__________________________________________
"ခင်သိန်းရေ..ကျုပ်ကိုမုန့်လက်သုပ်တစ်ပွဲကျွေးတော်။ချဥ်ငံစပ်လေး"ဆိုင်ရှေ့စားပွဲဝိုင်းလေးဆီဝင်ထိုင်ရင်း အရီးဆွေပြောလာခဲ့လေသည်။အမေမရှိတာသတိထားမိပုံမပေါ်တာကြောင့်သက်ထားနွယ်ပြုံးမိရင်း အရီးဆွေပြောသည့်တိုင်းမုန့်လက်သုပ်(မုန့်ဖက်သုပ်အညာခေါ်မုန့်လက်သုပ်)ကိုချဥ်ငံစပ်လေးသုပ်ပြီးအရီးဆွေရှိရာဆီယူလာခဲ့လိုက်လေသည်။
"ရပါပြီအရီးဆွေ"
"အို..!သက်ထားလေးပဲ ညည်းအမေမရှိဘူးလားတော့"
သက်ထား အရီးဆွေဘေးဝင်ထိုင်ရင်း။
"မရှိဘူးအရီးဆွေရဲ့!မနက်ဆွမ်းချိုင့်ပို့ရက်မလို့အမဲနှပ်ပြန်နှပ်နေလို့"
"အိုအေ..!အရီးလည်းပိုက်ဆံတွက်ပေးနေရတာနဲ့သတိမထားမိပါဘူးအေ။နက်ဖြန် လုပ်သားတွေကိုလုပ်အားခကပေးရတော့မှာကို ခုတစ်ယောက်စနှစ်ယောက်စကဟိုနည်းနည်းဒီနည်းနည်းထုတ်သွားတော့ပြန်တွက်ကြည့်နေရတယ်ကွယ်"
သက်ထားပြုံးရင်းခေါင်းညိမ့်မိပါသည်။အရီးဆွေကတောင်သူဖြစ်တာကြောင့်ဒီရာသီကာလကနှမ်းမြေမဲရုတ်သိမ်းချိန်ဖြစ်တာကြောင့်နှမ်းကောမြေပဲကောသိမ်းနေကျပြီမလို့အလုပ်ရှုပ်နေတာတော့အမှန်။
"ကောင်းလိုက်တာအေ!ခင်သိန်းလက်ရာတိုင်းပဲ"
အရီးဆွေအပြောကြောင့်သက်ထားသဘောကျစွာပြုံးမိလေသည်။အများစုကတော့သက်ထားလက်ရာကအမေ့လက်ရာကိုမှီတယ်လို့ပြောကျသည်။အဲ့တာကြောင့်လည်းအမေမရှိတဲ့အခါမျိုးမှာဆိုလည်း သက်ထားရှိနေတာမလို့ဆိုင်လူတော့မပြတ်လှပေ။
စုံတောမြိုင်(ရွာ)မှာမုန့်ဟင်းခါး မုန့်လက်သုပ်ဆိုင်ကသက်ထားတို့ဆိုင်တစ်ဆိုင်ပဲရှိတာဖြစ်သလို စုံတောမြိုင်မှရွာသားများအမြင်ဘေးရွာတွေကပါ သက်ထားတို့ဆိုင်ကိုတကူးတကလာစားကျတာဝယ်ကျတာနဲ့ဆိုတော့ စုံတောမြိုင် အနီးတဝိုက်နည်းနည်းနာမည်ရှ်ိဆိုင်လေးလို့ပြောလို့ရလောက်မည်။
အရင်ကတော့အိမ်ဝိုင်း(ခြံ)ရှေ့လေးမှာတဲလေးထိုးရောင်းခဲ့ပေမဲ့တစ်စတစ်စနဲ့နာမည်လေးရလာတော့တခြားရွာလူတွေပါရွာထဲအဝင်ထွက်များပြီး တခုခုဆိုကိုယ်တွေသားအမိကစလို့ဆိုတာမျိုးဖြစ်မှာကြောင့်နဲ့သက်ထားတို့ဆိုင်လေးကိုရွာထိပ်နားမှာလာဖွင့်ဖြစ်ခဲ့တာပင်။
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"