စာမျက်နှာ - 12

24 4 0
                                    

2000ခုနှစ် 7လ 2ရက်။

ဒီနေ့ ကျွန်တော်မေမေ့ဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ခိုင်းလိုက်တာနဲ့ ကုန်တိုက်အသေးလေးကိုသွားခဲ့တယ် အပြန်မှာ ရီခီ နဲ့တွေ့ခဲ့တယ်ဘေးမှာလည်းကောင်မလေးတစ်ယောက်နဲ့ အစွမ်းကုန်ရယ်မောနေတဲ့ ရီခီ ကမြင်သူတကာငေးချင်စရာ
ရုတ်တရက်သူလည်းကျွန်တော့်ကိုမြင်သွားခဲ့ပြီး နှုတ်ဆက်လာတယ် ကျွန်တော်လည်းအပြုံးလေးတစ်ခုဆင်မြန်းပြီး ပေါ့ပေါ့ပါးပါးဖြစ်နေသလိုပြန်နှုတ်ဆက်လိုက်တယ် ဘေးကကောင်မလေးကိုမိတ်ဆက်ပေးတော့လည်း ကျွန်တော်ပြုံးရုံသာပြုံးထားလိုက်တယ် သူမကလှပေမဲ့ကျွန်တော်ခင်မင်ချင်စိတ်ရှိမနေဘူးလေ လကုန် ရီခီ နဲ့တွေ့ဖြစ်တဲ့အခါကျ ကျွန်တော်ဒီဒီုင်ယာရီစာအုပ်လေးနဲ့ Flim camera အဟောင်းလေးကို ရီခီ လက်ထဲအပ်ခဲ့လိုက်ဖို့တွေးထားတယ် ကျွန်တော့်ရဲ့ဆယ်ကျော်သက်မြတ်နိုးမှုလေးတွေကိုချစ်မြတ်နိုးခဲ့ရတဲ့သူဆီသိစေချင်မိတယ် ဘယ်လိုပဲဖြစ်ဖြစ်ပြန်မဆုံနိုင်တော့မဲ့ဆက်ဆံရေးတစ်ခုပဲမလား

မက်မွန်သီးလေးရဲ့ ဒိုင်ယာရီ[🐥🦊]Where stories live. Discover now