စာမျက်နှာ-3

34 3 0
                                    

1999 ခုနှစ် 7 လ 29ရက်။

ကျွန်တော်ဒီနေ့ ရီခီ နဲ့လျှောက်လည်ဖြစ်ခဲ့တယ် အမှန်တော့သူငယ်ချင်းနောက်တစ်ယောက်ပါပါသေးတယ် သူကသူ့ကောင်မလေးပါခေါ်လာတော့ နှစ်ယောက်ကမ္ဘာတည်နေတာနဲ့တင်ကျွန်တော်တို့ကို ရှိတယ်လို့တောင်မထင်ပါဘူးဗျာ ရုပ်ရှင်လည်းတူတူကြည့်ခဲ့ပြီး ကစားကွင်းလည်းသွားခဲ့တယ်သိလား
ရီခီက ကျွန်တော်အကြိုက်ဆုံးice-creamကိုသူမကြိုက်ပေမဲ့လည်းကျွန်တော့်အတွက်ဝယ်လာပေးခဲ့တယ် လုံးဝကို BF material ပဲ လမ်းအတူတူလျှောက်နေရင်းတစ်ချက်ချက် ပုခုံးစွန်းလေးတွေတိုက်မိတိုင်း ကျွန်တော့်နှလုံးခုန်သံက Lub-dub လို့တောင်မဟုတ်ဘဲ ရီခီ လို့တောင်မြည်နေသလိုဘဲ လူတစ်ယောက်ကိုသဘောကျရတာ အသေးမွှားလေးတွေကအစ မြတ်နိုးရပါလားနော်.....

မက်မွန်သီးလေးရဲ့ ဒိုင်ယာရီ[🐥🦊]Where stories live. Discover now