part-2

1.1K 27 0
                                    


__________________________________________
"သုတ မေမေတို့ကော"

ထိုက်တစ်ယောက်အိမ်အောက်ရောက်ထဲကအမေတို့အဖေတို့လူရိပ်လူခြေကိုမတွေ့ရတာကြောင့် မလှမ်းမကမ်းမှာဘာလုပ်နေမှန်းမသ်ိတဲ့သုတကိုလှမ်းမေးလိုက်လေသည်။

"ဘုန်းကြီးကျောင်းသွားပြီထိုက်ရ!အမေတို့နဲ့သွားကျတာ ဘုန်းဘုန်းကြီးနဲ့စကားပြောကျမလို့ဆိုလားလေ။အဲ့စားပွဲပေါ်မှာမင်းတွက်ကော်ဖီဖျော်ထားတယ်ထိုက် "

ထိုက်စံသွေးဘာမှဆက်မပြောတော့ပဲ သုတပြောတဲ့စားပွဲနားကပ်ပြီးအုပ်စောင်းကိုဖွင့်ကြည့်လိုက်လေသည်။ကော်ဖီတစ်ခွက်ဖျော်ထားသည့်အပြင် တ​ခြားစားစရာတွေပါရှိပေမဲ့ မနက်ဆိုကော်ဖီတစ်ခွက်ပဲသောက်တတ်သူအဖို့ တခြားအစာတွေကိုကိုင်ပင်မကြည့်ခဲ့ပေ။

"ထိုက်..!မမထားတို့အိမ်သွားမလို့ လိုက်မလား"

သုတကသူယူလာတဲ့မုန့်ထုပ်တချို့ကိုစားပွဲပေါ်တင်ရင်းမေးလာခဲ့လေသည်။

"မမထား..!ဟိုပန်းခင်းကြီးနဲ့အိမ်လား"

သုတကခေါင်းညိမ့်ပြသည်။

"လိုက်မယ် အဲ့ပန်းခင်းကြီးကိုအနီးကပ်ကြည့်ချင်လို့!ဒါတွေက"

ထိုက်ကမုန့်ထုပ်တွေကိုမေးငေါ့ပြ၏။

"အော်..ဒါမမထားနဲ့အရီးသိန်းတွက်လက်ဆောင်နေနဲ့ပေးမိူ့ပါကွာ။ဘာလက်ဆောင်မှမပါရင်မမထားစိတ်ဆိုးမှာဆိုးလို့"

"အင်း မမထားဆိုတဲ့သူနဲ့မင်းတို့နဲ့ကျဘာတော်တာလဲ"

"မောင်နှမဝမ်းကွဲပေါ့!မမထားအမေနဲ့ငါ့အမေကနှစ်ဝမ်းကွဲညီအစ်မတွေလေ"

ထိုက်တစ်ယောက်ခေါင်းသာညိမ့်ပြလိုက်သည်။သုတနဲ့မောင်နှမတော်စပ်သည်တဲ့။ဘာကြောင့်ရယ်မသိမမထားဆိုတဲ့အမျိုးသမီးကိုတွေ့ဖူးချင်သည့်စိတ်တို့ဖြစ်ပေါ်နေသလိုပဲ။

"ထိုက်..!ဒါခဏကိုင်ထားပေး။အိမ်သော့ပိတ်အုံးမယ်"

ကမ်းပေးသည့်မုန့်ထုပ်တွေကိုထိုက်စံသွေးယူပေးလိုက်လေသည်။နောက် သုတကအိမ်တံခါးမကြီးကိုသော့ပိတ်ပြီးဘေးကပန်းအိုးထဲသော့တံသိမ်းတာတွေ့ရလေသည်။

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now