော့အရမ်းမပြင်ဆင်ထားတဲ့ပုံပေါက်အောင် ပန်းနုရောင် Shirt အကွက်လေးနဲ့အောက်က Jean pant အတိုလေးရယ် မက်မွန်သီးပုံလေးတွေပါတဲ့ Tote Bag လေးရယ်ဝတ်သွားခဲ့တယ် camera နဲ့ မက်မွန်သီးသော့ချိတ်လေးကတော့မပါမဖြစ်ပေါ့ ကားမှတ်တိုင်ရောက်တော့ ရီခီ ကအစောကြီးရောက်နေတာထင်တယ် ကျွန်တော်လည်းပြေးသွားပြီးအနောက်ကလှမ်းဖက်လိုက်တယ် ရီခီ ဆီက ကွတ်ကီးအနံ့လေးကသင်းနေတာပဲမုန့်ဖုတ်စက်ထဲကအခုမှထွက်လာသလိုမျိုး စားချင်စရာလေး ရီခီ နဲ့အတူနေ့လည်စာအရင်စားပြီး ရုပ်ရှင်သွားကြည့်ခဲ့တယ် ရုံထဲမှာအေးတော့ကျွန်တော် ရီခီ ဘက်တိုးမိတဲ့အချိန်မတော်တဆ ရီခီ လက်နဲ့ကျွန်တော့်လက်ထိမိသွားခဲ့တယ် လက်ကိုအမြန်ပြန်ရုတ်လိုက်ပေမဲ့လည်း ကျွန်တော့်ရင်ထဲမှာတော့ဝုန်းဒိုင်းကြဲသွားတာပဲ ရီခီ ရဲ့လက်လေးတွေကနွေးလိုက်တာ အပြန်ကျနှစ်ယောက်သား ဆိုဂျူအတူတူလည်းသောက်ခဲ့ကြတယ် ရီခီ ကလေတကယ်မသောက်နိုင်ဘူးသိလား သုံးခွက်လောက်နဲ့တင်နားရွက်ဖျားလေးတွေနီရဲလာတာ တစ်ပုလင်းတောင်မကုန်ခင်သူမှောက်သွားခဲ့တယ် ဟား ဟား ချစ်ဖို့ကောင်းတယ်မလား ကျွန်တော်ကတော့သူအမူးမပြေသေးခင်အချိန်ထိ ရီခီရဲ့မျက်နှာလေးကိုငေးရင်းစောင့်နေပေးခဲ့တယ်
ဘယ်လောက်ကြာကြာ ကျွန်တော်စောင့်နိုင်တယ် စောင့်နိုင်ပါတယ်လေ