2000ခုနှစ် 4လ 1ရက်။
ဒီနေ့က စာမေးပွဲကြီးဖြေပြီးသုံးရက်မြောက်နေ့ အတန်းထဲကသူငယ်ချင်းတွေအားလုံးနဲ့ညစာအတူစားကြဖို့ချိန်းထားကြတယ် အတန်းခေါင်းဆောင်ကလည်းမလာမဖြစ်လာရမယ်လို့ပြောလာတာနဲ့ ကျွန်တော်သွားခဲ့ရပါလေရော ကျွန်တော်တို့အထက်တန်းကျောင်းသားတွေအမြဲသွားစားနေကြဆိုင်မှာပဲ ဆုံခဲ့ကြတယ်
ဒီနေ့ ရီခီ ကနည်းနည်းနောက်ကျမယ်ဆိုတာနဲ့ကျွန်တော်ပဲဆိုင်မှာအရင်သွားစောင့်နေခဲ့တယ် စားစရာတွေမှာစားနှင့်ပြီးတခြားသူငယ်ချင်းတွေနဲ့ ရှေ့ဆက်လုပ်မယ့် planတွေ လျှောက်ထားတဲ့ကျောင်းတွေအကြောင်း ပြောနေကြရင်းတော်တော်လေးပျော်ခဲ့ရတယ် ရီခီ ရောက်လာတော့ဘာလို့နောက်ကျနေတာလဲမေးလိုက်တော့ သူ့မှာကြိုက်နေတဲ့ကောင်မလေးရှိပြီး အခုအဲ့ကောင်မလေးဆီကအဖြေရလာကြောင်းပြောလာတယ် ကျွန်တော်ကြားကြားခြင်း အံ့သြမိပြီးရင်ထဲနင့်သွားတာကလွဲရင်ကျန်တာအဆင်ပြေပါတယ် ဘယ်လိုပဲဖြစ်ဖြစ်အစထဲက ကျွန်တော်ပိုင်ဆိုင်ခဲ့တာမှမဟုတ်ဘဲ ကျွန်တော်ကငါပိုင်ဆိုင်နိုင်ပါတယ်လို့ခဏတာအထင်မှားခဲ့ရုံလေးပါ