2000ခုနှစ် 7လ 29ရက်။
သို့/
နီရှီမူရာ ရီခီ
မင်းဒီစာဖတ်နေတဲ့အချိန်ဆို သေချာပေါက်ငါ့ဒိုင်ယာရီစာအုပ်လေးက မင်းလက်ထဲရောက်နေပါပြီ
ငါတော့နောက်နှစ်အစဆို×××မြို့မှာတက္ကသိုလ်သွားတက်ရတော့မယ် အဲ့မတိုင်ခင်တော့ငါ့အဘိုးအဘွားဆီမှာနှစ်လ ၊သုံးလ လောက်အလည်သွားနေရမယ်ထင်တယ် မင်းကောအဆင်ပြေနေတယ်မလား ကောင်မလေးနဲ့လည်းအဆင်ပြေနေတယ်ဟုတ်? အစကတော့မင်းလျှောက်ထားတဲ့ဒီမြို့လေးထဲကတက္ကသိုလ်ကိုပဲ ငါလျှောက်ကြည့်ဖို့စဥ်းစားလိုက်ပေမဲ့ ရီခီ ငါမင်းနဲ့ဝေးတဲ့နေရာဆီပဲသွားလိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ် ငါတို့ကြားထဲမှာ မင်းရည်းစားရသွားတာနဲ့ဘာလို့ရုတ်တရက်ကြီးဆက်ဆံရေးအေးစက်သွားတာလဲစဥ်းစားလို့မရခဲ့ဘူး ဒီစာမျက်နှာကိုမင်းဖတ်နေပြီဆိုရင်တော့အရှေ့ကစာမျက်နှာတွေမင်းဖတ်ပြီးရင် သိလောက်ပြီမလား မင်းအပေါ်မှာရှိခဲ့တဲ့ငါ့ခံစားချက်တွေ မင်းဘယ်လိုတွေးနေမလဲမသိတော့ပေမဲ့ ငါ့ခံစားချက်တွေစစ်မှန်ခဲ့တာတော့ယုံပေးပါ ငါတို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကဒီလောက်ထိပဲကံပါလာတယ်ထင်ပါရဲ့ မင်းကငါမြတ်နိုးခဲ့ရတဲ့သူမို့လို့ ဘယ်လိုအခြေအနေ မှာပဲဖြစ်ဖြစ်မင်းကတော့ပျော်ရွှင်နေပေးရင်ကောင်းမယ် မင်းအတွက်ငါအမြဲဆုတောင်းပေးနေမယ် နောက်ပြီး မင်းကိုပေးခဲ့တဲ့ flim camera လေးကိုမင်းဖွင့်ကြည့်လို့ရတယ် ပုံတွေအကုန်လုံးကတော့ငါတို့ရဲ့ငယ်ရွယ်မှုတွေနဲ့ငါ့မြတ်နိုးခြင်းလေးတွေကြီးပဲ မင်းအားတဲ့အခါကြည့်ကြည့်ပေါ့ မင်းပြုံးတဲ့အခါလည်းအရမ်းကြည့်ကောင်းတာမို့ ငါမမြင်နိုင်တော့ပေမဲ့လည်းမင်းနေ့တိုင်းပြုံးနေပေးဖို့တော့ တောင်းဆိုပါရစေ တကယ်လို့ကံမကုန်ပဲပြန်ဆုံတွေ့ခဲ့ရင်တောင်ဒီတိုင်းပဲကျော်သွားကြရအောင် ငါတို့ရေစက်တွေကရပ်တန့်သွားပြီမို့လို့ ဒါပေမဲ့နောင်ဘဝဆိုတာရှိခဲ့လို့ပြန်ဆုံဖြစ်ခဲ့ရင်လေ မင်းရဲ့ပထမဆုံးအရာတွေအားလုံးပိုင်ဆိုင်ရတဲ့လူတော့ဖြစ်ချင်မိတယ် ဒါငါ့ရဲ့မင်းအပေါ်နောက်ဆုံးထားမိတဲ့အတ္တလေးတစ်ခုပါပဲ
ကင်မ်ဆောနူ