__________________________________________
မမထားကစက်ချုပ်ဆိုင်အိမ်သွားတယ်ဆိုသောကြောင့် သုတကိုအဲ့ဒီအိမ်ဆိုင်ကိုလိုက်ပို့ဖို့ပူဆာလိုက်လေသည်မို့ ယခုတွင်ထိုက်နဲ့သုတတို့နှစ်ယောက်ရွာတောင်ပိုင်းမှ မစုရည်တို့အိမ်ရှိရာဆီထွက်လာခဲ့ကျလေသည်။"ထိုက်..!အလှူပြီးလို့ငါဦးဇင်းဝတ်ပြီးရင်ပြန်မှရမယ်ထင်တယ်နော်"
သုတအပြောကြောင့် တောင်ကြည့်မြောက်ကြည့်နဲ့သွားနေသည့်ထိုက်ကသုတဘက်လှည့်ကြည့်လာခဲ့လေသည်။ပြီးတော့ သုတစကားကိုသူပြန်တွေးတောနေပုံရ၏။
"အင်း မင်းဦးဇင်းဝတ်တာ ကြာကြာဝတ်ပေါ့!မပြန်ခင်မမထားဆီကအချစ်ကိုရအောင်ကြိုးစားမယ်ကွာ အဲ့တာမှပြန်ရင်ဖြေသာမယ်ထင်တယ်"
"အဟွန်း..!အေးပါ ကြုိးစားပေါ့။ဒါပေမဲ့ မမထားကမင်းပုံစံကိုမကြိုက်လောက်ဘူးကွ သူ့အကြိုက်လည်းမဟုတ်ဘူး!ပြီးတော့ အရီးစီစဥ်ပေးတဲ့သူကိုပဲလက်ထပ်ဖြစ်ဖို့များလောက်တယ်မမထားက"
"မမထားအမေသဘောတူတဲ့သူမျိုးလား!မမထားအမေကဘယ်လိုလူမျိူးကိုသဘောတူတာလဲ"
"အင်း ဘယ်လိုဘယ်ညာတိတိကျကျမသိပါဘူးကွာ!ဒါပေမဲ့ မမထားကဒီရွာနားတစ်ဝိုက် နာမည်ကြီးတယ်လေ အေးအေးဆေးဆေးနေတတ်ပြီးတည်ငြိမ်လို့ ဘာအသံဘာညာမှလည်းမကြားရလို့ အဲ့တော့အရီးဆီကိုလာကမ်းလှမ်းကျတဲ့သားရှင်တွေလေးငါဆယ်ယောက်လောက်ရှိတယ် "
သုတအပြောကြောင့် ထိုက်မျက်မှောင်ကြီးကြုတ်ရင်း။
"ဒါဆိုမမထားကိုရဖို့ကမမထားအမေအမြင်ကြည်အောင်နေရမှာလား"
"အင်း နှစ်ယောက်လုံးလို့ထင်တာပဲ!မမထားကောအရီးကောနှစ်ယောက်လုံးသဘောကျတဲ့သူဖြစ်ရင်ပိုအဆင်ပြေတာပေါ့ကွာ"
သုတစကားအဆုံးထိုက်တစ်ယောက်နှုတ်ဆိတ်နေခဲ့လိုက်တော့သည်။
မမထားကောမမထားအမေကောကြည်ုဖူအောင်သဘောကျအောင်ဘယ်လိုနေပြရပါ့မလဲ။"သုတ!အဲ့အိမ်ကသိပ်မဝေးတော့ဘူးဆိုရင် ဒီနားကပဲစောင့်ကျမလား!သူများအ်ိမ်ဆိုတော့မမထားကိုအားနာစရာကောင်းတယ်"
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"