__________________________________________
"အမေ..!ဒါတွေက အိမ်အတွက်လား"စျေးလိုက်ပြန်လာသည့်အမေ့စျေးခြင်းထဲက မုန့်သြဇာချောင်းထုတ်များနဲ့သနပ်ခါးတုံးများကိုတွေ့ရသောကြောင့် ထားယူထုတ်လိုက်ရင်းမှမေးလိုက်လေသည်။
"မဟုတ်ပါဘူးကွယ် အရီးဆွေအိမ်ကဧည့်သည်တွေဒီညနေပြန်ကျမှာတဲ့လေ။အဲ့တာ အမေကအပြန်လက်ဆောင်ပေးမလို့ဝယ်လာခဲ့လိုက်တာ ခဏကြာ အမေနဲ့သွားပေးကျရအောင်"
"အော်..ဟုတ်ကဲ့အမေ!ဧည့်သည်တွေကဒီနေ့ပြန်မှာဆိုတော့ သုတကောပြန်လိုက်သွားမှာမလား"
"မသိပါဘူးသမီးရယ်!အရီးဆွေပြောပုံအရ မသေချာဘူး လိုက်ချင်လည်းလိုက်မယ်မလိုက်ချင်လည်းမလိုက်ဘူးတဲ့လေ။အဲ့ကောင်လေးကအမျိုးမျိုးရယ်"
အမေ့အပြောကြောင့်ထားခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်သာ လုပ်စရာရှိတာဆက်လုပ်နေလိုက်လေသည်။
သုတမပြန်သေးရင်တောင် ဟိုကောင်လေးကတော့ပြန်ရမှာအသေချာပဲမလား။ထားကောသူ့ကိုဘာလက်ဆောင်ပေးရပါ့မလဲ။ဒီမှာရှ်ိတဲ့လေးငါးရက်တွင်း ထားဆီကိုအမြဲလာပြီးကူညီပေးခဲ့တဲ့သူပဲဆိုတော့ လက်ဆောင်မပေးပဲနေရမှာအားနာစရာတော့ကောင်းနေသလိုပဲ။အင်း..!မမမိုးဆီကချည်ထည်လေးတွေသွားကြည့်လိုက်သင့်တယ်ထင်တယ်။
အတွေးတို့အဆုံး အမေ့ကိုကူစရာရှိတာကူပေးပြီးတာနဲ့ လေးအိမ်ကျော်လောက်မှာရှိတဲ့မမမိုးတို့ရက်က္ကန်းရုံကိုလာခဲ့လိုက်လေသည်။"မမမိုး!ထားချည်ထည်လေးတွေကြည့်ချင်လို့။သုတကိုလက်ဆောင်ပေးမလို့ အကျီ်ကောပုဆိုးကောပဲမမ"
ထားပြောတော့ မမမိုးက ထားကိုအိမ်ထဲခေါ်ပြီးစိတ်ကြိုက်ပြပေးလေသည်။ပုဆိုးတစ်ကွင်းဆီရယ် ချည်အကျိီ်တစ်ထည်ဆီရယ် ဝယ်ပေးမယ်တွေးထားပြီးသားမလို့အရောင်ရွေးရလေသည်။
သုတကတော့ အပြာရောင်ကြိုက်သည့်သူမို့သုတတွက်အပြာရောင်ယူလိုက်လေပေမဲ့ ဟိုကောင်လေးတွက်ကို ပြန်စဥ်းစားကြည့်ယူရသည်။
ပထမတွေ့တဲ့နေ့ကလည်းအနက်ရောင်နဲ့ နောက်ရက်လာတော့လည်းအနက်ရောင် နောက်ရက်ကျအဖြူရောင်ဝတ်တာဆိုတော့ အဲ့ဒီကောင်လေးအကြိုက်ကအဖြူနဲ့အနက်ဖြစ်ဖို့များသည်။ အနက်ဝတ်တာပိုတွေ့ရခဲ့တာကြောင့်နောက်ဆုံးအနက်ရောင်တစ်ထည်ကိုသာယူခဲ့လိုက်လေသည်။
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"