စာမျက်နှာ - 13

29 4 0
                                    

2000ခုနှစ် 7လ 18ရက်။

ကျွန်တော့်မှာအတွေးတစ်ခုရှိခဲ့တယ် နီရှီမူရာ ရီခီ ဟာအမြဲကျွန်တော်နဲ့အတူရှိသွားနိုင်တယ် ရှိသွားဖို့ကြိုးစားချင်မိတဲ့သူဆိုပြီး ဒါပေမဲ့ကျွန်တော့်ဘေးမှာရှိနေတာထက်သူတောက်ပစွာရယ်မောနေတဲ့အခိုက်အတန့်ကိုမြင်မြင်ရချင်း ကျွန်တော်သိသွားခဲ့တယ် အတူရှိသွားဖို့မကြိုးစားချင်တော့ဘူးဆိုတာ နောက်နှစ်တွေများကြီးကြာသွားခဲ့ရင်တောင်မှ ရီခီ ဟာကျွန်တော့်အတွက်တော့ခံစားချက်မျိုးစုံပေးနိုင်ခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်နေအုံးမှာပါ ကံကြမ္မာကိုသိပ်မယုံပေမဲ့ ရီခီ နဲ့ကအတူရှိနိုင်ဖို့ကံမပါလာတော့ဘူးဆို ဒီဇာတ်လမ်းကိုမစခင်ထဲကကျွန်တော်ရပ်လိုက်ဖို့ပဲတွေးမိတော့တယ် ကျွန်တော့်အတွက်အကြိုက်ဆုံးရုပ်ရှင်ဖြစ်နေပေမဲ့နောက်တစ်ခေါက်ထပ်မကြည့်ချင်တော့တဲ့ ရုပ်ရှင်တစ်ကားရှိတယ် ရီခီ နဲ့ဆုံတွေ့ခဲ့ရတဲ့အခိုက်အတန့်တွေကလည်း ဒီလိုပါပဲလေ

မက်မွန်သီးလေးရဲ့ ဒိုင်ယာရီ[🐥🦊]Where stories live. Discover now